သူသည် အမှောင်ထဲမှ လွတ်မြောက်နိုင်မည်မဟုတ်။ မီးလျှံသည် သူ့အညွန့်တို့ကို ခြောက်သွေ့စေလိမ့်မည်။ နှုတ်တော်မှထွက်သက်လေတစ်ချက်တည်းဖြင့် သူသည် ကွယ်ပျောက်သွားရလိမ့်မည်။
ယောဘဝတ္တု။ 20:26 - မြန်မာ့စံမီသမ္မာကျမ်း အမှောင်ထုကြီးသည် သူ၏စည်းစိမ်ဘဏ္ဍာကို ချောင်းမြောင်းနေ၏။ မမွှေးရသောမီးသည် သူ့ကိုဝါးမျို၍ သူ့တဲ၌ကြွင်းကျန်သောသူတို့ကိုလည်း လောင်ကျွမ်းလိမ့်မည်။ Common Language Bible ခပ်သိမ်းသောဘေးတို့သည် သူ့အဘို့ သိုထား လျက်ရှိကြ၏။ လူမမွေးသောမီးသည် သူ့ကိုလောင်လိမ့် မည်။ သူ၏နေရာ၌ ကြွင်းသမျှသော အရာတို့ကို လောင် လိမ့်မည်။ Garrad Bible သူ့ ဘ ဏ္ဍာ အ ဖို့ မှောင် အ တိ ရံ ထား လျက်၊ မ မှုတ် ရ သော မီး သည်၊ ထို သူ နှင့် တ ကွ၊ တဲ၌ ကျန် သ မျှ ပါ ကျွမ်း လောင် လိမ့် မည်။ Judson Bible ခပ်သိမ်းသောဘေးတို့သည် သူ့အဖို့ သိုထားလျက်ရှိကြ၏။ လူမမွေးသောမီးသည် သူ့ကိုလောင်လိမ့်မည်။ သူ၏နေရာ၌ ကြွင်းသမျှသော အရာတို့ကို လောင်လိမ့်မည်။ |
သူသည် အမှောင်ထဲမှ လွတ်မြောက်နိုင်မည်မဟုတ်။ မီးလျှံသည် သူ့အညွန့်တို့ကို ခြောက်သွေ့စေလိမ့်မည်။ နှုတ်တော်မှထွက်သက်လေတစ်ချက်တည်းဖြင့် သူသည် ကွယ်ပျောက်သွားရလိမ့်မည်။
နေ့အချိန်၌ပင် သူတို့ကို အမှောင်ထုဖုံးလွှမ်း၍ မွန်းတည့်အချိန်၌ပင် ညအချိန်ကဲ့သို့ စမ်းတဝါးဝါးသွားလာကြရ၏။
ကိုယ်တော်ပေါ်ထွန်းတော်မူသောအချိန်၌ ကိုယ်တော်သည် သူတို့ကို တောက်လောင်နေသောမီးပြင်းဖိုကဲ့သို့ ဖြစ်စေတော်မူလိမ့်မည်။ ထာဝရဘုရားသည် အမျက်တော်ဖြင့် သူတို့ကိုဝါးမျိုလိမ့်မည်။ မီးသည် သူတို့ကိုလောင်ကျွမ်းလိမ့်မည်။
အကယ်စင်စစ် တောဖက်အရပ်ကို ရှေးယခင်ကပင် ပြင်ဆင်ထားလေပြီ။ ထိုအရပ်ကို ရှင်ဘုရင်အတွက် အဆင်သင့်ဖြစ်စေပြီ။ ထိုအရပ်သည် နက်၍ကျယ်ဝန်းပြီး မီးရှို့ရန်ထင်းအမြောက်အမြားပုံထား၏။ ထာဝရဘုရား၏ထွက်သက်လေသည် ကန့်ရည်စီးကြောင်းကဲ့သို့ထွက်လာ၍ ထိုအရပ်ကို မီးစွဲလောင်စေမည်။
ကမ္ဘာမြေကြီးကိုကြည့်လျှင်ဖြစ်စေ ဆင်းရဲဒုက္ခနှင့် ဘေးဥပဒ်အရိပ်ဖြင့် မှောင်မည်းနေသည်ကိုသာမြင်ရ၍ မှောင်မိုက်ထဲသို့ နှင်ထုတ်ခြင်းခံရမည်။
လက်တော်၌လည်း ဆန်ကောကိုကိုင်ထားလျက် မိမိ၏ကောက်နယ်တလင်းကို အကုန်အစင်ရှင်းလင်းပြီး မိမိ၏ဂျုံဆန်ကို ကျီ၌စုသိမ်း၍ အဖျင်းကိုကား မငြိမ်းနိုင်သောမီးဖြင့်ရှို့တော်မူလိမ့်မည်”ဟု ဆိုလေ၏။
နိုင်ငံတော်၏သားတို့မူကား အပြင်ဘက်အမှောင်ထဲသို့ နှင်ထုတ်ခြင်းခံရကြလိမ့်မည်။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိလိမ့်မည်”ဟု မိန့်တော်မူ၏။
မိမိတို့အရှက်ကို အမြှုပ်ကဲ့သို့ပေါ်စေသည့် ပြင်းထန်သောပင်လယ်လှိုင်းတံပိုးများ၊ လှည့်လည်သွားလာသော ကြယ်များဖြစ်ကြ၏။ သူတို့အတွက် မှောင်မည်းသောအမှောင်ကို ထာဝရထိန်းသိမ်းထားလျက်ရှိ၏။