တောင်လေကြောင့် ကမ္ဘာမြေကြီး ဆိတ်ငြိမ်သွားချိန်တွင် အဘယ်ကြောင့် သင့်အဝတ် ပူနွေးနေသနည်း။
ယောဘဝတ္တု။ 37:18 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် ကိုယ်တော်နှင့်အတူ မိုးကောင်းကင်ကို ကြေးမုံပြင်ကဲ့သို့သွန်းလုပ်၍ ခိုင်ခံ့စွာဖြန့်ကြက်ထားသလော။ Common Language Bible သွန်းသော ကြေးမုံကဲ့သို့ တည်လျက်ရှိသော မိုဃ်းကောင်းကင်ကို သင်သည် ဘုရားသခင်နှင့် ဝိုင်းညီ၍ ကြက်သလော။ Garrad Bible သွန်း လှုပ် သော ကြေး မုံ ပြင် နှင့် အ မျှ ခိုင် ခံ့ သော အာ ကာ သ ကောင်း ကင် ကို၊ ကိုယ် တော် ကြက် သ ကဲ့ သို့ သင် ကြက် နိုင် သ လော။ Judson Bible သွန်းသော ကြေးမုံကဲ့သို့ တည်လျက်ရှိသော မိုးကောင်းကင်ကို သင်သည် ဘုရားသခင်နှင့် ဝိုင်းညီ၍ ကြက်သလော။ |
တောင်လေကြောင့် ကမ္ဘာမြေကြီး ဆိတ်ငြိမ်သွားချိန်တွင် အဘယ်ကြောင့် သင့်အဝတ် ပူနွေးနေသနည်း။
အလင်းကို ခြုံထည်ကဲ့သို့လွှမ်းခြုံထား၍ ကောင်းကင်ကို ရွက်ထည်ကဲ့သို့ ဖြန့်ကြက်ထားတော်မူ၏။
ဟာလေလုယ။ သန့်ရှင်းရာဌာနတော်၌ ဘုရားသခင်ကိုချီးမွမ်းကြလော့။ ကိုယ်တော်၏တန်ခိုးတော်ထင်ရှားရာ မိုးမျက်နှာကြက်ပေါ်မှာ ကိုယ်တော်ကိုချီးမွမ်းကြလော့။
ကြေးနီအင်တုံနှင့်ကြေးနီခြေတိုင်ကို တွေ့ဆုံစည်းဝေးရာတဲတော်၏အဝင်ဝ၌အစေခံသော အမျိုးသမီးတို့၏ကြေးမုံဖြင့် လုပ်ထား၏။
မိုးကောင်းကင်ကို ကိုယ်တော်တည်တော်မူသောအခါ ငါသည် ထိုအရပ်၌ရှိ၏။ နက်ရှိုင်းသောရေထု၏မျက်နှာပြင်ပေါ်တွင် မိုးကုပ်စက်ဝိုင်းကို အမှတ်အသားပြုတော်မူသောအခါ၌လည်းကောင်း၊
ရေကို လက်ခုပ်ဖြင့် ခြင်တွယ်သောသူ၊ ကောင်းကင်ကို လက်ဖြင့်တိုင်းထွာသောသူ၊ မြေမှုန့်ကို ခြင်တောင်းဖြင့်ချင့်သောသူ၊ တောင်ကြီးကို ကတ္တားဖြင့်လည်းကောင်း၊ တောင်ငယ်ကို ချိန်ခွင်ဖြင့်လည်းကောင်း ချိန်တွယ်သောသူကား မည်သူနည်း။
ကိုယ်တော်သည် မြေကြီးစက်ဝိုင်းအထက်တွင် စံပယ်တော်မူ၏။ မြေကြီးသားတို့သည် နှံကောင်သဖွယ်ဖြစ်၏။ မိုးကောင်းကင်ကို မျက်နှာကြက်ကဲ့သို့ ဖြန့်ကြက်တော်မူ၏၊ နေစရာတဲကဲ့သို့ ဖြန့်တော်မူ၏။
သင့်ကို ရွေးနုတ်တော်မူသောအရှင်၊ သင့်ကို အမိဝမ်းထဲကပင် ပုံဖော်ဖန်ဆင်းတော်မူသောအရှင်ထာဝရဘုရားက “ငါထာဝရဘုရားသည် အရာခပ်သိမ်းကိုဖန်ဆင်း၏။ မိုးကောင်းကင်ကို ငါတစ်ပါးတည်းဖြန့်ကြက်၏။ မြေကြီးကို ငါတစ်ပါးတည်းခင်းကျင်း၏။
ငါကိုယ်တော်တိုင် မြေကြီးကိုတည်၍ မြေကြီးပေါ်၌ လူကိုဖန်ဆင်းပြီ။ ငါသည် မိုးကောင်းကင်ကို ငါ့လက်နှင့်ဖြန့်ကြက်၍ မိုးကောင်းကင်တန်ဆာရှိသမျှတို့ကို အမိန့်ပေးပြီ။
ကိုယ်တော်သည် တန်ခိုးတော်အားဖြင့် မြေကြီးကိုဖန်ဆင်းတော်မူ၏။ ဉာဏ်ပညာအားဖြင့် ကမ္ဘာကြီးကို တည်တော်မူ၏။ ထိုးထွင်းဉာဏ်အားဖြင့် ကောင်းကင်ကို ဖြန့်ကြက်တော်မူ၏။
အစ္စရေးလူမျိုးနှင့်ပတ်သက်သော ထာဝရဘုရား၏ဗျာဒိတ်စကား။ မိုးကောင်းကင်ကို ဖြန့်ကြက်၍ မြေကြီးအုတ်မြစ်ကိုတည်ပြီးလျှင် လူ့အထဲ၌ အသက်ဝိညာဉ်ကို ပုံဖော်ဖန်ဆင်းပေးတော်မူသောထာဝရဘုရားက