လျှပ်စီးကို လက်တော်ထဲတွင်ဆုပ်ကိုင်ထားတော်မူ၍ အမိန့်ပေးစေလွှတ်လိုက်လျှင် ပစ်မှတ်ကို ထိမှန်လေ၏။
ယောဘဝတ္တု။ 37:12 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်စေညွှန်ရာသို့ မိုးတိမ်များလွင့်ပါသွား၏။ အမိန့်တော်အတိုင်းပြုဖို့ရန် ကမ္ဘာလောကတစ်ခွင်လုံးသို့ လွင့်မျောလေ၏။ Common Language Bible လောကဓာတ်မြေကြီးတရှောက်လုံးကို မှာထား တော်မူသမျှအတိုင်း ပြုစေခြင်းငှါ ပညာတော်အားဖြင့် လှည့်လည်စေတော်မူ၏။ Garrad Bible ဒဏ် ခတ် ရန် သော် လည်း၊ ချမ်း သာ ပေး ရန် သော်လည်း ကောင်း၊ မြေ တော် ကို ပြု စု ရန် သော်လည်း ကောင်း၊ လွှတ် လိုက် တော် မူ လျှင်၊ ဤ လော က မြေ ကြီး မျက် နှာ ပြင် တွင်၊ မိန့် တော် မူ သ မျှ ကို ပြီး စီး စေ ခြင်း ငှာ၊ ပြ ဋ္ဌာန်း တော် မူ သည့် အ တိုင်း၊ လှည့် လည် မှောက် လှန် လေ၏။ Judson Bible လောကဓာတ် မြေကြီးတစ်လျှောက်လုံးကို မှာထားတော်မူသမျှအတိုင်း ပြုစေခြင်းငှာ ပညာတော်အားဖြင့် လှည့်လည်စေတော်မူ၏။ |
လျှပ်စီးကို လက်တော်ထဲတွင်ဆုပ်ကိုင်ထားတော်မူ၍ အမိန့်ပေးစေလွှတ်လိုက်လျှင် ပစ်မှတ်ကို ထိမှန်လေ၏။
ကိုယ်တော်သည် အသံတော်ကို ကောင်းကင်အောက်တစ်ခွင်လုံးသို့ လွှတ်တော်မူ၍ မြေကြီးစွန်းတိုင်အောင် လျှပ်စီးကိုလက်စေတော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် အလွန်များပြားလှပါ၏။ ကိုယ်တော်သည် ထိုအရာအားလုံးကို ဉာဏ်ပညာအားဖြင့် ဖန်ဆင်းတော်မူ၏။ ကမ္ဘာမြေကြီးသည် ကိုယ်တော်ဖန်ဆင်းသော အရာများဖြင့် ပြည့်နှက်လျက်ရှိပါ၏။
ကိုယ်တော်သည် မိမိ၏မိန့်တော်မူချက်ကို ကမ္ဘာမြေကြီးပေါ်သို့ စေလွှတ်တော်မူ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် လျင်မြန်စွာပြေးတတ်၏။
မီးနှင့်မိုးသီး၊ နှင်းပွင့်နှင့်မြူခိုး၊ ကိုယ်တော်၏အမိန့်တော်အတိုင်းလုပ်ဆောင်သော လေမုန်တိုင်း၊
ဘိုးဘေးတို့၏ဒုစရိုက်ကြောင့် သားမြေးတို့အားကွပ်မျက်မည့်နေရာကို ပြင်ဆင်ကြလော့။ သို့မဟုတ်လျှင် သူတို့သည် ထ၍ကမ္ဘာမြေကိုသိမ်းယူကြလိမ့်မည်။ ကမ္ဘာမြေပြင်ကို မြို့များနှင့်ပြည့်စေကြလိမ့်မည်။
နောင်တစ်ချိန်မှာ ယာကုပ်သည် အမြစ်တွယ်လာလိမ့်မည်။ အစ္စရေးသည် ဖူးငုံပွင့်လန်းလာလိမ့်မည်။ ကမ္ဘာမြေတစ်ပြင်လုံးကို အသီးနှင့်ပြည့်စေလိမ့်မည်။
လူမျိုးခြားတို့၏ရုပ်တုတို့သည် မိုးကိုရွာစေနိုင်သလော။ ကောင်းကင်သည်လည်း မိုးကိုရွာစေနိုင်သလော။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သာလျှင် တတ်နိုင်တော်မူသည်မဟုတ်လော။ ကိုယ်တော်သည် အလုံးစုံကို တတ်နိုင်တော်မူသည်ဖြစ်၍ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုစောင့်မျှော်ပါ၏။
အို ဇိအုန်သားတို့၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားကြောင့် ဝမ်းမြောက်ရွှင်လန်းကြလော့။ အကြောင်းမူကား ကိုယ်တော်သည်ဖြောင့်မတ်မှန်ကန်တော်မူသည့်အတိုင်း သင်တို့အဖို့ မိုးဦးကို ရွာစေတော်မူပြီ။ မိုးဦး၊ မိုးနှောင်းကိုလည်း ယခင်ကကဲ့သို့ပင် ရွာသွန်းစေတော်မူပြီ။
“ငါသည် ရိတ်သိမ်းချိန်မရောက်မီသုံးလအတွင်း သင်တို့အတွက် မိုးကိုမရွာစေခဲ့။ တစ်မြို့တွင် မိုးရွာစေပြီး အခြားတစ်မြို့တွင် မိုးခေါင်စေ၏။ လယ်မြေတစ်ကွက်တွင် မိုးရွာစေပြီး အခြားတစ်ကွက်တွင် မိုးခေါင်၍ ခြောက်သွေ့စေ၏။
သူတို့ပရောဖက်ပြုဟောပြောသည့်နေ့ရက်များအတွင်း မိုးမရွာစေရန် ကောင်းကင်ကို ပိတ်ထားနိုင်သည့်အခွင့်ရှိပြီး ရေကိုသွေးအဖြစ်သို့ ပြောင်းလဲစေနိုင်သောအခွင့်မှစ၍ သူတို့အလိုရှိသည့်အခါတိုင်း ကမ္ဘာမြေကြီးကို ဘေးဒဏ်အမျိုးမျိုးဖြင့် ဒဏ်ခတ်နိုင်သောအခွင့်များရှိကြ၏။