သင်တို့သည် မုသားကို ဖုံးကွယ်ထားသောသူများ၊ သင်တို့အားလုံးသည် အသုံးမဝင်သောသမားတော်များ ဖြစ်ကြ၏။
ယောဘဝတ္တု။ 36:4 - မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် အကျွန်ုပ်သည် မုသားစကားကို မပြော။ အသိပညာနှင့်ပြည့်စုံသောသူသည် သင်နှင့်အတူရှိ၏။ Common Language Bible အကယ်စင်စစ်မမှန်သောစကားကို ငါမပြော။ ပညာ အတတ် စုံလင်သောသူသည် သင်၌ရှိ၏။ Garrad Bible အ ကယ် စင် စစ်၊ အ ကျွန်ုပ် သည် မု သာ မ သုံး၊ အ သိ ပ ညာ စုံ လင် သူ သည် သင် နှင့် အ တူ ရှိ၏။ Judson Bible အကယ်စင်စစ် မမှန်သောစကားကို ငါမပြော။ ပညာအတတ် စုံလင်သောသူသည် သင်၌ရှိ၏။ |
သင်တို့သည် မုသားကို ဖုံးကွယ်ထားသောသူများ၊ သင်တို့အားလုံးသည် အသုံးမဝင်သောသမားတော်များ ဖြစ်ကြ၏။
သင်တို့သည် ဘုရားသခင်ဘက်မှနေ၍ ကောက်ကျစ်သောစကား၊ လိမ်လည်လှည့်စားသောစကားတို့ကို ပြောဆိုကြမည်လော။
ငါ့ကို ဒုက္ခပေးမည့် သင်တို့၏အတွေးများနှင့် သင်တို့၏ကောက်ကျစ်သောအကြံအစည်များကိုလည်း ငါသိ၏။
သို့ဖြစ်၍ သင်တို့သည် အဓိပ္ပာယ်မရှိသောစကားများဖြင့် ငါ့ကို မည်သို့နှစ်သိမ့်ပေးနိုင်မည်နည်း။ သင်တို့ပြောသောစကားတို့သည် မုသားအဖြစ်သာ ကျန်ခဲ့သည်”ဟု ဆိုလေ၏။
ဖြောင့်မှန်သောစိတ်သဘောဖြင့် ပြောပါမည်။ သိထားသောအရာများကို နှုတ်ခမ်းဖြင့် ရိုးသားစွာပြောပါမည်။
တိမ်တိုက်များ မည်သို့လွင့်မျောနေသည်ကို သင်သိပါသလော။ ထိုအမှုသည် အလုံးစုံကိုသိမြင်သောအရှင် ပြုတော်မူသည့် အံ့ဖွယ်အမှုဖြစ်၏။
သို့သော် ယခု ငါ့ကိုကြည့်ကြပါလော့။ ငါသည် သင်တို့ရှေ့မှာ လိမ်ပြောနေသလော။
ငါ၏နှုတ်သည် ဉာဏ်ပညာစကားကိုမြွက်ဆိုမည်။ ငါ့စိတ်နှလုံး၏စဉ်းစားဆင်ခြင်မှုသည် ထိုးထွင်းဉာဏ်ကိုပေးမည်။
အလုံးစုံတို့ကို အစမှစ၍ သေချာစွာစိစစ်လေ့လာခဲ့သောငါသည်လည်း အသင် သင်ယူခဲ့ပြီးသောအကြောင်းအရာများ ဧကန်အမှန်ဖြစ်ကြောင်းသိရှိစေရန် ၎င်းတို့ကို အသင့်ထံ အစဉ်လိုက်ရေးသားသင့်သည်ဟုထင်မှတ်ပါ၏။
ဖေလဇ်မင်းသည် ထိုတရားလမ်းအကြောင်းကို တိကျသေချာစွာသိထားသောကြောင့် “တပ်မှူးကြီးလုသိရောက်လာသောအခါ သင်တို့အမှုကို ငါစစ်ဆေးမည်”ဟု ဆိုလျက် အမှုကိုရွှေ့ဆိုင်းလိုက်လေ၏။
ညီအစ်ကိုတို့၊ စဉ်းစားဆင်ခြင်မှုနှင့်ပတ်သက်၍ ကလေးသူငယ်များမဖြစ်ကြနှင့်။ မကောင်းမှုနှင့်ပတ်သက်၍ ကလေးသူငယ်များကဲ့သို့ဖြစ်ကြလျက် စဉ်းစားဆင်ခြင်မှုနှင့်ပတ်သက်၍ စုံလင်ရင့်ကျက်သောသူများဖြစ်ကြလော့။
အကြောင်းမူကား ငါတို့သည် များစွာသောသူတို့ပြုသကဲ့သို့ ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို လှည့်လည်ရောင်းစား၍အမြတ်ထုတ်ကြသည်မဟုတ်ဘဲ ဖြူစင်သောသူ၊ ဘုရားသခင်ထံမှ စေလွှတ်ခြင်းခံရသောသူအဖြစ် ဘုရားသခင်ရှေ့တော်၌ ခရစ်တော်ကိုအမှီပြု၍ ငါတို့ဟောပြောကြ၏။
ခရစ်တော်ယေရှု၏အစေအပါးဖြစ်၍ သင်တို့အထဲကတစ်ဦးဖြစ်သော ဧပဖြသည် သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။ သင်တို့သည် စုံလင်ရင့်ကျက်သူအဖြစ်ရပ်တည်လျက် ဘုရားသခင်၏အလိုတော်ရှိသမျှကို အပြည့်အဝဆောင်ရွက်နိုင်မည့်အကြောင်း သူသည် သင်တို့အတွက် အစဉ်အမြဲကြိုးစား၍ ဆုတောင်းပေးလျက်ရှိ၏။