ယောဘဝတ္တု။ 21:2 - မြန်မာ့စံမီသမ္မာကျမ်း “ငါ့စကားကို သေချာနားထောင်ကြလော့။ သို့ပြုလျှင် ငါ့အား နှစ်သိမ့်ရာရောက်လိမ့်မည်။ Common Language Bible ငါ့စကားကိုစေ့စေ့နားထောင်၍ ငါ့အားနှစ်သိမ့် ခြင်းကို ပြုကြလော့။ Judson Bible ငါ့စကားကိုစေ့စေ့နားထောင်၍ ငါ့အားနှစ်သိမ့်ခြင်းကို ပြုကြလော့။ |
ယခု ငါပြန်ပြောသောစကားကို နားထောင်ကြလော့။ ငါ့နှုတ်ဖြင့် လျှောက်လဲသောစကားများကို အာရုံစိုက်ကြလော့။
ဘုရားသခင်၏နှစ်သိမ့်မှုနှင့် ညင်သာစွာပြောဆိုမှုတို့သည် သင့်အဖို့ မလုံလောက်သေးသလော။
“ဤသို့သော အကြောင်းအရာကို ငါများစွာကြားဖူးခဲ့ပြီ။ ငါ့ကို နှစ်သိမ့်ပေးသောသင်တို့အားလုံးကို ငါစိတ်ပျက်လှ၏။
“မည်သည့်အချိန်မှ သင်တို့စကားဆုံးမည်နည်း။ ဆင်ခြင်သုံးသပ်ပြီးမှ ငါတို့စကားပြောကြမည်။
ငါပြောသည်ကို သည်းခံကြလော့။ ငါပြောပြီးမှ ငါ့ကို ပြက်ရယ်ပြုလိုက ပြုကြလော့။
သို့ဖြစ်၍ အို ယောဘ၊ ယခု အကျွန်ုပ်ပြောမည့်စကားကို နားထောင်ပါလော့။ အကျွန်ုပ်ပြောသမျှကို အာရုံစိုက်ပါလော့။
“အို ပညာရှိတို့၊ အကျွန်ုပ်စကားကို နားထောင်ကြပါလော့။ အို အသိတရားရှိသူတို့၊ အကျွန်ုပ်ကို စူးစိုက်နားထောင်ကြပါလော့။
အစားအစာမဟုတ်သောအရာအတွက် သင်တို့ငွေကိုလည်းကောင်း၊ ရောင့်ရဲမှုမပေးသောအရာအတွက် သင်တို့ချွေးနှဲစာကိုလည်းကောင်း အဘယ်ကြောင့် သင်တို့အသုံးပြုကြသနည်း။ ငါ့စကားကို စေ့စေ့နားထောင်လော့။ ကောင်းသောအစားအစာကို စားကြလော့။ သင်တို့၏စိတ်ဝိညာဉ်သည် အဆီအနှစ်နှင့်ပြည့်သောအစာနှင့် ဝအီလိမ့်မည်။
ထို့ကြောင့် ငါတို့သည် လွဲချော်မသွားကြစေရန် ကြားရသောအရာတို့ကို အထူးအာရုံစိုက်ကြရမည်။
ထိုသတင်းကို ယောသံကြားသောအခါ ထွက်သွား၍ ဂေရဇိမ်တောင်ထိပ်ပေါ်၌ ရပ်လျက် “ရှေခင်အမျိုးသားတို့၊ ငါ့စကားကို နားထောင်ကြလော့။ သို့ပြုလျှင် ဘုရားသခင်လည်း သင်တို့စကားကို နားထောင်တော်မူမည်။