သင့်ကို မြေမှဖြစ်လာစေသည်ဖြစ်၍ သင်သည် မြေသို့မပြန်မီတိုင်အောင် သင်၏နဖူးမှချွေးနှင့်ရင်း၍ အစာကိုစားရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်ဖြစ်သောကြောင့် မြေမှုန့်သို့ပြန်ရမည်”ဟု မိန့်တော်မူ၏။
ယောဘဝတ္တု။ 34:15 - မြန်မာ့စံမီသမ္မာကျမ်း လူသားအားလုံး တစ်ပြိုင်တည်းသေသွားရလိမ့်မည်။ လူသည် မြေမှုန့်ဘဝသို့ ပြန်သွားရလိမ့်မည်။ Common Language Bible ခပ်သိမ်းသော လူသတ္တဝါတို့သည် ချက်ခြင်း သေပျောက်၍ မြေမှုန့်သို့ တဖန်ရောက်ရကြလိမ့်မည်။ Garrad Bible လူ သည် မြေ မုန့် ဖြစ် ပြန်၍၊ သ တ္တ ဝါ အ ပေါင်း တို့ လည်း တစ် ပြိုင် နက် ပျက် စီး ကြ လ တ္တံ့။ Judson Bible ခပ်သိမ်းသောလူသတ္တဝါတို့သည် ချက်ချင်းသေပျောက်၍ မြေမှုန့်သို့ တစ်ဖန်ရောက်ရကြလိမ့်မည်။ |
သင့်ကို မြေမှဖြစ်လာစေသည်ဖြစ်၍ သင်သည် မြေသို့မပြန်မီတိုင်အောင် သင်၏နဖူးမှချွေးနှင့်ရင်း၍ အစာကိုစားရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်ဖြစ်သောကြောင့် မြေမှုန့်သို့ပြန်ရမည်”ဟု မိန့်တော်မူ၏။
မြေကြီးပေါ်မှာ လှုပ်ရှားသွားလာတတ်သောသတ္တဝါအပေါင်းတို့တည်းဟူသော ငှက်၊ ယဉ်ပါးသောတိရစ္ဆာန်၊ တောရိုင်းတိရစ္ဆာန်၊ မြေကြီးပေါ်မှာ အုပ်စုလိုက်နေထိုင်သွားလာသောသတ္တဝါရှိသမျှတို့နှင့် လူအပေါင်းတို့သည် သေကြကုန်၏။
စင်စစ် အကျွန်ုပ်တို့သည် သေတတ်သောအမျိုးဖြစ်ကြပါ၏။ မြေပေါ်သွန်ပြီးမှ ပြန်ယူ၍မရသောရေနှင့်တူကြပါ၏။ ဘုရားသခင်မူကား အသက်တစ်ချောင်းကိုပင် မသေစေလိုပါ။ ကိုယ်တော့်ထံမှ နှင်ထုတ်ခံရသောသူကို အပယ်ခံမဖြစ်စေလိုသဖြင့် နည်းလမ်းရှာဖွေတော်မူတတ်ပါ၏။
ကိုယ်တော်သည် အကျွန်ုပ်အား ရွှံ့စေးကဲ့သို့ ပုံသွင်းတော်မူခဲ့သည်ကို သတိရတော်မူပါ။ ယခု အကျွန်ုပ်ကို မြေမှုန့်ပြန်ဖြစ်စေတော်မူမည်လော။
အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို သေခြင်းသို့လည်းကောင်း၊ သက်ရှိသတ္တဝါအားလုံးစုတေ့ရာသို့လည်းကောင်း အရောက်ပို့မည်ကို အကျွန်ုပ်သိပါ၏။
သင်တို့၌ အသိဉာဏ်ရှိလျှင် နားထောင်ကြပါလော့။ အကျွန်ုပ်ပြောသောစကားကို စူးစိုက်နားထောင်ကြပါလော့။
အားလုံးတို့သည် အတူတူပင်ဖြစ်၏။ ထို့ကြောင့် ‘ကိုယ်တော်သည် အပြစ်တင်စရာမရှိသောသူကိုလည်းကောင်း၊ ဆိုးယုတ်သောသူကိုလည်းကောင်း ဖျက်ဆီးတော်မူမည်’ဟု ငါဆိုခြင်းဖြစ်၏။
မျက်နှာလွှဲတော်မူသောအခါ သူတို့သည် ထိတ်လန့်ကြပါ၏။ သူတို့၏အသက်ကို ရုပ်သိမ်းတော်မူသောအခါ သူတို့သည်သေ၍ မိမိတို့ဖြစ်လာရာ မြေမှုန့်သို့ပြန်သွားကြပါ၏။
မြေမှုန့်သည် လာရင်းမြေသို့ပြန်သွားသကဲ့သို့ အသက်ဝိညာဉ်သည် ၎င်းကိုပေးတော်မူသောဘုရားသခင်ထံသို့ပြန်သွားမည့်အချိန်မရောက်မီ ကိုယ်တော်ကိုအောက်မေ့လော့။
ငါ အမျက်မထွက်ပါ။ မည်သူသည် ငါ့ကို ချုံပင်၊ ဆူးပင်များနှင့် တိုက်ပွဲဝင်စေမည်နည်း။ ချီတက်တိုက်ခိုက်ပြီး အားလုံးမီးရှို့ပစ်မည်။
ငါကိုယ်တော်တိုင်ဖန်ဆင်းသောဝိညာဉ်၊ ငါကိုယ်တော်တိုင်ဖန်ဆင်းသောဇီဝအသက်တို့သည် ငါ့ရှေ့မှာ မညှိုးငယ်စေရန် ငါသည် အစဉ်အပြစ်တင်မည်မဟုတ်။ အစဉ်အမျက်ထွက်မည်မဟုတ်။