သင်၏ကြည်ညိုကိုင်းရှိုင်းခြင်းသည် သင်၏ယုံကြည်အားထားရာ မဟုတ်လော။ တည်ကြည်စွာ ပြုမူကျင့်ကြံခြင်းသည် သင်၏မျှော်လင့်ရာ မဟုတ်လော။
သင်၏ရိုသေသောသဘော၊ ယုံကြည်ကိုးစားသောသဘော၊ မြော်လင့်သောသဘော၊ တည်ကြည်သော သဘော၊ တရားသဖြင့် ကျင့်တတ်သောသဘောသည် အဘယ်မှာရှိသနည်း။
သင်၏ ရို သေ ခန့် ညား ခြင်း သည်၊ သင် စိတ် ချ ရာ စိတ် ချ ကြောင်း၊ အ လေ့ အ လာ စုံ လင် ခြင်း လည်း၊ သင့် မျှော် လင့် ရာ မျှော် လင့် ကြောင်း ဖြစ် သည် မ ဟုတ် တုံ လော။
သင်၏ ရိုသေသောသဘော၊ ယုံကြည်ကိုးစားသောသဘော၊ မျှော်လင့်သောသဘော၊ တည်ကြည်သောသဘော၊ တရားသဖြင့် ကျင့်တတ်သောသဘောသည် အဘယ်မှာရှိသနည်း။
“အို ထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ စိတ်နှလုံးအကြွင်းမဲ့ သစ္စာရှိရှိအသက်ရှင်လျှောက်လှမ်းခဲ့သည်ကိုလည်းကောင်း၊ ရှေ့တော်၌ ကောင်းသောအမှု ပြုခဲ့သည်ကိုလည်းကောင်း အောက်မေ့တော်မူပါ”ဟု ထာဝရဘုရားထံ ဆုတောင်းပြီး ခါးသီးစွာအော်ဟစ်ငိုကြွေးလေ၏။
ဥဇပြည်တွင် ယောဘအမည်ရှိသောလူတစ်ယောက်ရှိ၏။ သူသည် အပြစ်တင်စရာမရှိ၊ ဖြောင့်မှန်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူ၊ မကောင်းမှုကို ရှောင်ကြဉ်သောသူ ဖြစ်၏။
ငါ့ကို ကွပ်မျက်တော်မူမည်ဆိုလျှင်ပင် ကိုယ်တော့်ကို ငါမျှော်လင့်နေဦးမည်။ ငါ့အမှုကို မျက်မှောက်တော်၌ လျှောက်လဲမည်။
သို့သော်လည်း ငါသည် မတရားမှုကိုမပြု။ ငါ၏ဆုတောင်းခြင်းသည်လည်း သန့်ရှင်းပါ၏။
ငါ၏မျှော်လင့်ခြင်းကား အဘယ်မှာနည်း။ ငါ၏မျှော်လင့်ခြင်းကို အဘယ်သူမြင်ရမည်နည်း။
အို ထာဝရဘုရား၊ အကျွန်ုပ်၌အပြစ်မရှိကြောင်း စီရင်တော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် တည်ကြည်စွာလျှောက်လှမ်း၍ ယိမ်းယိုင်ခြင်းမရှိဘဲ ထာဝရဘုရားကို ယုံကြည်ကိုးစားပါ၏။
တပ်တစ်တပ်သည် ငါ့တစ်ဖက်၌စခန်းချထားလျှင်လည်း ငါ့စိတ်နှလုံးသည်ကြောက်လိမ့်မည်မဟုတ်။ ငါ့ကိုတိုက်ခိုက်သည့်စစ်ပွဲဖြစ်ပွားလျှင်လည်း ထိုစစ်ပွဲတွင် ငါရဲရင့်တည်ကြည်လိမ့်မည်။
ထာဝရဘုရားကိုကြောက်ရွံ့သောသူ၌ တန်ခိုးကြီးသောကိုးစားရာရှိ၍ ၎င်းသည် သူ၏သားသမီးတို့အတွက် ခိုလှုံရာဖြစ်လိမ့်မည်။
အကြောင်းမူကား ထာဝရဘုရားသည် သင်ယုံကြည်အားထားရာဖြစ်၍ သင်၏ခြေကို ကျော့ကွင်း၌မမိစေရန် စောင့်ထိန်းတော်မူလိမ့်မည်။
ကိုယ်တော်သည် သင်အသက်ရှင်သည့်ကာလတွင် တည်ငြိမ်ခြင်း၊ ကယ်တင်ခြင်းစည်းစိမ်၊ ဉာဏ်ပညာ၊ အသိပညာဖြစ်တော်မူမည်။ ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် သင်၏ဘဏ္ဍာ ဖြစ်လိမ့်မည်။
သို့ဖြစ်၍ သင်တို့၏စိတ်နှလုံးကို အသင့်ပြင်ဆင်ထားလျက် သမ္မာသတိရှိကြလော့။ ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသောအခါ သင်တို့ထံသို့ သက်ရောက်လာမည့်ကျေးဇူးတော်ကို အပြည့်အဝမျှော်လင့်ကြလော့။
သင်တို့သည် လူတို့အား မျက်နှာလိုက်ခြင်းမရှိဘဲ တစ်ဦးစီတို့ပြုသောအမှုအတိုင်း တရားစီရင်တော်မူသောအရှင်ကို အဖဟုခေါ်ကြလျှင် ဤလောကတွင် ဧည့်သည်အဖြစ်နေထိုင်စဉ်ကာလတစ်လျှောက်လုံး ကြောက်ရွံ့ရိုသေသောစိတ်ဖြင့် အသက်ရှင်နေထိုင်ကြလော့။