အကျွန်ုပ်၏နေ့ရက်တို့သည် တိုတောင်းသည်မဟုတ်လော။ ရပ်တန့်တော်မူပါ။ တစ်ခဏလေးပျော်ရွှင်နိုင်ရန် အကျွန်ုပ်တစ်ယောက်တည်းနေပါရစေ။
ယောဘဝတ္တု။ 7:19 - မြန်မာ့စံမီသမ္မာကျမ်း မည်သည့်အချိန်အထိ အကျွန်ုပ်ထံမှ မျက်နှာတော်မလွှဲဘဲနေတော်မူမည်နည်း။ တံတွေးမျိုချချိန်မှာပင် အလွတ်မပေးဘဲနေပါသည်တကား။ Common Language Bible အဘယ်ကာလမှ ငါ့ကိုမကြည့်မရှု မျက်နှာ လွှဲတော်မူမည်နည်း။ ငါသည်ကိုယ်တံထွေးကို မျိုရသည် တိုင်အောင်၊ အဘယ်ကာလမှ တတ်တိုင်းရှိစေတော် မူမည်နည်း။ Garrad Bible အ ကျွန်ုပ် တံ တွေး ကို မျို ခိုက် မျက် နှာ တော် မ လွှဲ ဘဲ၊ မည် မျှ ကြာ မ လျစ် မ လျူ နေ တော် မူ မည် နည်း။ Judson Bible အဘယ်ကာလမှ ငါ့ကိုမကြည့်မရှု၊ မျက်နှာလွှဲတော်မူမည်နည်း။ ငါသည် ကိုယ်တံတွေးကို မျိုရသည်တိုင်အောင်၊ အဘယ်ကာလမှ တတ်တိုင်း ရှိစေတော်မူမည်နည်း။ |
အကျွန်ုပ်၏နေ့ရက်တို့သည် တိုတောင်းသည်မဟုတ်လော။ ရပ်တန့်တော်မူပါ။ တစ်ခဏလေးပျော်ရွှင်နိုင်ရန် အကျွန်ုပ်တစ်ယောက်တည်းနေပါရစေ။
သူရင်းငှားကဲ့သို့ သူသည် တစ်နေ့တာကုန်ဆုံးပြီးနောက် အနားယူအပန်းဖြေရမည့်အကြောင်း သူ့ထံမှမျက်နှာလွှဲ၍ တစ်ဦးတည်းနေစေတော်မူပါ။
ငါ့အား အသက်ရှူခွင့်ကိုပင်မပေးဘဲ ခါးသီးမှုများနှင့် ပြည့်စေတော်မူခဲ့ပြီ။
အကျွန်ုပ်ထွက်ခွာသွား၍ ပျောက်ကွယ်မသွားမီ အကျွန်ုပ်ရွှင်လန်းခြင်းရှိစေရန် အကျွန်ုပ်ထံမှ အကြည့်လွှဲတော်မူပါ။”
အကျွန်ုပ်၏စိတ်ဝိညာဉ်သည်လည်း အလွန်ထိတ်လန့်နေပါ၏။ အို ထာဝရဘုရား၊ မည်မျှကြာပါမည်နည်း။
ဆိုးယုတ်သောသူတို့သည် မည်မျှကြာအောင်၊ အို ထာဝရဘုရား၊ ဆိုးယုတ်သောသူတို့သည် မည်မျှကြာအောင် ရွှင်မြူးကြမည်နည်း။
ထိုသူတို့က “သန့်ရှင်း၍ ဖြောင့်မှန်တော်မူသောသခင်၊ အကျွန်ုပ်တို့၏သွေးအတွက် ကမ္ဘာမြေကြီးပေါ်မှာနေထိုင်သောသူတို့ကို တရားမစီရင်၊ လက်တုံ့လည်းမပြန်ဘဲ မည်မျှကြာအောင်နေတော်မူမည်နည်း”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ကြ၏။