‘ငါသည် အာဗြံကိုချမ်းသာကြွယ်ဝစေပြီ’ဟု မင်းကြီးဆိုစရာမရှိစေရန် မင်းကြီးပိုင်ဆိုင်သောအရာအားလုံးထဲမှ အပ်ချည်တစ်မျှင်၊ သည်းကြိုးတစ်ချောင်းကိုမျှ အကျွန်ုပ်မယူပါ။
ယောဘဝတ္တု။ 32:13 - မြန်မာ့စံမီသမ္မာကျမ်း ‘ဉာဏ်ပညာကို ငါတို့တွေ့ပြီ’ဟု သင်တို့မပြောမိစေကြနှင့်။ သူ့ကို နိုင်သောသူမှာ လူမဟုတ်၊ ဘုရားသခင်ဖြစ်တော်မူ၏။ Common Language Bible သို့ဖြစ်၍ ငါတို့သည် ပညာကိုရှာ၍ တွေ့ပြီဟု သင်တို့ဆိုစရာမရှိ။ ယောဘကို နှိမ့်ချသောသူကား လူမဟုတ်၊ ဘုရားသခင်ပေတည်း။ Garrad Bible ပ ညာ ရှင် ကို ငါ တို့ တွေ့ ပြီ။ လူ ချင်း မ နိုင်၊ ဘု ရား သ ခင် သာ လျှင်၊ နိုင် တော် မူ မည် ဟု မ ပြော ကြ နှင့်။ Judson Bible သို့ဖြစ်၍ ငါတို့သည် ပညာကိုရှာ၍တွေ့ပြီဟု သင်တို့ဆိုစရာမရှိ။ ယောဘကို နှိမ့်ချသောသူကား လူမဟုတ်၊ ဘုရားသခင်ပေတည်း။ |
‘ငါသည် အာဗြံကိုချမ်းသာကြွယ်ဝစေပြီ’ဟု မင်းကြီးဆိုစရာမရှိစေရန် မင်းကြီးပိုင်ဆိုင်သောအရာအားလုံးထဲမှ အပ်ချည်တစ်မျှင်၊ သည်းကြိုးတစ်ချောင်းကိုမျှ အကျွန်ုပ်မယူပါ။
“ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲမှထွက်လာ၏။ အဝတ်မပါဘဲ ပြန်သွားရတော့မည်။ ထာဝရဘုရား ပေးသနားတော်မူ၏။ ထာဝရဘုရား ပြန်ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏နာမတော်သည် မင်္ဂလာရှိပါစေသတည်း”ဟု ဆိုလေ၏။
“သင်တို့သည် လူဖြစ်၍ သင်တို့သေလျှင် ဉာဏ်ပညာသည်လည်း သင်တို့နှင့်အတူ သေသွားလိမ့်မည်မှာ ယုံမှားဖွယ်မရှိ။
အို ငါ့မိတ်ဆွေတို့၊ ငါ့ကို သနားကြပါ။ သနားကြပါ။ ဘုရားသခင်သည် ငါ့ကို ရိုက်နှက်တော်မူပြီ။
သင်တို့သိထားရမည်မှာ ဘုရားသခင်သည် ငါ့အမှုကို ကောက်စေတော်မူ၍ ငါ့ပတ်ပတ်လည်တွင် ထောင်ချောက်များဖြင့် ဝိုင်းရံစေတော်မူ၏။
ယောဘက သူ့ဇနီးအား “သင်သည် မိန်းမမိုက်တစ်ယောက် ပြောတတ်သကဲ့သို့ ပြောပါသည်တကား။ ဘုရားသခင်ထံမှ အကောင်းကိုလက်ခံ၍ အဆိုးကို လက်မခံဘဲနေရမည်လော”ဟု ပြန်ပြော၏။ ယောဘသည် ဤသို့ကြုံတွေ့ရသော်လည်း မိမိနှုတ်ဖြင့်မျှ မပြစ်မှားဘဲနေ၏။
ဂျုံပင်အစား ဆူးပင်ပေါက်ပါစေ။ မုယောပင်အစား ပေါင်းပင်ပေါက်ပါစေ”ဟု မြွက်ဆိုလေ၏။ ယောဘပြောဆိုသောစကား ပြီးဆုံးပါပြီ။
အကျွန်ုပ်စေ့စေ့နားထောင်နေခဲ့သော်လည်း သင်တို့တွင် ယောဘ၏စကားကို ပြန်လည်ချေပနိုင်သောသူ တစ်ယောက်မျှမရှိပါ။
ယောဘသည် အကျွန်ုပ်ကိုဆန့်ကျင်၍ တိုက်ရိုက်ပြောသည်မဟုတ်။ ထို့ကြောင့် သင်တို့ပြောသကဲ့သို့ သူ့ကို အကျွန်ုပ်ပြန်ပြောမည်မဟုတ်။
ဘုရားသခင်ထံတော်မှ ထွက်သက်လေတစ်ချက်တည်းနှင့် ထိုသူတို့ ပျက်စီးရ၏။ အမျက်တော်အရှိန်နှင့် ထိုသူတို့ ဘဝနိဂုံးချုပ်ရ၏။
အကယ်စင်စစ် အနန္တတန်ခိုးရှင်ထံမှ မြားတို့သည် ငါ့ကိုယ်၌စိုက်ဝင်လျက်ရှိ၏။ ငါ့စိတ်ဝိညာဉ်သည် ထိုမြားတို့၏အဆိပ်ရည်ကို သောက်သုံးနေရ၏။ ဘုရားသခင်ထံမှ ကြောက်မက်ဖွယ်ရာတို့သည် ငါ့ရှေ့၌ တန်းစီလျက်ရှိ၏။
‘ငါ၏ရုပ်တုသည် ထိုအရာတို့ကိုပြုခဲ့၏။ ငါ၏သစ်သားရုပ်တု၊ ကြေးရုပ်တုတို့သည် ထိုအရာတို့ကို အမိန့်ပေးခဲ့ကြ၏’ဟု သင်မပြောနိုင်အောင် ရှေးမဆွကပင် သင့်ကို ငါပြောခဲ့၏။ မဖြစ်လာမီကပင် သင့်ကို ကြားသိစေခဲ့၏။
ထိုအရာတို့သည် ရှေးယခင်ကမဟုတ် ယခုပင် ဖန်ဆင်းခြင်းခံရ၏။ ယနေ့ထိ သင်မကြားဖူးသေး။ ထို့ကြောင့် ‘ကြည့်ရှုလော့။ ထိုအရာတို့ကို ငါသိနှင့်ပြီ’ဟု သင်ပြော၍မရ။
မိမိကိုယ်မိမိပညာရှိသူ၊ အသိဉာဏ်ရှိသူဟု ထင်မှတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။
ထာဝရဘုရားက “ပညာရှိသောသူသည် မိမိဉာဏ်ပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီးသောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ ချမ်းသာသောသူသည် မိမိဓနဥစ္စာ၌ မဝါကြွားစေနှင့်”ဟု မိန့်တော်မူ၏။
မှန်ပါပေ၏။ သင်သည် ဒံယေလထက်သာ၍ပညာရှိ၏။ သင့်ရှေ့တွင် မည်သည့်အရာမျှဖုံးကွယ်၍မရ။
ဒါဝိဒ်အမျိုးအနွယ်၊ ဂျေရုဆလင်မြို့သားတို့၏ဂုဏ်ကျက်သရေသည် ယုဒအမျိုးတို့ထက် မကြီးမြတ်စေရန် ထာဝရဘုရားသည် ယုဒအမျိုး၏တဲများကို ဦးစွာကယ်တင်တော်မူမည်။
ယေရှုက“အထက်အရပ်မှပေးအပ်တော်မမူလျှင် သင်သည် ငါ့အပေါ် မည်သည့်အခွင့်အာဏာမျှမရှိ။ ထို့ကြောင့် ငါ့ကို သင့်လက်သို့အပ်နှံသောသူ၌ ပို၍ကြီးလေးသောအပြစ်ရှိ၏”ဟု ပြန်၍မိန့်တော်မူ၏။
မည်သူမျှ ကိုယ့်ကိုယ်ကိုယ်မလှည့်ဖြားစေနှင့်။ သင်တို့တွင် တစ်စုံတစ်ဦးက မိမိသည် ဤလောက၌ ပညာရှိဖြစ်သည်ဟုထင်မှတ်လျှင် ထိုသူသည် ပညာရှိဖြစ်နိုင်ရန် မိုက်မဲသောသူဖြစ်ပါစေ။
ထာဝရဘုရားက ဂိဒေါင်အား “သင်နှင့်အတူ ပါလာသောသင့်လူတို့သည် အလွန်များသောကြောင့် သူတို့လက်သို့ မိဒျန်လူမျိုးတို့ကို ငါမအပ်။ အပ်မည်ဆိုလျှင် အစ္စရေးလူမျိုးတို့က ‘ငါတို့၏လက်ရုံးသည် ငါတို့ကိုကယ်တင်ပြီ’ဟု ဝါကြွားပြောဆိုကြလိမ့်မည်။