ဝံပုလွေနှင့်သိုးကလေးတို့ အတူအစာစားကြမည်။ ခြင်္သေ့သည် နွားကဲ့သို့ ကောက်ရိုးကိုစားမည်။ မြွေသည် မြေမှုန့်ကိုစားမည်။ ငါ၏သန့်ရှင်းသောတောင်တစ်တောင်လုံးကို ထိခိုက်ဖျက်ဆီးကြမည်မဟုတ်”ဟု မိန့်တော်မူ၏။
ယောဘဝတ္တု။ 5:23 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ကွင်းပြင်၌ရှိသောကျောက်တုံးများသည် သင်နှင့်မိတ်ဖွဲ့ကြလိမ့်မည်။ တောရိုင်းတိရစ္ဆာန်တို့သည် သင်နှင့်သင့်မြတ်ကြလိမ့်မည်။ Common Language Bible အကြောင်းမူကား၊ လယ်၌ကျောက်ခဲတို့သည် သင်နှင့်ပဋိညာဉ်ပြု၍ တောသားရဲတို့သည် သင်နှင့် မိဿဟာယဖွဲ့ကြလိမ့်မည်။ Garrad Bible အ ဘယ့် ကြောင့် ဆို သော်၊ လယ် ရှိ ကျောက် များ နှင့် မိတ် ဖွဲ့၍၊ မြေ သ တ္တ ဝါ များ နှင့်၊ အ တူ တ ကွ သင့် တင့် ရ လိမ့် မည်။ Judson Bible အကြောင်းမူကား၊ လယ်၌ကျောက်ခဲတို့သည် သင်နှင့်ပဋိညာဉ်ပြု၍ တောသားရဲတို့သည် သင်နှင့် မိတ်သဟာယဖွဲ့ကြလိမ့်မည်။ |
ဝံပုလွေနှင့်သိုးကလေးတို့ အတူအစာစားကြမည်။ ခြင်္သေ့သည် နွားကဲ့သို့ ကောက်ရိုးကိုစားမည်။ မြွေသည် မြေမှုန့်ကိုစားမည်။ ငါ၏သန့်ရှင်းသောတောင်တစ်တောင်လုံးကို ထိခိုက်ဖျက်ဆီးကြမည်မဟုတ်”ဟု မိန့်တော်မူ၏။
ထို့ပြင် သူတို့နှင့် ငြိမ်သက်ခြင်းပဋိညာဉ်ကို ဖွဲ့မည်။ ထိုပြည်ရှိ သားရဲတိရစ္ဆာန်တို့ကို ဖယ်ရှားမည်။ သူတို့သည် တောကန္တာရထဲတွင် ဘေးကင်းလုံခြုံစွာနေရမည်။ တောအုပ်ထဲတွင် အိပ်ရလိမ့်မည်။
တောထဲရှိအပင်တို့သည် အသီးသီးလိမ့်မည်။ မြေကြီးသည် အသီးအနှံကို ဖြစ်ထွန်းစေမည်။ သူတို့သည် နေရင်းပြည်တွင် ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။ သူတို့ထမ်းထားရသောထမ်းပိုးကိုချိုး၍ သူတို့အားကျွန်ပြုသောသူတို့လက်မှ သူတို့ကို ကယ်နုတ်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။
အကျွန်ုပ်၏ဘုရားသခင်သည် ကောင်းကင်တမန်ကိုစေလွှတ်၍ ခြင်္သေ့တို့၏နှုတ်ကိုပိတ်ထားသဖြင့် ခြင်္သေ့တို့သည် အကျွန်ုပ်ကို အန္တရာယ်မပြုပါ။ အကျွန်ုပ်သည် ဘုရားသခင်ရှေ့တော်၌ အပြစ်ကင်းကြောင်း ထင်ရှားပါ၏။ အရှင်မင်းကြီးရှေ့တွင်လည်း မည်သည့်ပြစ်မှုမျှ မကျူးလွန်ခဲ့ပါ”ဟု ပြန်လျှောက်လေ၏။
ထိုနေ့ရက်တွင် သူတို့ကို တောရိုင်းတိရစ္ဆာန်များ၊ မိုးကောင်းကင်ငှက်များ၊ မြေပေါ်ရှိတွားသွားသောသတ္တဝါများနှင့် ပဋိညာဉ်ဖွဲ့စေမည်။ လေး၊ ဓား၊ စစ်ပွဲတို့ကို မြေပေါ်မှဖယ်ရှားမည်။ သူတို့သည် ဘေးကင်းလုံခြုံစွာအိပ်စက်ခွင့်ရလိမ့်မည်။
ငါသည် ထိုပြည်၌ ငြိမ်းချမ်းမှုရှိစေသဖြင့် သင်တို့အိပ်သောအခါ မည်သူမျှ သင်တို့ကို ကြောက်ရွံ့တုန်လှုပ်အောင် လုပ်လိမ့်မည်မဟုတ်။ ငါသည် ဘေးအန္တရာယ်ပေးတတ်သော တောရိုင်းတိရစ္ဆာန်တို့ကို ထိုပြည်ထဲမှ ဖယ်ရှားမည်။ သင်တို့ပြည်သည် ဓားဘေးနှင့် ကြုံတွေ့ရလိမ့်မည်မဟုတ်။