လျှာသည် အစားအစာ၏အရသာကို ခံစားတတ်သကဲ့သို့ နားသည်လည်း စကားတို့ကို ဆန်းစစ်တတ်သည်မဟုတ်လော။
ယောဘဝတ္တု။ 6:6 - မြန်မာ့စံမီသမ္မာကျမ်း အရသာမရှိသောအစာကို ဆားမပါဘဲ စားနိုင်သလော။ ကြက်ဥအကာ၌ အရသာရှိသလော။ Common Language Bible မမြိန်သောအရာကို ဆားမပါဘဲ စားနိုင် သလော။ ကြက်ဥအကာသည် ဆိမ့်သောအရသာ ရှိသလော။ Garrad Bible အ ရ သာ မဲ့ အ စာ ကို ဆား မ ခတ် ဘဲ စား နိုင် သ လော။ အ ရွက် သက် သက် ဟင်း ရည် လည်း၊ မြိန် ရှက် ခြင်း ရှိ ပါ သ လော။ Judson Bible မမြိန်သောအရာကို ဆားမပါဘဲ စားနိုင်သလော။ ကြက်ဥအကာသည် ဆိမ့်သောအရသာ ရှိသလော။ |
လျှာသည် အစားအစာ၏အရသာကို ခံစားတတ်သကဲ့သို့ နားသည်လည်း စကားတို့ကို ဆန်းစစ်တတ်သည်မဟုတ်လော။
“ဤသို့သော အကြောင်းအရာကို ငါများစွာကြားဖူးခဲ့ပြီ။ ငါ့ကို နှစ်သိမ့်ပေးသောသင်တို့အားလုံးကို ငါစိတ်ပျက်လှ၏။
အကြောင်းမူကား နားသည် စကားတို့ကို ဆန်းစစ်တတ်သကဲ့သို့ လျှာသည် အစားအစာကို အရသာခံတတ်၏။
မှန်ကန်သောစကားသည် မည်မျှနာကျင်စေသနည်း။ သင်တို့ဆုံးမသောဆုံးမစကားမူကား မည်သို့နည်း။
ငါ့လျှာ၌ မတရားမှုရှိသလော။ ငါ့ခံတွင်းသည် ပျက်စီးခြင်းကို မသိဘဲနေလိမ့်မည်လော။
မြည်းရိုင်းသည် မြက်နုရှိလျက်နှင့် ဟီမည်လော။ နွားသည်လည်း အစာရှိလျက်နှင့် အော်မည်လော။
ကိုယ်တော်၏မိန့်တော်မူချက်သည် အကျွန်ုပ်၏လျှာ၌ ချိုမြလှပါ၏။ အကျွန်ုပ်၏ခံတွင်း၌ ပျားရည်ထက် ပို၍ချိုမြပါ၏။
ဘောဇဉ်ပူဇော်သက္ကာပြုလေတိုင်း ဆားခတ်ရမည်။ ထိုဘောဇဉ်ပူဇော်သက္ကာထဲ၌ ဘုရားသခင်၏ပဋိညာဉ်ဆားကို ခတ်ရန်မမေ့နှင့်။ သင်ပူဇော်သက္ကာပြုလေတိုင်း ဆားခတ်ရမည်။
သင်တို့သည် ကမ္ဘာမြေ၏ဆားဖြစ်ကြ၏။ သို့သော် ဆားသည် အငန်ဓာတ်ကင်းမဲ့သွားလျှင် ၎င်းကို မည်ကဲ့သို့ပြန်၍ငန်စေမည်နည်း။ မည်သည့်အရာအတွက်မျှ အသုံးမဝင်တော့သဖြင့် အပြင်သို့ပစ်လိုက်၍ လူတို့၏နင်းချေခြင်းခံရရုံသာရှိပေတော့မည်။
ဆားသည်ကောင်း၏။ သို့သော် ဆားသည် အငန်ဓာတ်ကင်းမဲ့သွားလျှင် ၎င်းကို မည်သည့်အရာဖြင့်အရသာပြန်ရှိစေမည်နည်း။
လူတစ်ဦးစီအား မည်သို့ပြန်ဖြေရမည်ကို သင်တို့သိရှိနိုင်ရန် သင်တို့၏စကားသည် ဆားဖြင့်အရသာရှိလျက် အစဉ်အမြဲတင့်တယ်ခြင်းရှိပါစေ။