ထိုသို့သောသူကို ကိုယ်တော်ကြည့်မှတ်တော်မူမည်လော။ အကျွန်ုပ်ကိုလည်း တရားစီရင်ရန် ရှေ့တော်သို့ လာစေတော်မူမည်လော။
ယောဘဝတ္တု။ 22:4 - မြန်မာ့စံမီသမ္မာကျမ်း သင်၏ကြောက်ရွံ့ရိုသေမှုကြောင့် သင့်ကို ဆုံးမတော်မူသလော။ သင်နှင့် တရားပြိုင်တော်မူသလော။ Common Language Bible သင့်ကိုကြောက်ရွံ့သောကြောင့် ဆုံးမပေးတော် မူမည်လော။ သင်နှင့်တရားတွေ့တော်မူမည်လော။ Garrad Bible သင် ရို သေ ခန့် ညား ခြင်း အ တွက် ဆုံး မ၍၊ သင် နှင့် တ ရား ဆိုင် တော် မူ ပါ သ လော။ Judson Bible သင့်ကိုကြောက်ရွံ့သောကြောင့် ဆုံးမပေးတော်မူမည်လော။ သင်နှင့် တရားတွေ့တော်မူမည်လော။ |
ထိုသို့သောသူကို ကိုယ်တော်ကြည့်မှတ်တော်မူမည်လော။ အကျွန်ုပ်ကိုလည်း တရားစီရင်ရန် ရှေ့တော်သို့ လာစေတော်မူမည်လော။
လူအချင်းချင်းကြားတွင် စီရင်ဆုံးဖြတ်ပေးသူရှိသကဲ့သို့ လူနှင့်ဘုရားသခင်ကြားတွင် စီရင်ဆုံးဖြတ်ပေးမည့်သူ ရှိပါစေသော။
အမျက်တော်သည် ဓားဘေးဖြင့် ဒဏ်ခတ်တတ်သည်ဖြစ်၍ သင်တို့ကသာ ဓားဘေးကို ကြောက်ကြလော့။ ဤသို့ တရားစီရင်ခြင်းရှိသည်ကို သင်တို့သိမှတ်ကြလော့”ဟု ဆိုလေ၏။
သင်၏ဖြောင့်မတ်ခြင်းသည် အနန္တတန်ခိုးရှင်ကို နှစ်သက်စေမည်လော။ သင်၏အပြစ်ကင်းသောအပြုအမူများသည်လည်း ကိုယ်တော့်ကို အကျိုးစီးပွားဖြစ်စေမည်လော။
အကယ်စင်စစ် လူသည် ဘုရားသခင်ရှေ့တော်သို့လာ၍ စီရင်ခြင်းကိုခံမည်။ ထို့အတွက် ကိုယ်တော်သည် ပြန်၍သုံးသပ်မည်မဟုတ်။
ကိုယ်တော်သည် အကျွန်ုပ်ကို စောင့်ကြပ်ထားသည်မှာ အကျွန်ုပ်သည် ပင်လယ်ကြီးလော၊ မြွေနဂါးကြီးလော။
ကြည့်ရှုလော့။ တန်ခိုးနှင့်ပတ်သက်လျှင် ကိုယ်တော်သည် တန်ခိုးကြီးသောအရှင်ဖြစ်တော်မူ၏။ တရားမျှတမှုနှင့်ပတ်သက်လျှင်လည်း ကိုယ်တော်ကို မည်သူစိန်ခေါ်ဝံ့မည်နည်း။
ငါသည် ကိုယ်တော်နှင့်အတူ တရားရုံးသို့သွား၍ တရားရင်ဆိုင်မည့်အကြောင်း ကိုယ်တော်သည် ငါကဲ့သို့ လူဖြစ်တော်မူသည်မဟုတ်။
ကိုယ်တော်၏အစေအပါးနှင့်အတူ တရားစီရင်ရာသို့ ဝင်တော်မမူပါနှင့်။ အကြောင်းမူကား အသက်ရှင်သောသူတစ်စုံတစ်ဦးမျှ ကိုယ်တော်၏ရှေ့တော်၌ ဖြောင့်မတ်သည်ဟူ၍မရှိပါ။
ကိုယ်တော်သည် ဒုစရိုက်အတွက်ဆိုဆုံးမခြင်းအားဖြင့် လူကိုပဲ့ပြင်တော်မူ၍ လူတပ်မက်သောအရာကို ပိုးဖလံကဲ့သို့ဖျက်ဆီးတော်မူ၏။ လူတိုင်းသည် အခိုးအငွေ့သာဖြစ်ကြပါ၏။(စေလာ)
အို ယာကုပ်၏ဘုရားသခင်၊ ကိုယ်တော်၏ဆုံးမခြင်းကြောင့် စစ်ရထားနှင့်မြင်းစီးသူရဲတို့သည် အိပ်မောကျသွားကြပါ၏။
ထိုအပင်သည် မီးရှို့ခြင်း၊ ခုတ်လှဲခြင်းခံရပါပြီ။ သူတို့သည် ရှေ့တော်၌ ဆုံးမခြင်းခံရ၍ ပျက်စီးကြရပါ၏။
အကြောင်းမူကား ဘုရားသခင်သည် ကောင်းသောအမှုဖြစ်စေ၊ မကောင်းသောအမှုဖြစ်စေ၊ ဝှက်ထားသောအမှုအားလုံးအပါအဝင် ခပ်သိမ်းသောအမှုတို့ကို တရားသဖြင့်စီရင်တော်မူလိမ့်မည်။
ငါသည် ငါချစ်သမျှသောသူတို့၏အပြစ်ကိုဖော်ပြ၍ ဆုံးမပဲ့ပြင်တတ်၏။ ထို့ကြောင့် စိတ်အားထက်သန်ခြင်းရှိ၍ နောင်တရလော့။