ကိုယ်တော်ဖြိုဖျက်တော်မူလျှင် မည်သူမျှပြန်လည်မတည်ဆောက်နိုင်။ လူကိုချုပ်ထားတော်မူလျှင် မည်သူမျှမလွှတ်ပေးနိုင်။
ယောဘဝတ္တု။ 37:7 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် မိမိပြုတော်မူသောအမှုကို လူအပေါင်းတို့သိမည့်အကြောင်း လူတို့လုပ်သောအလုပ်ကို ရပ်စဲစေတော်မူ၏။ Common Language Bible ဖန်ဆင်းတော်မူသော လူအပေါင်းတို့သည် ကိုယ်တော်ကို သိမည်အကြောင်း လူတိုင်းလုပ်သော အလုပ်ကို ဆီးတားတော်မူ၏။ Garrad Bible ဖန် ဆင်း တော် မူ ရာ ခံ ရ သော လူ အ ပေါင်း တို့ သိ ကြ စေ ခြင်း ငှာ၊ ရှိ သ မျှ သော သူ၏ လက် မှု ကို ပိတ် ထား တော် မူ၍၊ Judson Bible ဖန်ဆင်းတော်မူသော လူအပေါင်းတို့သည် ကိုယ်တော်ကို သိမည်အကြောင်း လူတိုင်းလုပ်သောအလုပ်ကို ဆီးတားတော်မူ၏။ |
ကိုယ်တော်ဖြိုဖျက်တော်မူလျှင် မည်သူမျှပြန်လည်မတည်ဆောက်နိုင်။ လူကိုချုပ်ထားတော်မူလျှင် မည်သူမျှမလွှတ်ပေးနိုင်။
ကိုယ်တော်ပြုသောအမှုတော်အကြောင်းကို လူတို့သီဆိုချီးမွမ်းကြ၏။ သင်လည်း သီဆိုချီးမွမ်းဖို့ သတိရပါ။
ဉာဏ်များသောသူ၏အကြံကို ဖျက်တော်မူသဖြင့် သူတို့လုပ်ဆောင်သောအရာတို့သည် မအောင်မြင်ပေ။
နေကို အမိန့်ပေးတော်မူသဖြင့် နေမထွက်။ ကြယ်တို့ကိုလည်း ချိပ်ပိတ်ထားတော်မူ၏။
ထိုအမှုအရာသည် ကိုယ်တော်၏ လက်တော်အားဖြင့်ဖြစ်ကြောင်း သူတို့သိကြပါစေ။ အို ထာဝရဘုရား၊ ထိုအမှုအရာကို ကိုယ်တော်ပြုတော်မူခဲ့ပါ၏။
ထာဝရဘုရားပြုတော်မူသောအမှုတို့သည် ကြီးမြတ်လှပေ၏။ ထိုအမှုတို့ကို နှစ်သက်သောသူအပေါင်းတို့သည် ၎င်းတို့ကို ရှာဖွေလေ့လာကြ၏။
ကမ္ဘာမြေကြီးပေါ်တွင် ကြီးစွာသောပျက်စီးခြင်းများဖြစ်ပေါ်စေသည့် ထာဝရဘုရား၏အမှုတော်များကို လာ၍ကြည့်ရှုကြလော့။
ထိုအခါ လူအပေါင်းတို့သည် ကြောက်ရွံ့၍ ဘုရားသခင်၏လုပ်ဆောင်တော်မူချက်ကို ပြောကြားကာ ကိုယ်တော်ပြုတော်မူသောအမှုကို ဂရုပြုကြလိမ့်မည်။
အကြောင်းမူကား အို ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော်၏လုပ်ဆောင်တော်မူချက်အားဖြင့် အကျွန်ုပ်ကို ဝမ်းမြောက်စေပါ၏။ ကိုယ်တော်၏လက်တော်ဖြင့်ပြုလုပ်သော အရာများအတွက် အကျွန်ုပ်သည် ရွှင်လန်းစွာသီချင်းဆိုပါမည်။
ဘုရားသခင်ပြုတော်မူသောအမှုအားလုံးကို ငါတွေ့မြင်၏။ အမှန်စင်စစ် နေအောက်တွင်ပြုသောအမှုကို လူသည်ရှာဖွေ၍ မတွေ့ရှိနိုင်။ မည်မျှကြိုးပမ်းအားထုတ်၍ရှာဖွေလျှင်လည်း မတွေ့ရှိနိုင်။ ထိုအရာကိုသိကြောင်း ပညာရှိတစ်ဦးကပြောဆိုလျှင်လည်း မတွေ့ရှိနိုင်။
အို ထာဝရဘုရား၊ ကိုယ်တော်သည် လက်တော်ကိုမြှောက်သော်လည်း သူတို့မမြင်။ ကိုယ်တော်၏လူမျိုးတော်အတွက် ကိုယ်တော်စိတ်အားထက်သန်တော်မူသည်ကို သူတို့တွေ့မြင်၍ ရှက်ကြောက်ကြပါစေ။ ကိုယ်တော်၏ရန်သူတို့ကို လောင်ကျွမ်းမည့်မီးသည် သူတို့ကိုလောင်ကျွမ်းပါစေ။
သူတို့၏စားသောက်ပွဲများ၌ စောင်းကောက်၊ စောင်းပြား၊ ပတ်သာ၊ ပလွေ၊ စပျစ်ဝိုင်တို့ပါရှိ၏။ သူတို့သည် ထာဝရဘုရားပြုသောအမှုကို အလေးမထားကြ။ ကိုယ်တော်၏လက်တော်ဖြင့်လုပ်သောအရာကိုလည်း မမြင်ကြ။