ယောဘဝတ္တု။ 3:5 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်ကို မှောင်မိုက်ခြင်းနှင့် သေမင်းအရိပ်တို့သည် သိမ်းယူပါစေ။ တိမ်တိုက်ဖုံးလွှမ်းပါစေ။ နေ့၏အမှောင်ထုသည် ထိုနေ့ရက်ကို ခြောက်လှန့်ပါစေ။ Common Language Bible မှောင်မိုက်၊ သေမင်းအရိပ်သည် ထိုနေ့ရက် အသရေကို ရှုတ်ချပါစေ။ မိုဃ်းတိမ်ထပ် လွှမ်းမိုးပါစေ။ မွန်းတည့်အရှိန်ဖြင့် ကြောက်မက်ဘွယ် ဖြစ်ပါစေ။ Garrad Bible မှောင် မိုက် နှင့် သေ မင်း ရိပ် ကား။ ထို နေ့၏ ဆွေ မျိုး သား ချင်း ဖြစ် ပါ စေ။ မိုး သား တိမ် တိုက် လွှမ်း အုပ်၍၊ နေ့ အ ချိန် ကျ သော မှောင် မိုက် အ တိ သည်၊ ထို နေ့ ကို ခြောက် လှန့် ပါ စေ။ Judson Bible မှောင်မိုက်၊ သေမင်းအရိပ်သည် ထိုနေ့ရက်အသရေကို ရှုတ်ချပါစေ။ မိုးတိမ်ထပ် လွှမ်းမိုးပါစေ။ မွန်းတည့်အရှိန်ဖြင့် ကြောက်မက်ဖွယ် ဖြစ်ပါစေ။ |
နံနက်အချိန်သည် သူတို့အဖို့ သေမင်းအရိပ်ကဲ့သို့ဖြစ်၏။ သူတို့သည် ထိတ်လန့်ဖွယ်သောသေမင်းအရိပ်နှင့် အကျွမ်းဝင်ကြ၏။
မိုင်းတူးသမားသည် အမှောင်ကိုခွင်း၍ တွင်းနက်အဆုံးစွန်ထိ သတ္တုရိုင်းများကို သေမင်းအရိပ်လွှမ်းမိုးရာအမှောင်ထုကြီးထဲ၌ ရှာဖွေတတ်၏။
ထိုနေ့ရက်သည် မှောင်မိုက်ဖြစ်ပါစေ။ အထက်အရပ်ရှိဘုရားသခင်သည် ထိုနေ့ရက်ကို အမှတ်မထားပါစေနှင့်။ ထိုနေ့ရက်သည် အလင်း မထွန်းလင်းပါစေနှင့်။
ထိုညကိုလည်း အမှောင်ထု သိမ်းပိုက်သွားပါစေ။ တစ်နှစ်တာ၏နေ့ရက်များတွင် ထိုညသည် ဝမ်းသာအားရခွင့် မရပါစေနှင့်။ လတို့၏အရေအတွက်ထဲတွင်လည်း စာရင်းမဝင်ပါစေနှင့်။
သေမင်းတံခါးများက သင့်ကိုဖွင့်ပေးဖူးသလော။ သေမင်းအရိပ်၏တံခါးများကို သင်မြင်ဖူးသလော။
အချို့တို့သည် မှောင်မိုက်နှင့်သေခြင်း၏အရိပ်ထဲ၌ ထိုင်နေရသောသူများ၊ ဖိစီးနှိပ်စက်မှုနှင့်သံကြိုး၏ချည်နှောင်ခြင်းကို ခံရသောသူများ ဖြစ်ကြ၏။
သူတို့ကို မှောင်မိုက်နှင့်သေခြင်း၏အရိပ်ထဲမှ ထုတ်ဆောင်၍ သူတို့ခံရသောအချည်အနှောင်များကို ဖြတ်တော်မူ၏။
အကယ်၍ သေခြင်း၏အရိပ်လွှမ်းမိုးသောချိုင့်ဝှမ်း၌ လျှောက်သွားရသော်လည်း အကျွန်ုပ်သည် ဘေးအန္တရာယ်ကိုမကြောက်ပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူရှိတော်မူ၏။ ကိုယ်တော်၏လှံတံတော်နှင့်တောင်ဝှေးတော်သည် အကျွန်ုပ်ကိုနှစ်သိမ့်ပေးပါ၏။
သို့သော် ကိုယ်တော်သည် ခွေးအတို့နေရာအရပ်တွင် အကျွန်ုပ်တို့ကိုကြေမွစေ၍ သေခြင်း၏အရိပ်ဖြင့် အကျွန်ုပ်တို့ကိုဖုံးလွှမ်းခဲ့ပါ၏။
အမှောင်ထဲ၌ လျှောက်လှမ်းသောလူတို့သည် ကြီးမားသောအလင်းကိုမြင်ရပြီ။ သေမင်းအရိပ်လွှမ်းမိုးသောပြည်၌နေထိုင်သောသူတို့တွင် အလင်းထွန်းလင်းပြီ။
ကိုယ်တော်သည် မှောင်မိုက်ကိုဖြစ်စေသဖြင့် သင်တို့သည် မှောင်မည်းသောတောင်ပေါ်တွင် ခလုတ်မတိုက်မိမီ၊ သင်တို့သည် အလင်းကိုစောင့်မျှော်လျက်နေစဉ် ကိုယ်တော်သည် ထိုအလင်းကို မှုန်မှိုင်းစေ၍ အမှောင်ထုမဖြစ်စေမီ သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ဘုန်းတော်ကို ချီးမွမ်းကြလော့။
သူတို့က ‘ငါတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူပြီးလျှင် ချောက်ပေါများသောသဲကန္တာရ၊ ခြောက်သွေ့၍သေမင်းအရိပ်လွှမ်းမိုးရာ၊ နေထိုင်သွားလာသူမရှိရာ တောကန္တာရတစ်လျှောက် ပို့ဆောင်တော်မူသောထာဝရဘုရားသည် အဘယ်မှာနည်း’ဟု မမေးကြ။
ထို့ကြောင့် မြေကြီးသည် ငိုကြွေးမြည်တမ်းလိမ့်မည်။ အထက်ကောင်းကင်သည် မှောင်မည်းလိမ့်မည်။ ငါမိန့်ဆိုခဲ့ပြီ။ ကြံစည်ခဲ့ပြီ။ စိတ်ပြောင်းလဲမည်မဟုတ်။ နောက်ပြန်လှည့်မည်မဟုတ်။
နေ့ရက်အချိန် နီးလာပြီ။ စင်စစ် ထာဝရဘုရား၏နေ့ နီးလာပြီ။ ထိုနေ့သည် မိုးတိမ်ထူထပ်သောနေ့၊ လူမျိုးတကာတို့ပျက်စီးရာနေ့ ဖြစ်လိမ့်မည်။
သိုးထိန်းသည် ကွဲလွင့်သွားသော မိမိ၏သိုးတို့ကို လိုက်ရှာသကဲ့သို့ ငါသည်လည်း ငါ့သိုးတို့ကို ရှာဖွေမည်။ မိုးအုံ့၍အမှောင်ကျသောနေ့တွင် အရပ်ရပ်ကွဲလွင့်သွားသော ငါ့သိုးတို့ကိုကယ်တင်မည်။
ထိုနေ့သည် အမှောင်တကာ့အမှောင်နေ့၊ မိုးအုံ့၍အမှောင်ကျသောနေ့ ဖြစ်၏။ တောင်ပေါ်တွင် အရုဏ်ဦးအလင်းဖြာကျသကဲ့သို့ အင်အားကြီးသောလူမျိုးကြီးတစ်မျိုး ပေါ်လာမည်။ ဤအဖြစ်မျိုးသည် ရှေးကလည်း မဖြစ်ဖူး။ နောင်ကာလမျိုးဆက်အစဉ်အဆက်တွင်လည်း ဖြစ်လိမ့်မည်မဟုတ်။
ခုနစ်စင်ကြယ်နှင့် သရဝဏ်နက္ခတ်တို့ကိုဖန်ဆင်းတော်မူသောအရှင်၊ သေမင်းအရိပ်ကို နံနက်အလင်းဖြစ်စေသောအရှင်၊ နေ့ကို ညအမှောင်ဖြစ်စေသောအရှင်၊ ပင်လယ်ရေကို ဆင့်ခေါ်ပြီး ထိုရေတို့ကို မြေမျက်နှာပြင်ပေါ်လွှတ်ပေးလိုက်သောအရှင်၏နာမတော်ကား ထာဝရဘုရားဟူ၍ဖြစ်၏။
ထို့ပြင် သင်တို့၏ပျော်ပွဲများကို ငိုပွဲများ ဖြစ်စေမည်။ သင်တို့၏သီချင်းများကို ငိုချင်း ဖြစ်စေမည်။ သင်တို့အားလုံးကို လျှော်တေဝတ်စေ၍ ခေါင်းတုံး ဖြစ်စေမည်။ တစ်ဦးတည်းသောသားအတွက် ငိုကြွေးမြည်တမ်းရသကဲ့သို့ ဖြစ်စေမည်။ နိဂုံးသည်လည်း ခါးသီးသောနေ့ရက် ဖြစ်လိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
အမှောင်ထဲ၌နေထိုင်သောသူတို့သည် ကြီးမားသောအလင်းကိုမြင်ရကြ၍ သေခြင်းအရိပ်လွှမ်းမိုးသောပြည်၌ နေထိုင်သောသူတို့ထံသို့ အလင်းပေါ်ထွက်လာပြီ”ဟူ၍ဖြစ်၏။
မှောင်မိုက်နှင့် သေခြင်း၏အရိပ်ထဲတွင်နေထိုင်သောသူတို့အပေါ် ထွန်းလင်းကာ ငါတို့၏ခြေကို ငြိမ်သက်ခြင်းလမ်းထဲသို့ပို့ဆောင်တော်မူ၏”ဟု ဆိုလေ၏။
သင်တို့လည်း ချဉ်းကပ်လာ၍ တောင်ခြေရင်း၌ ရပ်နေကြ၏။ ထိုအခါ တောင်ပေါ်၌ မိုးကောင်းကင်အလယ်တိုင်အောင် မီးတောက်လောင်ပြီး မှောင်မည်းသောမိုးတိမ်နှင့်အမှောင်ထုဖုံးလေ၏။
သင်တို့သည် တို့ထိစမ်းသပ်နိုင်သောတောင်တည်းဟူသော မီးတောက်လောင်ခြင်း၊ မှုန်မှိုင်းခြင်း၊ မှောင်မည်းခြင်း၊ မိုးသက်မုန်တိုင်း၊