ငါသည် ဘုရားသခင်အား ‘အကျွန်ုပ်ကို အပြစ်ရှိသည်ဟု မစီရင်ပါနှင့်။ အဘယ်ကြောင့် အကျွန်ုပ်အား စွဲချက်တင်တော်မူသည်ကို အကျွန်ုပ်အား မိန့်ဆိုတော်မူပါ။
ယောဘဝတ္တု။ 6:24 - မြန်မာ့စံမီသမ္မာကျမ်း ငါ့ကိုသွန်သင်ပါ။ ငါဆိတ်ဆိတ်နေပါမည်။ ငါမည်သည့်အမှားလုပ်မိသည်ကို ပြောပြကြပါ။ Common Language Bible ငါ့ကိုဆုံးမကြပါ။ တိတ်ဆိတ်လျက်နေပါမည်။ ငါမှားသောအရာကို ငါ့အားဘော်ပြကြပါ။ Garrad Bible ညွှန် ပြ လော့။ ငါ ဆိတ် ဆိတ် နေ ပါ မည်။ မည် သို့ လမ်း လွှဲ သည် ကို လည်း၊ နား လည် စေ ပါ လော့။ Judson Bible ငါ့ကို ဆုံးမကြပါ။ တိတ်ဆိတ်လျက်နေပါမည်။ ငါမှားသောအရာကို ငါ့အားဖော်ပြကြပါ။ |
ငါသည် ဘုရားသခင်အား ‘အကျွန်ုပ်ကို အပြစ်ရှိသည်ဟု မစီရင်ပါနှင့်။ အဘယ်ကြောင့် အကျွန်ုပ်အား စွဲချက်တင်တော်မူသည်ကို အကျွန်ုပ်အား မိန့်ဆိုတော်မူပါ။
အကျွန်ုပ်၏ဒုစရိုက်အပြစ်တို့သည် အဘယ်မျှလောက်များပါသနည်း။ အကျွန်ုပ်ကျူးလွန်သောအမှုနှင့် အကျွန်ုပ်၏အပြစ်တို့ကို အကျွန်ုပ်အား သိစေတော်မူပါ။
ကြည့်ပါ။ သင်တို့ပြောမည့်စကားကို အကျွန်ုပ်စောင့်မျှော်နေခဲ့၏။ သင်တို့ပြန်ပြောရမည့်စကားကိုရှာကြံနေစဉ် သင်တို့၏အကျိုးသင့်အကြောင်းသင့်စကားကို အကျွန်ုပ်နားစွင့်နေခဲ့၏။
သို့ဖြစ်၍ အို ယောဘ၊ ယခု အကျွန်ုပ်ပြောမည့်စကားကို နားထောင်ပါလော့။ အကျွန်ုပ်ပြောသမျှကို အာရုံစိုက်ပါလော့။
အကျွန်ုပ်မမြင်သောအရာကို သွန်သင်ပြသပါ။ အမှားလုပ်မိလျှင်လည်း နောက်မလုပ်တော့ပါ’ဟု ဆိုပါလိမ့်မည်လော။
ဤသည်ကား ငါတို့ရှာဖွေသိရှိသောအရာဖြစ်၏။ ဤအမှန်တရားကို သင်နာယူသိမှတ်ပါလော့”ဟု ဆိုလေ၏။
‘ရန်သူ့လက်မှ ငါ့ကိုကယ်တင်ကြပါ။ ကြမ်းကြုတ်သူတို့လက်မှ ငါ့ကိုရွေးနုတ်ကြပါ’ဟု တောင်းဆိုဖူးသလော။
မှန်ကန်သောစကားသည် မည်မျှနာကျင်စေသနည်း။ သင်တို့ဆုံးမသောဆုံးမစကားမူကား မည်သို့နည်း။
မည်သူသည် မိမိ၏အမှားများကို သိနားလည်နိုင်ပါသနည်း။ ကွယ်ဝှက်နေသောအပြစ်များနှင့် အကျွန်ုပ်ကိုကင်းလွတ်စေတော်မူပါ။
ငါသည် သင့်ကိုပညာသတိရှိစေ၍ သင်သွားရမည့်လမ်းကိုသွန်သင်ပြသမည်။ သင့်ကိုကြည့်ရှုလျက် အကြံပေးမည်။
ပညာရှိ၏အဆုံးအမသည် နားထောင်တတ်သောသူ၏နားအတွက် ရွှေနားကွင်း၊ သို့မဟုတ် ရွှေစင်ဖြင့်ပြုလုပ်ထားသောအဆင်တန်ဆာဖြစ်၏။
ပညာရှိသောသူအား ပညာကိုပေးလော့။ သို့ပြုလျှင် သူသည် ပို၍ပညာရှိလာလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လော့။ သို့ပြုလျှင် သူသည် ပညာတိုးပွားလိမ့်မည်။
ငါချစ်သောညီအစ်ကိုတို့၊ ဤအချက်ကို သိမှတ်ကြလော့။ လူတိုင်းသည် ကြားနာခြင်းအရာ၌ လျင်မြန်၍ စကားပြောခြင်းနှင့်အမျက်ထွက်ခြင်းအရာတို့၌ နှေးကွေးကြစေ။
အကြောင်းမူကား ငါတို့ရှိသမျှသည် များစွာမှားယွင်းတတ်ကြ၏။ မည်သူမဆို စကားပြောခြင်းအရာ၌ မှားယွင်းခြင်းမရှိလျှင် ထိုသူသည် မိမိကိုယ်ခန္ဓာတစ်ခုလုံးကိုလည်းချုပ်တည်းနိုင်သည့် စုံလင်သောသူဖြစ်၏။