ထို့နောက် ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုပုံဖော်ဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်သွင်းတော်မူရာ လူသည် သက်ရှိသတ္တဝါဖြစ်လာ၏။
ယောဘဝတ္တု။ 27:3 - မြန်မာ့စံမီသမ္မာကျမ်း ငါ့အထဲ၌ ဇီဝအသက်ရှိနေသေးသရွေ့၊ ငါ့နှာခေါင်းထဲတွင် ဘုရားသခင်ပေးသောလေရှူနေရသေးသရွေ့ Common Language Bible ငါ့အသက်ရှင်လျက်၊ ငါ့နှာခေါင်း၌ ဘုရားသခင်ပေးတော်မူသော အသက်တည်သမျှကာလပတ်လုံး၊ Garrad Bible ဇီ ဝ အ သက် ရှိ သေး လျက်၊ နှာ ခေါင်း၌ ဘု ရား သ ခင် ရှု မှုတ် တော် မူ သော လေ ရှိ သေး လျက်၊ ငါ သ စ္စာ ဆို သည် မှာ၊ Judson Bible ငါ့အသက်ရှင်လျက်၊ ငါ့နှာခေါင်း၌ ဘုရားသခင်ပေးတော်မူသောအသက် တည်သမျှကာလပတ်လုံး၊ |
ထို့နောက် ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုပုံဖော်ဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်သွင်းတော်မူရာ လူသည် သက်ရှိသတ္တဝါဖြစ်လာ၏။
သက်ရှိသတ္တဝါတိုင်း၏အသက်၊ လူသားတိုင်း၏ထွက်သက်ဝင်သက်သည် ထာဝရဘုရားလက်တော်၌ရှိ၏။
သို့သော် လူ၌ ဝိညာဉ်ရှိ၏။ အနန္တတန်ခိုးရှင်၏ဝိညာဉ်တော်သည် လူတို့အား နားလည်နိုင်စွမ်းကို ပေးတော်မူပါ၏။
ဘုရားသခင်၏ဝိညာဉ်တော်သည် အကျွန်ုပ်ကို ဖန်ဆင်းတော်မူ၏။ အနန္တတန်ခိုးရှင်၏ဇီဝအသက်သည် အကျွန်ုပ်ကို အသက်ရှင်စေတော်မူ၏။
နှာခေါင်းနှင့်အသက်ရှူတတ်သောလူကို မကိုးစားနှင့်။ ထိုသို့သောသူ၌ အဘယ်အားထားစရာရှိသနည်း။
ကိုယ်တော်သည် အသက်နှင့်တကွ ထွက်သက်ဝင်သက်နှင့် အရာခပ်သိမ်းတို့ကို လူအပေါင်းတို့အား ပေးတော်မူသည်ဖြစ်၍ တစ်စုံတစ်ခုကိုလိုအပ်သည့်အလား လူ့လက်ဖြင့်ပြုစုခြင်းကို ခံတော်မူသည်မဟုတ်။