သူသည် မြည်းရိုင်းကဲ့သို့သောသူဖြစ်ပြီး သူသည် လူတိုင်းကိုဆန့်ကျင်လိမ့်မည်။ လူတိုင်းသည်လည်း သူ့ကိုဆန့်ကျင်လိမ့်မည်။ သူသည် မိမိညီအစ်ကိုအပေါင်းတို့နှင့် ရန်ဘက်ပြုလျက်နေထိုင်လိမ့်မည်”ဟု မြွက်ဆို၏။
ယောဘဝတ္တု။ 24:5 - မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ သူတို့သည် ကန္တာရမြည်းရိုင်းကဲ့သို့ အစာကို ကြိုးစား၍လိုက်လံရှာဖွေစားရ၏။ ကန္တာရသည်သာ သူတို့၏သားသမီးအဖို့ အစားအစာကို ရရှိစေ၏။ Common Language Bible သူတို့သည်အလုပ်လုပ်ခြင်းငှါ တော၌ရိုင်းသော မြည်းကဲ့သို့ ထွက်ရကြ၏။ စားစရာကိုရှာခြင်းငှါ နံနက် စောစောသွား၍၊ ကိုယ်အဘို့နှင့် သားသမီးတို့အဘို့ကို တော၌တွေ့ရကြ၏။ Judson Bible သူတို့သည် အလုပ်လုပ်ခြင်းငှာ တော၌ရိုင်းသောမြည်းကဲ့သို့ ထွက်ရကြ၏။ စားစရာကိုရှာခြင်းငှာ နံနက်စောစောသွား၍၊ ကိုယ်အဖို့နှင့် သားသမီးတို့အဖို့ကို တော၌တွေ့ရကြ၏။ |
သူသည် မြည်းရိုင်းကဲ့သို့သောသူဖြစ်ပြီး သူသည် လူတိုင်းကိုဆန့်ကျင်လိမ့်မည်။ လူတိုင်းသည်လည်း သူ့ကိုဆန့်ကျင်လိမ့်မည်။ သူသည် မိမိညီအစ်ကိုအပေါင်းတို့နှင့် ရန်ဘက်ပြုလျက်နေထိုင်လိမ့်မည်”ဟု မြွက်ဆို၏။
သင်သည် ဓားဖြင့်အသက်မွေး၍ သင့်ညီထံ၌အစေခံရလိမ့်မည်။ သို့သော် သင်ရုန်းကန်သောအားဖြင့် သူ၏ထမ်းပိုးကို သင်၏လည်ပင်းမှချွတ်နိုင်လိမ့်မည်”ဟု ဆိုလေ၏။
ဓားပြတို့၏တဲသည် အေးချမ်းလျက်ရှိ၏။ ကိုယ့်လက်ဖြင့် ဘုရားကိုလုပ်၍ ဘုရားသခင်၏အမျက်တော်ကိုနှိုးဆွသောသူတို့သည် ဘေးကင်းလုံခြုံလျက်ရှိ၏။
လူသတ်သမားသည် အရုဏ်တက်ချိန်တွင် ထ၍ ဆင်းရဲသောသူ၊ နွမ်းပါးသောသူတို့ကို သတ်တတ်၏။ ညဘက်တွင်မူကား သူသည် သူခိုးကဲ့သို့ဖြစ်၏။
တိရစ္ဆာန်အစာကို လယ်ကွင်းတွင် လိုက်ရိတ်ရ၏။ ဆိုးယုတ်သောသူတို့၏စပျစ်ခြံတွင် ကောက်သင်းကောက်ရ၏။
သူရိတ်သိမ်းထားသောသီးနှံများ ဆူးပင်ကြား၌ဝှက်ထားလျှင်ပင် ဆာလောင်မွတ်သိပ်သောသူသည် ယူစားလိမ့်မည်။ သူခိုးဓားပြတို့သည် သူ၏ဥစ္စာပစ္စည်းကို တိုက်ယူသွားလိမ့်မည်။
လူသည် မိမိ၏လုပ်ငန်းခွင်သို့သွား၍ နေဝင်ချိန်တိုင်အောင် မိမိအလုပ်ကိုလုပ်ဆောင်ပါ၏။
အကြောင်းမူကား သူတို့သည် ဆိုးညစ်သောအမှုကိုမပြုရလျှင် အိပ်မပျော်နိုင်ကြ။ တစ်စုံတစ်ဦးကိုခလုတ်တိုက်အောင်မပြုရလျှင် မအိပ်စက်နိုင်ကြ။
ရာဂစိတ်ထကြွနေသော၊ တောကန္တာရ၌ကျက်စားနေသော မြည်းရိုင်းမပါတကား။ မိတ်လိုက်ချိန်၌ သူ့ကို အဘယ်သူ ထိန်းချုပ်နိုင်သနည်း။ မိတ်လိုက်ချိန်၌ သူ့ကိုအပင်ပန်းခံပြီးရှာစရာမလိုဘဲ တွေ့လိမ့်မည်။
မုန့်ဖုတ်သောသူသည် တစ်ညလုံးအိပ်သော်လည်း နံနက်အချိန်၌ မီးဖိုသည်မီးတောက်လောင်ဆဲရှိသကဲ့သို့ မကောင်းမှုပြုရန် လျှို့ဝှက်ကြံစည်နေသောသူတို့၏စိတ်နှလုံးသည် ထိုမီးဖိုကဲ့သို့ တောက်လောင်နေ၏။
အကြောင်းမူကား သူတို့သည် အဆီးရီးယားပြည်သို့ သွားကြလေပြီ။ တစ်ကောင်တည်းသွားလာတတ်သောမြည်းရိုင်းကဲ့သို့ ဖြစ်လေပြီ။ ဧဖရိမ်သည် ချစ်သူများ ငှားရမ်းလေပြီ။
အိပ်ရာထက်တွင် ဒုစရိုက်ပြုဖို့ကြံစည်နေသူ၊ မကောင်းမှုပြုဖို့တွေးနေသူတို့သည် အမင်္ဂလာရှိ၏။ ထိုသူတို့သည် လုပ်နိုင်စွမ်းရှိသည့်အတိုင်း မိုးလင်းသောအခါ ထိုအကြံအတိုင်း လုပ်တတ်ကြ၏။
ထိုမြို့၏အကြီးအကဲတို့သည် ဟိန်းဟောက်သောခြင်္သေ့များနှင့် တူ၏။ တရားသူကြီးတို့သည် နေဝင်ချိန်ရောက်မှ အစာရှာ၍ နံနက်တိုင်အောင် ဘာမျှမချန်ဘဲ စားတတ်သောဝံပုလွေများနှင့်တူ၏။
ထို့နောက် သူတို့သည် ယေရှုကို ကယာဖထံမှ ဘုရင်ခံရုံးတော်သို့ ခေါ်ဆောင်သွားကြ၏။ အချိန်ကား နံနက်စောစောအချိန်ဖြစ်၏။ သူတို့သည် ညစ်ညူးခြင်းနှင့်ကင်းလွတ်၍ ပသခါပွဲတော်ကိုစားနိုင်ရန် ရုံးတော်ထဲသို့မဝင်ဘဲနေကြ၏။
မိုးလင်းသောအခါ ဂျူးလူမျိုးတို့သည် ပူးပေါင်းကြံစည်လျက် ပေါလုကိုမသတ်ရမချင်း မည်သည့်အရာကိုမျှ မစားမသောက်ရန် ကျိန်ဆိုကြ၏။