ဟေရှာယ 53:8 - မြန်မာ့စံမီသမ္မာကျမ်း
8 သူသည် ဖိနှိပ်ခြင်းခံရ၏။ စီရင်ခြင်းလည်းခံရ၏။ သူ့ကိုခေါ်ဆောင်သွားကြ၏။ သူသည် သက်ရှိကမ္ဘာမြေမှဖယ်ထုတ်ခြင်းခံရကြောင်း၊ ငါ့လူမျိုးတော်တို့ ကျူးလွန်သောအပြစ်ကြောင့် ရိုက်နှက်ခြင်းခံရကြောင်းကို သူ၏မျိုးဆက်မှ မည်သူသည် ဆင်ခြင်အောက်မေ့မည်နည်း။
အခန်းကိုကြည့်ပါ။ ကော်ပီ
8 လူတို့သည်သူ့ကိုဖမ်းဆီးပြီးလျှင်သေဒဏ် စီရင်ကြ၏။ ထိုနောက်အသေခံစေရန်ထုတ်ဆောင်သွားကြ၏။ သို့ရာတွင်သူကြုံတွေ့ရမည့်ကံကြမ္မာကို အဘယ်သူမျှဂရုမစိုက်ကြ။ သူသည်ငါတို့အမျိုးသားတို့၏အပြစ်များ အတွက် သေဒဏ်စီရင်ခြင်းခံရ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
8 ညှဉ်း ပန်း စွာ စီ ရင် ခြင်း ကြောင့် ရုပ် သိမ်း ခံ ရ သော် လည်း၊ ရုပ် သက် ရှင် သော လူ့ ဘောင် နှင့် ကင်း ပြတ် ကြောင်း ကို၊ လူ မျိုး သား ချင်း တို့ အ နက်၊ မည် သူ အောက် မေ့ သ နည်း။ လူ မျိုး တော်၏ လွန် ကျူး မှု များ ကြောင့် ဒဏ် ခံ ရ လေ စွ။
အခန်းကိုကြည့်ပါ။ ကော်ပီ
8 မတရားစွာ စီရင်ခြင်းအားဖြင့် သူ့ကိုထုတ်သွားကြ၏။ အသက်ရှင်သော သူတို့၏နေရာမှ သူ့ကို သုတ်သင်ပယ်ရှင်းသည်ဖြစ်၍၊ သူ၏အမျိုးအနွယ်ကို အဘယ်သူ ပြညွှန်မည်နည်း။ ငါ၏လူမျိုးအပြစ်ကြောင့် ဒဏ်ခတ်တော်မူခြင်းကို ခံလေ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ