ဆာလံ 107:14 - မြန်မာ့စံမီသမ္မာကျမ်း14 သူတို့ကို မှောင်မိုက်နှင့်သေခြင်း၏အရိပ်ထဲမှ ထုတ်ဆောင်၍ သူတို့ခံရသောအချည်အနှောင်များကို ဖြတ်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible14 ကိုယ်တော်သည်သူတို့အားမှောင်မိုက်အတိ ဖုံးလွှမ်းရာ အရပ်မှထုတ်ဆောင်တော်မူ၍ သူတို့အားချည်နှောင်ထားသည့်သံကြိုး များကို အပိုင်းပိုင်းဖြတ်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible14 ဆင်း ရဲ ဒု က္ခ ထဲ က ကယ်၍၊ မှောင် မိုက် ရာ အ ရပ်၊ သေ မင်း အ ရိပ် ထဲ က ထုတ် ဆောင် လျက်၊ သူ တို့ အ ချည် အ နှောင် များ ကို ဖြည် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible14 မှောင်မိုက်နှင့် သေမင်းအရိပ်ထဲက ထုတ်ဆောင်၍ သူတို့ချည်နှောင်ခြင်းကို ဖြေတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဘုရားရှင်ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ စိတ်နှလုံးကြေကွဲသောသူတို့ကို ဖြေသိမ့်ပေးရန်၊ ဖမ်းဆီးချုပ်နှောင်ခံရသူတို့အား လွတ်မြောက်ခြင်းတရားကိုဟောပြောရန်၊ အကျဉ်းချခံရသောသူတို့အား လွတ်ငြိမ်းခြင်းတရားဟောပြောရန် ငါ့ကိုစေလွှတ်တော်မူပြီ။
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။