ယောဘဝတ္တု။ 28:13 - မြန်မာ့စံမီသမ္မာကျမ်း လူသည် ဉာဏ်ပညာ၏တန်ဖိုးကို မသိ။ ဉာဏ်ပညာကို သက်ရှိလောကတွင် ရှာတွေ့နိုင်မည်မဟုတ်။ Common Language Bible ဥာဏ်ပညာအဘိုးကို လူမသိနိုင်။ အသက်ရှင် သော သူတို့၏ နေရာ၌ရှာ၍မတွေ့နိုင်။ Garrad Bible ထို အ ကဲ ကို လူ တို့ မ ခတ် နိုင်။ အ သက် ရှိ သူ တို့ နေ ပြည်၌ လည်း ရှာ၍ မ တွေ့ ချေ။ Judson Bible ဉာဏ်ပညာအဖိုးကို လူမသိနိုင်။ အသက်ရှင်သောသူတို့၏ နေရာ၌ ရှာ၍မတွေ့နိုင်။ |
ကိုယ်တော်၏နှုတ်တော်ထွက်တရားသည် အကျွန်ုပ်အတွက် ထောင်ပေါင်းများစွာသောရွှေငွေတို့ထက် ပို၍ကောင်းပါ၏။
၎င်းတို့သည် ရွှေထက်မက များစွာသောရွှေစင်ထက်ပင် နှစ်လိုဖွယ်ဖြစ်ပြီး ပျားရည်ထက်မက ပျားလပို့မှပျားရည်ထက်ပင် ချိုမြိန်၏။
အကယ်စင်စစ် အသက်ရှင်သောသူတို့၏ပြည်၌ ထာဝရဘုရား၏ကောင်းမြတ်ခြင်းကို တွေ့မြင်ရမည်ဟု ငါယုံကြည်စိတ်ချ၏။
အကယ်စင်စစ် ဘုရားသခင်သည် သင့်ကိုထာဝရဖြိုဖျက်တော်မူလိမ့်မည်။ ကိုယ်တော်သည် သင့်ကိုဖမ်းဆုပ်၍ တဲထဲမှဆွဲထုတ်တော်မူလိမ့်မည်။ အသက်ရှင်သောသူတို့နေထိုင်ရာမြေပေါ်မှလည်း သင့်ကိုနုတ်ပယ်တော်မူလိမ့်မည်။(စေလာ)
ရွှေကိုရရှိခြင်းထက် ဉာဏ်ပညာကိုရရှိခြင်းသည် အလွန်ကောင်း၏။ ငွေကိုရရှိခြင်းထက် အသိဉာဏ်ရရှိခြင်းကို ရွေးချယ်ရန်ကောင်း၏။
သမ္မာတရားကိုဝယ်ယူလော့။ မရောင်းနှင့်။ ဉာဏ်ပညာ၊ ဆုံးမပဲ့ပြင်ခြင်းနှင့် အသိဉာဏ်ကိုလည်း ထိုနည်းတူပြုလော့။
အကြောင်းမူကား ဉာဏ်ပညာသည် ပတ္တမြားတို့ထက်ကောင်းမြတ်၍ မည်သည့်နှစ်သက်ဖွယ်သောအရာနှင့်မျှ နှိုင်းယှဉ်၍မရနိုင်။
သက်ရှိကမ္ဘာမြေ၌ ထာဝရဘုရားရှင်ကို ငါဖူးမြင်ရတော့မည်မဟုတ်။ ကမ္ဘာလောက၌နေထိုင်သော လူသားတို့ကို တွေ့မြင်ရတော့မည်မဟုတ်။
သူသည် ဖိနှိပ်ခြင်းခံရ၏။ စီရင်ခြင်းလည်းခံရ၏။ သူ့ကိုခေါ်ဆောင်သွားကြ၏။ သူသည် သက်ရှိကမ္ဘာမြေမှဖယ်ထုတ်ခြင်းခံရကြောင်း၊ ငါ့လူမျိုးတော်တို့ ကျူးလွန်သောအပြစ်ကြောင့် ရိုက်နှက်ခြင်းခံရကြောင်းကို သူ၏မျိုးဆက်မှ မည်သူသည် ဆင်ခြင်အောက်မေ့မည်နည်း။
ငါသည် သတ်ရန်ခေါ်ဆောင်သွားသည့် နူးညံ့သောသိုးသငယ်ကဲ့သို့ဖြစ်၏။ “သူ၏အပင်ကို အသီးနှင့်တကွ ဖျက်ဆီးကြကုန်စို့။ သူ၏အမည်ကို နောက်ထပ်အမှတ်မရစေရန် လူ့လောကမှ သူ့ကိုဖယ်ရှားကြကုန်စို့”ဟု ဆိုလျက် ငါ့ကို လျှို့ဝှက်ကြံစည်နေကြသည်ကို ငါမသိခဲ့ပေ။
ထိုအရပ်တွင် ဧလံဘုရင်ရှိ၏။ သူ့လူအလုံးအရင်းတို့သည် သူ၏သင်္ချိုင်းပတ်ပတ်လည်တွင်ရှိ၏။ သူတို့သည် အသက်ရှင်စဉ် လောကလူသားတို့အား ထိတ်လန့်တုန်လှုပ်စေခဲ့၍ ဓားဖြင့်အသတ်ခံရသူများ ဖြစ်ကြ၏။ ယခုမူ မြေကြီးအောက်ရောက်သွားသော အရေဖျားလှီးခြင်းမခံသောသူတို့နှင့်အတူ သူတို့သည် အသရေပျက်လျက် တွင်းနက်ထဲသို့ကျသွားကြလေပြီ။