ယောဘဝတ္တု။ 31:35 - မြန်မာ့စံမီသမ္မာကျမ်း ငါပြောသောစကားများကို မည်သူနားထောင်ပေးမည်နည်း။ ကြည့်ကြပါ။ ငါလက်မှတ်ထိုးပြီဖြစ်၍ အနန္တတန်ခိုးရှင်သည် ငါ့စကားကိုနားညောင်းတော်မူပါစေသော။ ငါ့ကိုစွဲချက်တင်သောသူသည် စွဲချက်ကို ရေးမှတ်ပါစေသော။ Common Language Bible တစုံတယောက်သောသူသည် ငါ့စကားကို နားထောင်ပါစေသော။ ငါ့လက်မှတ်ကိုငါပေးမည်။ အနန္တတန်ခိုးရှင်သည် ငါ့ကိုစစ်ကြောတော်မူပါစေ။ ငါ့တရားတွေ့ဘက်သည် စာထားပါစေ။ Garrad Bible ငါ့ ငြင်း ချက် ကို တစ် ဦး တစ် ယောက် နား ထောင် ပါ စေ သော။ ငါ လက် မှတ် ထိုး ပြီ။ အ န န္တ တန် ခိုး ရှင် တုံ့ ပြန် တော် မူ ပါ စေ သော။ ဘက် ပြိုင် ရှင် ရေး ထား သော စွပ် စွဲ ချက် ကို ငါ ရ ပါ စေ သော။ Judson Bible တစ်စုံတစ်ယောက်သောသူသည် ငါ့စကားကို နားထောင်ပါစေသော။ ငါ့လက်မှတ်ကို ငါပေးမည်။ အနန္တတန်ခိုးရှင်သည် ငါ့ကိုစစ်ကြောတော်မူပါစေ။ ငါ့တရားတွေ့ဘက်သည် စာရေးသားထားပါစေ။ |
အဘယ်ကြောင့် အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မူ၍ အကျွန်ုပ်ကို ရန်သူကဲ့သို့ ထင်မှတ်တော်မူပါသနည်း။
ငါမူကား အနန္တတန်ခိုးရှင်ကိုသာ လျှောက်တင်လိုပါ၏။ ဘုရားသခင်ထံသို့သာ လျှောက်လဲလိုပါ၏။
ကိုယ်တော်တိုင် အကျွန်ုပ်အတွက် အာမခံပေးတော်မူပါ။ မည်သူသည် အကျွန်ုပ်အတွက် အာမခံပေးမည်နည်း။
‘ရက်စက်လွန်းပါသည်တကား’ဟု ငါအော်ဟစ်သော်လည်း ငါ့ကိုနားညောင်းတော်မမူပါ။ ငါအကူအညီအော်ဟစ်တောင်းခံသော်လည်း တရားသဖြင့်စီရင်ပေးတော်မမူပါ။
ငါ့ရန်သူသည် ဆိုးယုတ်သောသူကဲ့သို့လည်းကောင်း၊ ငါ့ကိုဆန့်ကျင်သောသူသည် လူဆိုးသူခိုးကဲ့သို့လည်းကောင်း ဖြစ်ပါစေ။
ကိုယ်တော့်ထံ အကျွန်ုပ်အကူအညီအော်ဟစ်တောင်းခံသော်လည်း ထူးတော်မမူ။ မတ်တတ်ရပ်ပြသော်လည်း အကျွန်ုပ်ကို ဤအတိုင်းကြည့်တော်မူ၏။
အကယ်စင်စစ် ဒုက္ခရောက်နေသောသူသည် လက်မဆန့်ဘဲနေမည်လော။ ဒုက္ခရောက်သောအခါ အကူအညီမတောင်းဘဲနေမည်လော။
ငါသည် နေရောင်ကွယ်ရာ အမှောင်ထဲတွင် သွားလာရ၏။ လူစုလူဝေးထဲတွင်ရပ်၍ အကူအညီအော်ဟစ်တောင်းခံရ၏။
သို့ပြုလျှင် ထိုစွဲချက်ကို ငါ့ပခုံးထက်တွင် တင်ထားမည်။ သရဖူကဲ့သို့ ဆောင်းထားမည်။
ဘုရားသခင်ရှေ့တော်တွင် သင်နှင့်အကျွန်ုပ်သည် အတူတူပင်ဖြစ်၏။ အကျွန်ုပ်ကိုလည်း မြေမှုန့်ဖြင့် ပုံဖော်ဖန်ဆင်းတော်မူခဲ့၏။
‘ကိုယ်တော့်ကို မမြင်ရ’ဟု သင်မည်သို့ပင်ဆိုစေကာမူ သင့်အမှုသည် ရှေ့တော်သို့ရောက်နှင့်နေပြီဖြစ်၍ ကိုယ်တော်ကိုသာ စောင့်မျှော်လျက်နေပါတော့။
“အပြစ်တင်ပြောဆိုတတ်သောသူ၊ သင်သည် အနန္တတန်ခိုးရှင်ကို ဖက်ပြိုင်မည်လော။ ဘုရားသခင်နှင့် ငြင်းခုံလိုသောသူ၊ သင်ပြန်ပြောပါလော့”ဟု မိန့်တော်မူလျှင်
အို ထာဝရဘုရား၊ အကျွန်ုပ်၌အပြစ်မရှိကြောင်း စီရင်တော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် တည်ကြည်စွာလျှောက်လှမ်း၍ ယိမ်းယိုင်ခြင်းမရှိဘဲ ထာဝရဘုရားကို ယုံကြည်ကိုးစားပါ၏။
သင်သည် သင့်ကိုတရားစွဲဆိုသူနှင့်အတူလမ်း၌ရှိစဉ် သူနှင့်သင့်မြတ်အောင် အလျင်အမြန်ပြုလော့။ သို့မဟုတ်ပါက ထိုတရားစွဲဆိုသူသည် သင့်ကို တရားသူကြီးထံအပ်၍ တရားသူကြီးသည် အစောင့်တပ်သားထံအပ်သဖြင့် သင်သည် ထောင်ထဲ၌ ထည့်ထားခြင်းခံရလိမ့်မည်။