Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 6:24 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 ငါ့​ကို​သွန်သင်​ပါ​။ ငါ​ဆိတ်ဆိတ်​နေ​ပါ​မည်​။ ငါ​မည်သည့်​အမှားလုပ်​မိ​သည်​ကို ပြောပြ​ကြ​ပါ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 ငါ့ကိုဆုံးမကြပါ။ တိတ်ဆိတ်လျက်နေပါမည်။ ငါမှားသောအရာကို ငါ့အားဘော်ပြကြပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 ညွှန် ပြ လော့။ ငါ ဆိတ် ဆိတ် နေ ပါ မည်။ မည် သို့ လမ်း လွှဲ သည် ကို လည်း၊ နား လည် စေ ပါ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 ငါ့​ကို ဆုံး​မ​ကြ​ပါ။ တိတ်​ဆိတ်​လျက်​နေ​ပါ​မည်။ ငါ​မှား​သော​အ​ရာ​ကို ငါ့​အား​ဖော်​ပြ​ကြ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 6:24
17 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် ဘုရားသခင်​အား ‘​အကျွန်ုပ်​ကို အပြစ်ရှိ​သည်​ဟု မ​စီရင်​ပါ​နှင့်​။ အဘယ်ကြောင့် အကျွန်ုပ်​အား စွဲချက်တင်​တော်မူ​သည်​ကို အကျွန်ုပ်​အား မိန့်ဆို​တော်မူ​ပါ​။


အကျွန်ုပ်​၏​ဒုစရိုက်​အပြစ်​တို့​သည် အဘယ်မျှလောက်​များ​ပါ​သနည်း​။ အကျွန်ုပ်​ကျူးလွန်​သော​အမှု​နှင့် အကျွန်ုပ်​၏​အပြစ်​တို့​ကို အကျွန်ုပ်​အား သိ​စေ​တော်မူ​ပါ​။


ကြည့်​ပါ​။ သင်​တို့​ပြော​မည့်​စကား​ကို အကျွန်ုပ်​စောင့်မျှော်​နေ​ခဲ့​၏​။ သင်​တို့​ပြန်ပြော​ရ​မည့်​စကား​ကို​ရှာကြံ​နေစဉ် သင်​တို့​၏​အကျိုးသင့်​အကြောင်းသင့်​စကား​ကို အကျွန်ုပ်​နားစွင့်​နေ​ခဲ့​၏​။


သို့ဖြစ်၍ အို ယောဘ​၊ ယခု အကျွန်ုပ်​ပြော​မည့်​စကား​ကို နားထောင်​ပါ​လော့​။ အကျွန်ုပ်​ပြော​သမျှ​ကို အာရုံစိုက်​ပါ​လော့​။


အကျွန်ုပ်​မ​မြင်​သော​အရာ​ကို သွန်သင်ပြသ​ပါ​။ အမှား​လုပ်​မိ​လျှင်လည်း နောက်​မ​လုပ်​တော့​ပါ​’​ဟု ဆို​ပါ​လိမ့်မည်​လော​။


ဤသည်ကား ငါ​တို့​ရှာဖွေ​သိရှိ​သော​အရာ​ဖြစ်​၏​။ ဤ​အမှန်တရား​ကို သင်​နာယူ​သိမှတ်​ပါ​လော့​”​ဟု ဆို​လေ​၏​။


‘ရန်သူ့​လက်​မှ ငါ့​ကို​ကယ်တင်​ကြ​ပါ​။ ကြမ်းကြုတ်​သူ​တို့​လက်​မှ ငါ့​ကို​ရွေးနုတ်​ကြ​ပါ’​ဟု တောင်းဆို​ဖူး​သလော​။


မှန်ကန်​သော​စကား​သည် မည်မျှ​နာကျင်​စေ​သနည်း​။ သင်​တို့​ဆုံးမ​သော​ဆုံးမစကား​မူကား မည်သို့​နည်း​။


မည်သူ​သည် မိမိ​၏​အမှား​များ​ကို သိနားလည်​နိုင်​ပါ​သနည်း​။ ကွယ်ဝှက်​နေ​သော​အပြစ်​များ​နှင့် အကျွန်ုပ်​ကို​ကင်းလွတ်​စေ​တော်မူ​ပါ​။


ငါ​သည် သင့်​ကို​ပညာသတိ​ရှိ​စေ​၍ သင်​သွား​ရ​မည့်​လမ်း​ကို​သွန်သင်ပြသ​မည်​။ သင့်​ကို​ကြည့်ရှု​လျက် အကြံပေး​မည်​။


ပညာရှိ​၏​အဆုံးအမ​သည် နားထောင်​တတ်​သော​သူ​၏​နား​အတွက် ရွှေ​နားကွင်း​၊ သို့မဟုတ် ရွှေစင်​ဖြင့်​ပြုလုပ်​ထား​သော​အဆင်တန်ဆာ​ဖြစ်​၏​။


ပညာရှိ​သော​သူ​အား ပညာ​ကို​ပေး​လော့​။ သို့ပြုလျှင် သူ​သည် ပို၍​ပညာရှိ​လာ​လိမ့်မည်​။ ဖြောင့်မတ်​သော​သူ​ကို သွန်သင်​လော့​။ သို့ပြုလျှင် သူ​သည် ပညာ​တိုးပွား​လိမ့်မည်​။


ငါ​ချစ်​သော​ညီအစ်ကို​တို့၊ ဤ​အချက်​ကို သိမှတ်​ကြ​လော့။ လူ​တိုင်း​သည် ကြားနာ​ခြင်း​အရာ​၌ လျင်မြန်​၍ စကား​ပြော​ခြင်း​နှင့်​အမျက်ထွက်​ခြင်း​အရာ​တို့​၌ နှေးကွေး​ကြ​စေ။


အကြောင်းမူကား ငါ​တို့​ရှိသမျှ​သည် များစွာ​မှားယွင်း​တတ်​ကြ​၏။ မည်သူမဆို စကား​ပြော​ခြင်း​အရာ​၌ မှားယွင်း​ခြင်း​မ​ရှိ​လျှင် ထို​သူ​သည် မိမိ​ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို​လည်း​ချုပ်တည်း​နိုင်​သည့် စုံလင်​သော​သူ​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ