ငါအသက်ရှင်ရသည်ကို ရွံမုန်းလှပြီ။ ငါ၏စိတ်ဒုက္ခကို ဖွင့်ချတော့မည်။ ငါ့စိတ်ထဲမှခါးသီးမှုကို ရင်ဖွင့်တော့မည်။
ယောဘဝတ္တု။ 6:26 - မြန်မာ့စံမီသမ္မာကျမ်း မျှော်လင့်ရာမဲ့သောဤလူ၏စကားမှာ လေသက်သက်သာဖြစ်သည်ဟု ထင်မှတ်၍ သင်တို့သည် ထိုစကားတို့ကို ပြစ်တင်ရှုတ်ချနေကြသလော။ Common Language Bible ငါစကားပြောရုံကာမျှကို အပြစ်တင်မည်ကြံစည်ကြသလော။ မြော်လင့်စရာမရှိသောသူ ပြောသော စကားသည် လေသက်သက်ဖြစ်၏။ Garrad Bible စိတ် ပျက် သူ၏ စ ကား များ သည် လေ သက် သက် ဖြစ် ပါ လျက်၊ ၎င်း စ ကား ကို ပင် ဆုံး မ မည့် ကြံ စည် ကြ သ လော။ Judson Bible ငါစကားပြောရုံကာမျှကို အပြစ်တင်မည် ကြံစည်ကြသလော။ မျှော်လင့်စရာမရှိသောသူ ပြောသောစကားသည် လေသက်သက်ဖြစ်၏။ |
ငါအသက်ရှင်ရသည်ကို ရွံမုန်းလှပြီ။ ငါ၏စိတ်ဒုက္ခကို ဖွင့်ချတော့မည်။ ငါ့စိတ်ထဲမှခါးသီးမှုကို ရင်ဖွင့်တော့မည်။
“ပညာရှိသောသူသည် အသိပညာမဲ့သောအချည်းနှီးစကားဖြင့် ပြန်ပြောသင့်သလော။ သူ၏ဝမ်းစာကို အရှေ့လေဖြင့် ဖြည့်သင့်သလော။
အဓိပ္ပာယ်မဲ့သောစကားများမှာ မပြီးဆုံးနိုင်သေးသလော။ မည်သည့်အရာက သင့်ကို နှိုးဆော်၍ ဤသို့ပြန်ပြောရသနည်း။
ယောဘက သူ့ဇနီးအား “သင်သည် မိန်းမမိုက်တစ်ယောက် ပြောတတ်သကဲ့သို့ ပြောပါသည်တကား။ ဘုရားသခင်ထံမှ အကောင်းကိုလက်ခံ၍ အဆိုးကို လက်မခံဘဲနေရမည်လော”ဟု ပြန်ပြော၏။ ယောဘသည် ဤသို့ကြုံတွေ့ရသော်လည်း မိမိနှုတ်ဖြင့်မျှ မပြစ်မှားဘဲနေ၏။
“ပညာမဲ့သောစကားများဖြင့် ငါ့အကြံအစည်ကို မှောင်မိုက်စေသော ဤသူကား မည်သူနည်း။
အကျွန်ုပ်သည် တစ်ကြိမ် နှစ်ကြိမ်မက ပြောဆိုမိပါပြီ။ ယခုမှာ နောက်ထပ်မပြောတော့ပါ”ဟု ပြန်လျှောက်၏။
သင်သည် ငါ၏စီရင်ထုံးဖွဲ့ချက်ကို ပယ်ဖျက်မည်လော။ သင့်ကိုယ်သင် ဖြောင့်မတ်ကြောင်းပြသရန် ငါ့ကို အပြစ်တင်မည်လော။
‘အသိဉာဏ်မရှိဘဲ အကြံအစည်တော်ကို မျက်ကွယ်ပြုသူကား မည်သူနည်း’ဟု ကိုယ်တော်မေးတော်မူပါ၏။ မှန်ပါ၏။ အကျွန်ုပ်နားမလည်သောအရာ၊ အကျွန်ုပ်အတွက် အံ့မခန်းဖြစ်သောအရာ၊ အကျွန်ုပ်မသိနိုင်သောအရာများကို ပြောဆိုမိပါပြီ။
ဤသို့ ထာဝရဘုရားသည် ယောဘနှင့်စကားပြောဆိုပြီးမှ ထာဝရဘုရားက တေမန်အမျိုးသား ဧလိဖတ်အား “သင်နှင့်သင့်မိတ်ဆွေနှစ်ဦးတို့သည် ငါ့အစေအပါးယောဘကဲ့သို့ ငါ့အကြောင်းကို မှန်မှန်ကန်ကန်မပြောသောကြောင့် သင်တို့ကို ငါအမျက်ထွက်၏။
မှန်ကန်သောစကားသည် မည်မျှနာကျင်စေသနည်း။ သင်တို့ဆုံးမသောဆုံးမစကားမူကား မည်သို့နည်း။
အကယ်စင်စစ် အနန္တတန်ခိုးရှင်ထံမှ မြားတို့သည် ငါ့ကိုယ်၌စိုက်ဝင်လျက်ရှိ၏။ ငါ့စိတ်ဝိညာဉ်သည် ထိုမြားတို့၏အဆိပ်ရည်ကို သောက်သုံးနေရ၏။ ဘုရားသခင်ထံမှ ကြောက်မက်ဖွယ်ရာတို့သည် ငါ့ရှေ့၌ တန်းစီလျက်ရှိ၏။
ဘုရားသခင်သည် ငါ့ကို အမှုန့်ချေပစ်ဖို့ရန် အလိုတော်ရှိပါစေသော။ လက်တော်ကိုဆန့်၍ ငါ့ကို ကွပ်မျက်ပါစေသော။
“မည်သည့်အချိန်ထိ ဤသို့ပြောနေဦးမည်နည်း။ သင့်နှုတ်ထွက်စကားများမှာ လေပြင်းကဲ့သို့ ဖြစ်ပါသည်တကား။
ဧဖရိမ်သည် လေကိုစား၏။ အရှေ့လေနောက်သို့ လိုက်၏။ သူတို့ပြုသောလိမ်လည်မှု၊ အကြမ်းဖက်မှုတို့သည် တစ်နေ့ထက်တစ်နေ့ များများလာ၏။ အဆီးရီးယားတို့နှင့် ပဋိညာဉ်ဖွဲ့လျက်နှင့်ပင် အီဂျစ်ပြည်သို့ ဆီကို ပို့ပေး၏။
အကြောင်းမူကား သင်ပြောသောစကားများအားဖြင့် သင်သည် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလိမ့်မည်။ သို့မဟုတ် သင်ပြောသောစကားများအားဖြင့် အပြစ်ရှိသည်ဟု သတ်မှတ်ခြင်းခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
ဤသို့ဖြင့် ငါတို့သည် လူတို့၏ကောက်ကျစ်စဉ်းလဲမှုနှင့် ပရိယာယ်ဖြင့်လှည့်ဖြားတတ်သည့်လျှို့ဝှက်အကြံအစည်တို့ကြောင့် ဖြစ်ပေါ်လာသည့်သြဝါဒလေအမျိုးမျိုး၌ လွင့်ပါ၍လူးလွန့်နေသော ကလေးသူငယ်များကဲ့သို့မဟုတ်တော့ဘဲ