ယောဘဝတ္တု။ 24:1 - မြန်မာ့စံမီသမ္မာကျမ်း အနန္တတန်ခိုးရှင်သည် အချိန်ကာလကို အဘယ်ကြောင့် သတ်မှတ်တော်မမူသနည်း။ ကိုယ်တော်နှင့်သိကျွမ်းသောသူတို့သည် ကိုယ်တော်၏နေ့ရက်ကို အဘယ်ကြောင့် မမြင်ရသနည်း။ Common Language Bible အနန္တတန်ခိုးရှင်သည် အဘယ်ကြောင့် ကာလအချိန်တို့ကို သိုထားတော်မမူသနည်း။ နားလည်သော သူတို့သည် တရားစီရင်တော်မူရာ နေ့ရက်ကိုအဘယ်ကြောင့် မမြင်ရသနည်း။ Garrad Bible အ န န္တ တန် ခိုး ရှင် သည်၊ အ ဘယ့် ကြောင့် ချိန်း ချက်၍ ထား တော် မူ သ နည်း။ ထို သို့ သော နေ့ ရက် ကာ လ များ ကို၊ ကိုယ် တော် နှင့် ကျွမ်း ဝင် သူ တို့ သည် အ ဘယ့် ကြောင့် မ မြင် ရ ကြ သ နည်း။ Judson Bible အနန္တတန်ခိုးရှင်သည် အဘယ်ကြောင့်ကာလအချိန်တို့ကို သိုထားတော်မမူသနည်း။ နားလည်သောသူတို့သည် တရားစီရင်တော်မူရာနေ့ရက်ကို အဘယ်ကြောင့် မမြင်ရသနည်း။ |
အကြောင်းမူကား နောက်ခုနစ်ရက်ပြည့်လျှင် ငါသည် အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်တွင်မိုးရွာစေ၍ ငါဖန်ဆင်းသောသတ္တဝါအပေါင်းတို့ကို မြေပြင်ပေါ်မှ ငါသုတ်သင်ပယ်ရှင်းမည်”ဟု မိန့်တော်မူ၏။
ဆိုးယုတ်သောသူသည် ဝေဒနာများကိုသာ တစ်သက်လုံးခံစားရတတ်၏။ ကြမ်းကြုတ်သောသူတို့အဖို့လည်း ဝေဒနာနှစ်ကာလများ သိုထားလျက်ရှိ၏။
အကျွန်ုပ်၏အချိန်ကာလတို့သည် ကိုယ်တော်၏လက်တော်၌ရှိပါ၏။ အကျွန်ုပ်၏ရန်သူတို့နှင့် အကျွန်ုပ်ကိုလိုက်လံညှဉ်းဆဲသောသူတို့၏လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။
ကိုယ်တော်ကိုသိသောသူတို့၌ ကိုယ်တော်၏မေတ္တာကရုဏာတော်ကိုလည်းကောင်း၊ စိတ်နှလုံးဖြောင့်မှန်သောသူတို့၌ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကိုလည်းကောင်း တည်မြဲတည်စေတော်မူပါ။
ကိုယ်တော်၏နာမတော်ကိုသိသောသူတို့သည် ကိုယ်တော်ကိုယုံကြည်ကိုးစားကြပါလိမ့်မည်။ အကြောင်းမူကား အို ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော်ကိုရှာသောသူတို့အား စွန့်ပစ်တော်မမူပါ။
“ဘုရားသခင်သည် ဖြောင့်မတ်သောသူနှင့် ဆိုးယုတ်သောသူတို့ကို တရားစီရင်တော်မူမည်။ အကြောင်းမူကား ခပ်သိမ်းသောအကြောင်းကိစ္စနှင့် ခပ်သိမ်းသောအမှုအတွက် သူ့အချိန်ရှိ၏”ဟု ငါ့စိတ်နှလုံးထဲ၌ ငါမြွက်ဆို၏။
အကယ်စင်စစ် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၌ နေ့ရက်တစ်ရက်ရှိ၏။ ထိုနေ့ရက်၌ မောက်မာထောင်လွှားသောသူ၊ ကိုယ့်ကိုယ်ကိုယ်ချီးမြှောက်သောသူအပေါင်းတို့၏မာန်စွယ်ကို ချိုးတော်မူမည်။
လူအနည်းငယ်သည် လူတစ်ထောင်ဖြစ်လာမည်။ အားနည်းသောလူမျိုးသည် အားကြီးသောလူမျိုးဖြစ်လာမည်။ ငါထာဝရဘုရားသည် အချိန်တန်လျှင် ထိုအရာကို အလျင်အမြန်ဖြစ်စေမည်။
ထိုနေ့ရက်သည် ရန်သူတို့ကို ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားရှင်ထာဝရဘုရား လက်တုံ့ပြန်ရာနေ့ဖြစ်၏။ ဓားသည် ရန်သူတို့ကို ကျေနပ်သည်အထိ ဝါးမျိုမည်။ သူတို့သွေးကို သောက်မည်။ မြောက်ဘက်အရပ်၊ ယူဖရေးတီးမြစ်နား၌ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအဖို့ ယဇ်ပူဇော်ပွဲကျင်းပလိမ့်မည်။
ကိုယ်တော်သည် အချိန်နှင့် ရာသီဥတုကို ပြောင်းလဲစေနိုင်၏။ ရှင်ဘုရင်တို့ကိုလည်း နန်းတင်နန်းချ ပြုနိုင်၏။ ပညာရှိကို ဉာဏ်ပညာပေးတော်မူ၏။ ဉာဏ်ရှိသူကိုလည်း အသိပညာပေးတော်မူ၏။
အကယ်စင်စစ် လူမျိုးတကာတို့ကို စီရင်မည့် ထာဝရဘုရားနေ့တော်သည် ရောက်လုနီးပြီ။ ထိုနေ့တွင်သင်ပြုခဲ့သည့်အတိုင်း သင်ပြန်ခံရမည်။ သင်ပြုသမျှ သင့်ခေါင်းပေါ်ပြန်ရောက်လိမ့်မည်။
ဘုရားရှင်ထာဝရဘုရားရှေ့တော်၌ ငြိမ်ဝပ်စွာနေလော့။ အကြောင်းမူကား ထာဝရဘုရား၏နေ့ရက်တော်သည် ရောက်လုနီးပြီ။ ထာဝရဘုရားသည် ယဇ်ကောင်ကိုပြင်ဆင်ထားပြီ။ ဖိတ်ခေါ်ထားသောသူတို့ကိုလည်း သန့်ရှင်းစေတော်မူပြီ။
မည်သို့နည်းဟူမူကား ရေမလွှမ်းမိုးမီကာလ၌ နောဧသည် သင်္ဘောထဲသို့ ဝင်သည့်နေ့တိုင်အောင် လူတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်၊ ပေးစားဆောင်နှင်းလျက်နေ၍
ထာဝရအသက်ဟူသည်မှာ တစ်ဆူတည်းသော စစ်မှန်သည့်ဘုရားဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ ကိုယ်တော်စေလွှတ်တော်မူသော ယေရှုခရစ်တော်ကိုလည်းကောင်း သိကျွမ်းခြင်းပင်ဖြစ်ပါ၏။
ကိုယ်တော်ကလည်း“ခမည်းတော်သည် မိမိအခွင့်အာဏာဖြင့် စီရင်ထားတော်မူသောကာလများ၊ သို့မဟုတ် အချိန်အခါများကို သင်တို့သိရန်မလိုအပ်ပေ။
ကိုယ်တော်သည် လူတစ်ဦးတည်းမှ လူမျိုးအားလုံးကို ဖန်ဆင်း၍ ကမ္ဘာမြေပြင်အနှံ့တွင်နေထိုင်စေကာ အချိန်ကာလများနှင့် သူတို့နေထိုင်ရာနယ်နိမိတ်များကို ကြိုတင်ချမှတ်ပေးတော်မူ၏။
သို့သော် သင်၏မာကျောခက်ထန်မှုနှင့်နောင်တမရသောစိတ်နှလုံးတို့ကြောင့် သင်သည် အမျက်တော်နေ့တည်းဟူသော ဘုရားသခင်၏ဖြောင့်မတ်သည့် တရားစီရင်ခြင်းထင်ရှားရာနေ့အတွက် အမျက်တော်ကို မိမိအဖို့သိုမှီးလျက်ရှိ၏။
သို့ရာတွင် ညီအစ်ကိုတို့၊ ထိုအချိန်အခါနှင့်ကာလများအကြောင်းကို သင်တို့ထံရေးသားရန် မလိုအပ်ပေ။
သို့သော် နောင်လာမည့်အချိန်ကာလများ၌ လူအချို့တို့သည် လှည့်ဖြားသောဝိညာဉ်များနှင့် နတ်ဆိုးတို့၏သွန်သင်ချက်များကို အာရုံစိုက်လျက် ယုံကြည်ခြင်းကိုစွန့်ခွာကြလိမ့်မည်ဟု ဝိညာဉ်တော်သည် အတိအလင်းမိန့်တော်မူ၏။
အချိန်တန်သောအခါ ဘုရားသခင်သည် ခရစ်တော်ကိုပေါ်ထွန်းစေတော်မူလိမ့်မည်။ ဘုရားသခင်သည် မင်္ဂလာရှိတော်မူ၍ တစ်ပါးတည်းအုပ်စိုးတော်မူသောအရှင်၊ ဘုရင်တကာတို့၏ဘုရင်၊ အရှင်တကာတို့၏အရှင်ဖြစ်တော်မူ၏။
သူတို့သည် လောဘစိတ်ဖြင့် လုပ်ကြံဖန်တီးသောစကားများကိုပြောဆိုလျက် သင်တို့အပေါ် အမြတ်ထုတ်ကြလိမ့်မည်။ သူတို့ခံရမည့် ပြစ်ဒဏ်စီရင်ခြင်းသည် ရှေးယခင်ကပင် ဖင့်နှေးခြင်းမရှိ။ သူတို့၏ပျက်စီးခြင်းသည်လည်း ငိုက်မျဉ်းခြင်းမရှိ။