ယောဘဝတ္တု။ 22:14 - မြန်မာ့စံမီသမ္မာကျမ်း တိမ်ထုကြီးသည် ကိုယ်တော့်ကို ကာထားသဖြင့် ကိုယ်တော်သည် ဘာမျှမမြင်နိုင်။ မိုးကောင်းကင်အဝန်းအဝိုင်းတွင်သာ သွားလာလျက်နေတော်မူသည်’ဟု ဆို၏။ Common Language Bible မမြင်နိုင်အောင် ထူထပ်သောတိမ်တို့သည် ကိုယ်တော်ကို လွှမ်းမိုးကြ၏။ ကောင်းကင်စကြဝဠာ ထိပ်ပေါ်မှာ လှည့်လည်တော်မူသည်ဟု ဆိုတတ်၏။ Garrad Bible ကိုယ် တော် ကြည့်၍ မ မြင် နိုင် ရန် တိမ် တိုက် ကို ခြုံ ရုံ လျက်၊ ကောင်း ကင် ပိ တာန့် အ ပေါ် တွင် စက် တော် ဖြန့် သည် ဟု ဆို၏။ Judson Bible မမြင်နိုင်အောင် ထူထပ်သောတိမ်တို့သည် ကိုယ်တော်ကို လွှမ်းမိုးကြ၏။ ကောင်းကင်စကြဝဠာထိပ်ပေါ်မှာ လှည့်လည်တော်မူသည်ဟု ဆိုတတ်၏။ |
ကိုယ်တော်သည် ကမ္ဘာမြေပေါ် နေထိုင်သောသူအပေါင်းတို့ကို မိမိစံပယ်ရာအရပ်မှ ကြည့်ရှုတော်မူ၏။
မိုးတိမ်နှင့်အမှောင်ထုသည် ကိုယ်တော်၏ပတ်လည်၌ရှိ၏။ ဖြောင့်မတ်ခြင်းနှင့်တရားမျှတခြင်းသည် ပလ္လင်တော်၏အခြေတည်ရာဖြစ်၏။
ကိုယ်တော်သည် မြေကြီးစက်ဝိုင်းအထက်တွင် စံပယ်တော်မူ၏။ မြေကြီးသားတို့သည် နှံကောင်သဖွယ်ဖြစ်၏။ မိုးကောင်းကင်ကို မျက်နှာကြက်ကဲ့သို့ ဖြန့်ကြက်တော်မူ၏၊ နေစရာတဲကဲ့သို့ ဖြန့်တော်မူ၏။
“ငါမမြင်နိုင်အောင် ကွယ်ရာ၌ ပုန်းနိုင်သောသူ တစ်စုံတစ်ယောက်ရှိသလော”ဟု ထာဝရဘုရားမေးတော်မူ၏။ “ငါသည် ကောင်းကင်၊ မြေကြီးအနှံ့ ရှိသည်မဟုတ်လော”ဟု ထာဝရဘုရားမေးတော်မူ၏။
မိုးကောင်းကင်တွင် အထက်ခန်းများကို တည်ဆောက်တော်မူသောအရှင်၊ မြေကြီးပေါ်တွင် အုတ်မြစ်ချတော်မူသောအရှင်၊ ပင်လယ်ရေကို ဆင့်ခေါ်ပြီး မြေမျက်နှာပြင်ပေါ် လွှတ်ပေးလိုက်သောအရှင်၏နာမတော်ကား ထာဝရဘုရား ဖြစ်၏။