အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယောဘဝတ္တု။ 36:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အစ​ကတည်းက အကျွန်ုပ်​ရရှိ​ထား​သော​အသိပညာ​အရ အကျွန်ုပ်​ကို​ဖန်ဆင်း​တော်မူ​သော​အရှင်​သည် ဖြောင့်မတ်​တော်မူ​ကြောင်း အကျွန်ုပ်​ဖော်ပြ​ပါ​မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

ငါသည်ဝေးသော အရပ်က ကိုယ်ပညာကို ဆောင်ခဲ့မည်။ ငါ့ကို ဖန်ဆင်းတော်မူသောဘုရားသခင် သည်ဖြောင့်မတ်တော်မူကြောင်းကို ငါပြမည်။

အခန်းကိုကြည့်ပါ။

Garrad Bible

အ ကျွန်ုပ် သည် ကိုယ့် အ သိ ပ ညာ ကို စိတ် ဖြာ ရာ မှ သိမ်း ရုံး၍၊ ဖန် ဆင်း သော အ ရှင်၏ ဖြောင့် မတ် တော် မူ ကြောင်း ကို၊ ထင် ရှား စေ ပါ မည်။

အခန်းကိုကြည့်ပါ။

Judson Bible

ငါ​သည် ဝေး​သော​အ​ရပ်​က ကိုယ်​ပ​ညာ​ကို​ဆောင်​ခဲ့​မည်။ ငါ့​ကို ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ဖြောင့်​မတ်​တော်​မူ​ကြောင်း​ကို ငါ​ပြ​မည်။

အခန်းကိုကြည့်ပါ။



ယောဘဝတ္တု။ 36:3
27 ပူးပေါင်းရင်းမြစ်များ  

ထိုသို့ ယောဘ​က မိမိကိုယ်မိမိ ဘုရားသခင်​ထက် ဖြောင့်မတ်​မှန်ကန်​သည်​ဟု ဆို​သောကြောင့် ရာမ​မျိုးနွယ်စု​၊ ဗုဇ​အမျိုး​၊ ဗာရခေလ​၏​သား ဧလိဟု​သည် ယောဘ​ကို အမျက်ထွက်​၏​။


သို့သော် လူ​၌ ဝိညာဉ်​ရှိ​၏​။ အနန္တတန်ခိုးရှင်​၏​ဝိညာဉ်​တော်​သည် လူ​တို့​အား နားလည်နိုင်စွမ်း​ကို ပေး​တော်မူ​ပါ​၏​။


အကြောင်းမှာ ယောဘ​က ‘​ငါ​ဖြောင့်မတ်​သော်လည်း ဘုရားသခင်​သည် ငါ့​အဖို့ တရားမျှတ​စွာ​မ​စီရင်​။


“အကျွန်ုပ်​ကို အနည်းငယ်​သည်းခံ​ပါ​လော့​။ ဘုရားသခင်​ကိုယ်စား ပြောစရာ​စကား​ကျန်သေး​သဖြင့် အကျွန်ုပ်​ပြော​လို​ပါ​၏​။


အနန္တတန်ခိုးရှင်​ကို အကျွန်ုပ်​တို့ လိုက်​၍​မ​မီ​နိုင်​။ ကိုယ်တော်​သည် တန်ခိုးကြီး​သော​အရှင် ဖြစ်​တော်မူ​၏​။ တရားမျှတ​ခြင်း​၊ ဖြောင့်မတ်​ခြင်း​တို့​နှင့် ပြည့်စုံ​တော်မူ​၏​။ မတရား​သော​အမှု​ကို ပြု​တော်​မ​မူ​။


သေမျိုး​ဖြစ်​သော​လူ​သည် ဘုရားသခင်​ရှေ့​တွင် ဖြောင့်မတ်​နိုင်​မည်လော​။ လူ​သည် သူ့​ကို​ဖန်ဆင်း​သော​အရှင်​ရှေ့​တွင် စင်ကြယ်​နိုင်​မည်လော​။


ဘုရားသခင်​သည် တရားမျှတမှု​ကို မတရားမှု​ဖြစ်​စေ​မည်လော​။ အနန္တတန်ခိုးရှင်​သည် ဖြောင့်မတ်​ခြင်း​ကို ကောက်ကွေ့​စေ​မည်လော​။


အကြောင်းမူကား ထာဝရဘုရား​သည် ဖြောင့်မတ်​တော်မူ​၏​။ ကိုယ်တော်​သည် ဖြောင့်မတ်​ခြင်း​ကို နှစ်သက်​တော်မူ​၏​။ ဖြောင့်မှန်​သော​သူ​သည် မျက်နှာ​တော်​ကို​ဖူးမြင်​ရ​လိမ့်မည်​။


ထာဝရဘုရား​သည် မိမိ​၏​လမ်း​တော်​ရှိသမျှ​တို့​၌ ဖြောင့်မတ်​၍ မိမိ​ပြု​တော်မူ​သော​အမှု​ရှိသမျှ​တို့​၌ သစ္စာရှိ​တော်မူ​၏​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​အမှု​ကို ကိုယ်တော့်​ထံ ယူဆောင်​လာ​သောအခါ ကိုယ်တော်​သည် ဖြောင့်မတ်​စွာ​စီရင်​ပေး​ပါ​၏​။ ထို့ကြောင့် ကိုယ်တော်​အား တရားမျှတမှု​အကြောင်း​ကို မေးလျှောက်​လို​ပါ​၏​။ ဆိုးယုတ်​သော​သူ​တို့​သည် အဘယ်ကြောင့် ကြီးပွား​ကြ​ပါ​သနည်း​။ သစ္စာမဲ့​သော​သူ​တို့​သည် အဘယ်ကြောင့် ကောင်းစား​ကြ​ပါ​သနည်း​။


ထာဝရဘုရား​သည် စောင့်ကြည့်​လျက် အကျွန်ုပ်​တို့​ကို ဘေးဆိုး​သင့်​စေ​ပြီ​။ စင်စစ် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား ပြု​တော်မူ​သော​အမှု​အလုံးစုံ​တို့​သည် ဖြောင့်မှန်​ပါ​၏​။ အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​စကား​တော်​ကို နား​မ​ထောင်​ဘဲ နေ​မိ​ခဲ့​ကြ​ပါ​၏​။


အို ဘုရားရှင်​၊ ကိုယ်တော်​သည် ဖြောင့်မတ်​တော်မူ​ပါ​၏​။ ကိုယ်တော်​အား သစ္စာမဲ့မှု​ကြောင့် ရပ်နီး​ရပ်ဝေး​ရှိ အတိုင်းတိုင်း​အပြည်ပြည်​သို့ ကွဲလွင့်​သွား​သော ယုဒ​လူမျိုး​များ​၊ ဂျေရုဆလင်​မြို့သူမြို့သား​များ​မှစ၍ အစ္စရေး​အမျိုးသား​များ​ဖြစ်​သည့် အကျွန်ုပ်​တို့​မူကား ယနေ့​တိုင် အရှက်ကွဲ​၍​မျက်နှာပျက်​ကြ​ရ​ပါ​ပြီ​။


တရား​စီရင်​တော်မူ​သည့်​အခါ တောင်​အရပ်​မှ​ဘုရင်မ​သည် ဤ​မျိုးဆက်​နှင့်အတူ​ထမြောက်​လျက် ဤ​မျိုးဆက်​၏​အပြစ်​ကို ထင်ရှား​စေ​လိမ့်မည်။ အကြောင်းမူကား သူ​သည် ရှောလမုန်​၏​ဉာဏ်ပညာ​စကား​ကို နားထောင်​ရန် မြေကြီး​အစွန်အဖျား​မှ​လာ​၏။ ကြည့်ရှု​လော့။ ဤ​အရပ်​၌ ရှောလမုန်​ထက် ကြီးမြတ်​သော​သူ​ရှိ​၏။


သို့ဖြစ်လျှင် ငါ​တို့​သည် မည်သို့​ဆို​ရ​မည်နည်း။ ဘုရားသခင်​၌ မတရားမှု​ရှိ​သလော။ လုံးဝ​မ​ရှိ​ပေ။


အို ကျောက်ဆောင်​၊ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​သည် ပြီးပြည့်စုံ​ပါ​၏​။ မှန်ပေ၏​။ ကိုယ်တော်​၏​နည်းလမ်း​တော်​ရှိသမျှ​တို့​သည် တရားမျှတ​ပါ​၏​။ ကိုယ်တော်​သည် မတရားမှု​ကို​မ​ပြု​၊ သစ္စာရှိ​သော​ဘုရား​ဖြစ်​တော်မူ​၏​။ ဖြောင့်မတ်​မှန်ကန်​သော​ဘုရား​ဖြစ်​တော်မူ​၏​။


ကောင်းမြတ်​သော​လက်ဆောင်​ရှိသမျှ​နှင့် စုံလင်​သော​ဆု​ကျေးဇူး​ရှိသမျှ​တို့​သည် အထက်​အရပ်​မှ​လာ​၍ အလင်း​တို့​၏​အဖ​ထံ​တော်​မှ​ဆင်းသက်​၏။ ထို​အဖ​ထံ​တော်​၌ ပြောင်းလဲ​ခြင်း​၊ သို့မဟုတ် ရွေ့လျား​တတ်​သည့်​အရိပ်​ဟူ၍​မ​ရှိ။


သင်​တို့​ထဲတွင် ဉာဏ်ပညာ​လိုအပ်​သော​သူ​ရှိ​လျှင် ကဲ့ရဲ့​ပြစ်တင်​ခြင်း​ကို​ပြု​တော်​မ​မူ​ဘဲ ခပ်သိမ်း​သော​သူ​တို့​အား ရက်ရော​စွာ​ပေး​တော်မူ​သော​ဘုရားသခင်​ထံ တောင်းလျှောက်​စေ။ တောင်း​လျှင်​ရ​လိမ့်မည်။


သို့သော် အထက်​အရပ်​မှ​လာ​သော​ဉာဏ်ပညာ​သည် ပထမ​ဦးစွာ သန့်ရှင်း​စင်ကြယ်​၏။ ထို့နောက် ငြိမ်းချမ်း​သော​သဘော၊ ညင်သာ​သော​သဘော​နှင့် ပျော့ပျောင်း​သော​သဘော​ရှိ​၍ ကရုဏာ​နှင့်​ကောင်းမြတ်​သော​အသီးအပွင့်​တို့​ဖြင့်​ပြည့်စုံ​ကာ မျက်နှာလိုက်​ခြင်း၊ ဟန်ဆောင်​ခြင်း​တို့​နှင့် ကင်းစင်​၏။


သူ​တို့​သည် ဘုရားသခင်​၏​ကျွန် မောရှေ​၏​သီချင်း​နှင့် သိုးသငယ်​တော်​၏​သီချင်း​များ​ကို​သီဆို​ကာ “အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်၊ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​သည် ကြီးမြတ်​၍ အံ့သြဖွယ်​ကောင်း​လှ​ပါ​၏။ လူမျိုး​တကာ​တို့​၏​ဘုရင်၊ ကိုယ်တော်​၏​နည်းလမ်း​တော်​တို့​သည် ဖြောင့်မတ်​၍​မှန်ကန်​ပါ​၏။