သင်တို့နှုတ်ဆိတ်နေကြလော့။ နှုတ်ဆိတ်နေခြင်းကသာ သင်တို့ကို ပညာရှိရာရောက်စေလိမ့်မည်။
ယောဘဝတ္တု။ 6:25 - မြန်မာ့စံမီသမ္မာကျမ်း မှန်ကန်သောစကားသည် မည်မျှနာကျင်စေသနည်း။ သင်တို့ဆုံးမသောဆုံးမစကားမူကား မည်သို့နည်း။ Common Language Bible မှန်သောစကားသည် တန်ခိုးကြီး၏။ သင်တို့ ကဲ့ရဲ့သောစကားသည် အဘယ်မှာနေရာကျသနည်း။ Garrad Bible ဖြောင့် မှန် သော စ ကား များ သည်၊ ခက် ထန် လှ စွာ တ ကား။ သင် တို့ ဆုံး မ သည် မှာ၊ မည် သည့် အ ပြစ် ကြောင့် ဆုံး မ ကြ သ နည်း။ Judson Bible မှန်သောစကားသည် တန်ခိုးကြီး၏။ သင်တို့ ကဲ့ရဲ့သောစကားသည် အဘယ်မှာ နေရာကျသနည်း။ |
သင်တို့နှုတ်ဆိတ်နေကြလော့။ နှုတ်ဆိတ်နေခြင်းကသာ သင်တို့ကို ပညာရှိရာရောက်စေလိမ့်မည်။
သို့ဖြစ်၍ သင်တို့သည် အဓိပ္ပာယ်မရှိသောစကားများဖြင့် ငါ့ကို မည်သို့နှစ်သိမ့်ပေးနိုင်မည်နည်း။ သင်တို့ပြောသောစကားတို့သည် မုသားအဖြစ်သာ ကျန်ခဲ့သည်”ဟု ဆိုလေ၏။
သို့မဟုတ်လျှင် ငါလိမ်ပြောသည်ဟု မည်သူသက်သေပြမည်နည်း။ ငါ့စကားသည် အဓိပ္ပာယ်မရှိဟု မည်သူထောက်ပြမည်နည်း”ဟု ဆိုလေ၏။
ကြည့်ပါ။ သင်တို့အားလုံး ကိုယ်တိုင်မြင်လျက်နှင့် အဘယ်ကြောင့် အဓိပ္ပာယ်မရှိ အချည်းနှီးသောစကားတို့ကို ပြောဆိုကြသနည်း။
ယောဘကို ပြန်မချေပနိုင်ဘဲ အပြစ်ကိုသာတင်ကြသော ယောဘ၏မိတ်ဆွေသုံးယောက်ကိုလည်း အမျက်ထွက်လေ၏။
သင်၏စကားများသည် လဲကျနေသောသူကို ပြန်ထစေပြီ။ ညွတ်ကျသွားသောဒူးများကိုလည်း သန်မာစေပြီ။
ငါ့ကိုသွန်သင်ပါ။ ငါဆိတ်ဆိတ်နေပါမည်။ ငါမည်သည့်အမှားလုပ်မိသည်ကို ပြောပြကြပါ။
မျှော်လင့်ရာမဲ့သောဤလူ၏စကားမှာ လေသက်သက်သာဖြစ်သည်ဟု ထင်မှတ်၍ သင်တို့သည် ထိုစကားတို့ကို ပြစ်တင်ရှုတ်ချနေကြသလော။
ဓားနှင့်ထိုးသကဲ့သို့ မဆင်မခြင်ပြောဆိုတတ်သောသူရှိ၏။ ပညာရှိသောသူတို့၏စကားမူကား ဒဏ်ရာဒဏ်ချက်ကို ပျောက်ကင်းစေတတ်၏။
လူသည် မိမိနှုတ်၏တုံ့ပြန်စကားအားဖြင့် ဝမ်းမြောက်ခြင်းကိုခံစားရ၏။ သင့်လျော်သောအချိန်၌ ပြောဆိုသောစကားသည်လည်း ကောင်းမြတ်လှပေ၏။
သေခြင်းနှင့်အသက်ရှင်ခြင်းသည် လျှာ၏တန်ခိုးအောက်၌ရှိသည်ဖြစ်၍ လျှာကိုချစ်ခင်သောသူသည် ၎င်း၏အသီးကိုစားရလိမ့်မည်။
သင့်လျော်သောအချိန်၌ ပြောဆိုသောစကားသည် အပြောက်အမွမ်းခြယ်မှုန်းထားသောငွေထည်ပေါ်မှ ရွှေပန်းသီးများနှင့်တူ၏။