စာရာကလည်း “ငါရယ်ရသောအခွင့်ကို ဘုရားသခင်ပေးတော်မူပြီ။ ဤအကြောင်းကိုကြားသောသူအားလုံးတို့သည်လည်း ငါနှင့်အတူရယ်ကြလိမ့်မည်”ဟု ဆို၏။
ယောဘဝတ္တု။ 8:21 - မြန်မာ့စံမီသမ္မာကျမ်း သင့်နှုတ်ကို ရယ်မောခြင်းဖြင့်လည်းကောင်း၊ သင့်နှုတ်ခမ်းကို ဝမ်းမြောက်စွာကြွေးကြော်ခြင်းဖြင့်လည်းကောင်း ပြည့်ဝစေတော်မူမည်။ Common Language Bible ရယ်မောရသောအခွင့်၊ ရွှင်လန်းစွာ နှုတ်မြွက် ရသောအခွင့်ကို သင်၌ပေးကောင်းပေးတော်မူမည်။ Garrad Bible သင်၏ ခံ တွင်း ကို ရယ် မော ခြင်း နှင့်လည်း ကောင်း၊ နှုတ် ခမ်း ကို ကြွေး ကြော် ခြင်း နှင့်လည်း ကောင်း၊ ပြည့် ဝ စေ တော် မူ ဦး မည်။ Judson Bible ရယ်မောရသောအခွင့်၊ ရွှင်လန်းစွာ နှုတ်မြွက်ရသောအခွင့်ကို သင်၌ ပေးကောင်းပေးတော်မူမည်။ |
စာရာကလည်း “ငါရယ်ရသောအခွင့်ကို ဘုရားသခင်ပေးတော်မူပြီ။ ဤအကြောင်းကိုကြားသောသူအားလုံးတို့သည်လည်း ငါနှင့်အတူရယ်ကြလိမ့်မည်”ဟု ဆို၏။
ထိုနေ့တွင် သူတို့သည် ယဇ်ပူဇော်ပွဲကြီးကို ကျင်းပကြ၏။ ဘုရားသခင်သည် သူတို့အား အထူးဝမ်းမြောက်သောအခွင့်ကို ပေးတော်မူသဖြင့် သူတို့သည် အလွန်ဝမ်းမြောက်ကြ၏။ မိန်းမများနှင့် ကလေးသူငယ်များပါမကျန် ဝမ်းမြောက်ပျော်ရွှင်ကြ၏။ ဂျေရုဆလင်မြို့၏ဝမ်းမြောက်သံသည် အဝေးကပင် ကြားရလေ၏။
သို့သော် ‘ငါ့ကို ဖန်ဆင်းတော်မူသောဘုရားသခင်၊ ညအချိန်သီချင်းဆိုရသောအခွင့်ကို ပေးတော်မူသောအရှင်၊
ဖျက်ဆီးခြင်းဘေး၊ ငတ်မွတ်ခြင်းဘေးတို့ကို သင်လှောင်ရယ်ရလိမ့်မည်။ တောရိုင်းတိရစ္ဆာန်တို့ကိုလည်း သင်ကြောက်ရွံ့ရလိမ့်မည်မဟုတ်။
ထာဝရဘုရားသည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော ဇိအုန်သားတို့ကို ပြန်လာစေတော်မူသောအခါ ငါတို့သည် အိပ်မက်မက်နေသူကဲ့သို့ဖြစ်ကြ၏။
ထိုအခါ ငါတို့နှုတ်သည် ရယ်မောခြင်းနှင့်လည်းကောင်း၊ ငါတို့လျှာသည် ရွှင်လန်းစွာ ကြွေးကြော်ခြင်းနှင့်လည်းကောင်း ပြည့်ဝ၏။ လူတို့ကလည်း “ထာဝရဘုရားသည် သူတို့အတွက် ကြီးမြတ်သောအမှုကို ပြုတော်မူပြီ”ဟု တိုင်းနိုင်ငံတို့အလယ်တွင်ပြောဆိုကြ၏။
မျက်ရည်ကျလျက် ကြဲစရာမျိုးစေ့ကိုသယ်ဆောင်၍ ထွက်သွားသောသူသည် မိမိ၏ကောက်လှိုင်းများကိုသယ်ဆောင်၍ ရွှင်လန်းစွာကြွေးကြော်ခြင်းဖြင့် မုချပြန်လာလိမ့်မည်။
ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရား၌ဝမ်းမြောက်၍ရွှင်လန်းကြလော့။ စိတ်နှလုံးဖြောင့်မှန်သောသူအပေါင်းတို့၊ ရွှင်လန်းစွာကြွေးကြော်ကြလော့။
မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားထံသို့ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ ဟစ်ကြော်လျက်၊ ရွှင်လန်းစွာသီချင်းဆိုလျက် သီဆိုချီးမွမ်းကြလော့။
ယခုဆာလောင်နေသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဝပြောခြင်းသို့ရောက်ကြလိမ့်မည်။ ယခုငိုကြွေးနေသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ရယ်မောကြလိမ့်မည်။