မိုးကောင်းကင်ကို မော့ကြည့်၍ သိမြင်ပါလော့။ သင့်ထက်မြင့်သောမိုးတိမ်ကို စူးစမ်းကြည့်ပါလော့။
မိုဃ်းကောင်းကင်ကိုမျှော်၍၊ သင့်ထက်မြင့်သော မိုဃ်းတိမ်တို့ကို ကြည့်ရှုလော့။
မိုး ကောင်း ကင် ကို ရှု မြင်၍၊ သင့် အ ပေါ် က မြင့် ဝေး သော အာ ကာ သ ကို လည်း မော် ကြည့် ပါ လော့။
မိုးကောင်းကင်ကိုမျှော်၍၊ သင့်ထက်မြင့်သော မိုးတိမ်တို့ကို ကြည့်ရှုလော့။
ထို့နောက် ကိုယ်တော်သည် သူ့ကို အပြင်သို့ခေါ်ဆောင်သွားပြီးလျှင် “မိုးကောင်းကင်ကိုမော့ကြည့်လော့။ ကြယ်များကို ရေတွက်နိုင်လျှင် ရေတွက်လော့”ဟု မိန့်တော်မူ၏။ တစ်ဖန် ကိုယ်တော်က “သင်၏သားစဉ်မြေးဆက်သည် ထိုသို့ဖြစ်လိမ့်မည်”ဟု သူ့အားမိန့်တော်မူ၏။
အကယ်စင်စစ် ဘုရားသခင်သည် ဤမြေကြီးပေါ်တွင် ကိန်းဝပ်တော်မူမည်လော။ ကြည့်ရှုလော့။ ကောင်းကင်သာမက အမြင့်ဆုံးသောကောင်းကင်ကြီးပင် ကိုယ်တော်နှင့်မဆံ့နိုင်ပါ။ သို့ဖြစ်၍ အကျွန်ုပ်ဆောက်ထားသောဤအိမ်တော်ကား အဘယ်ဆိုဖွယ်ရာရှိပါလိမ့်မည်နည်း။
သင်သည် ဘုရားသခင်၏လျှို့ဝှက်နက်နဲသောအရာကို ရှာတွေ့နိုင်မည်လော။ အနန္တတန်ခိုးရှင်၏ပကတိအဖြစ်တော်ကို တွေ့ရှိနိုင်မည်လော။
ကောင်းကင်ထက်မြင့်သည်ဖြစ်၍ သင်မည်သို့တတ်နိုင်မည်နည်း။ မရဏာနိုင်ငံထက်နက်သည်ဖြစ်၍ သင်မည်သို့သိနိုင်မည်နည်း။
ဘုရားသခင်သည် အမြင့်ဆုံးမိုးကောင်းကင်တွင် စံမြန်းတော်မူသည်မဟုတ်လော။ အမြင့်ဆုံးသောကြယ်များသည်လည်း မည်မျှပင်မြင့်လှသည်ကို ကြည့်ပါလော့။
သင်နှင့် သင့်မိတ်ဆွေတို့၏စကားများကို အကျွန်ုပ်ချေပလိုပါ၏။
ကြည့်ရှုလော့။ ဘုရားသခင်သည် ကြီးမြတ်တော်မူ၏။ ကိုယ်တော်၏နှစ်ကာလတို့ကို ငါတို့မသိနိုင်၊ စူးစမ်း၍လည်း မရနိုင်။
တိမ်တိုက်များ မည်သို့လွင့်မျောနေသည်ကို သင်သိပါသလော။ ထိုအမှုသည် အလုံးစုံကိုသိမြင်သောအရှင် ပြုတော်မူသည့် အံ့ဖွယ်အမှုဖြစ်၏။
ထာဝရဘုရားက “ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်နှင့်မတူ။ ငါ၏နည်းလမ်းသည်လည်း သင်တို့၏နည်းလမ်းနှင့်မတူ။
မိုးကောင်းကင်သည် ကမ္ဘာမြေကြီးထက်သာ၍မြင့်သကဲ့သို့ ငါ၏နည်းလမ်းသည် သင်တို့၏နည်းလမ်းထက်၊ ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်ထက် သာ၍မြင့်၏။
ထာဝရဘုရားသည် စိတ်ရှည်သောဘုရား၊ တန်ခိုးကြီးသောဘုရား၊ အပြစ်ရှိသူကို အပြစ်ဒဏ်မခတ်ဘဲမနေသောဘုရားဖြစ်တော်မူ၏။ ထာဝရဘုရားသည် လေပွေနှင့် မိုးသက်မုန်တိုင်းအလယ်တွင် ကြွမြန်းတော်မူ၏။ မိုးတိမ်တို့သည် ခြေတော်အောက်၌ မြေမှုန့်ကဲ့သို့ဖြစ်၏။
ထိုအခါ ထာဝရဘုရားက ရှမွေလအား “သူ၏ရုပ်ရည်အဆင်းနှင့် အရပ်အမောင်းကို မကြည့်နှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အပြင်ပန်းသဏ္ဌာန်ကိုသာ ကြည့်တတ်၏။ ထာဝရဘုရားမူကား စိတ်နှလုံးကို ကြည့်တော်မူ၏”ဟု မိန့်တော်မူ၏။