ယောဘဝတ္တု။ 20:26 - Common Language Bible26 ခပ်သိမ်းသောဘေးတို့သည် သူ့အဘို့ သိုထား လျက်ရှိကြ၏။ လူမမွေးသောမီးသည် သူ့ကိုလောင်လိမ့် မည်။ သူ၏နေရာ၌ ကြွင်းသမျှသော အရာတို့ကို လောင် လိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible26 သူ့ ဘ ဏ္ဍာ အ ဖို့ မှောင် အ တိ ရံ ထား လျက်၊ မ မှုတ် ရ သော မီး သည်၊ ထို သူ နှင့် တ ကွ၊ တဲ၌ ကျန် သ မျှ ပါ ကျွမ်း လောင် လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible26 ခပ်သိမ်းသောဘေးတို့သည် သူ့အဖို့ သိုထားလျက်ရှိကြ၏။ လူမမွေးသောမီးသည် သူ့ကိုလောင်လိမ့်မည်။ သူ၏နေရာ၌ ကြွင်းသမျှသော အရာတို့ကို လောင်လိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း26 အမှောင်ထုကြီးသည် သူ၏စည်းစိမ်ဘဏ္ဍာကို ချောင်းမြောင်းနေ၏။ မမွှေးရသောမီးသည် သူ့ကိုဝါးမျို၍ သူ့တဲ၌ကြွင်းကျန်သောသူတို့ကိုလည်း လောင်ကျွမ်းလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ရှေးမဆွကပင်အာရှုရိဘုရင်ကိုမီးသင်္ဂြိုဟ် ရန် လောင်တိုက်ကိုပြင်ဆင်၍ထားခဲ့၏။ ထိုလောင် တိုက်သည်အစောက်နက်၍ကျယ်ဝန်း၏။ ထို အရပ်တွင်မြင့်မားသောထင်းပုံကြီးတစ် ခုလည်းရှိ၏။ ထာဝရဘုရားသည်ခံတွင်း တော်မှမီးလျှံကိုမှုတ်ထုတ်တော်မူ၍ ထို ထင်းပုံကိုမီးစွဲလောင်စေတော်မူလိမ့်မည်။
မြေကြီးသို့စိုက်ကြည့်သည့်အခါသော် လည်းကောင်းဆင်းရဲဒုက္ခနှင့်ကံဆိုးမိုးမှောင် မှတစ်ပါး အဘယ်အရာကိုမျှတွေ့ရကြ လိမ့်မည်မဟုတ်။ ထိုသူတို့အပေါ်သို့ထိတ် လန့်ဖွယ်ရာကံဆိုးမိုးမှောင်ကျရောက်လာ လိမ့်မည်။ ဤသို့ဆင်းရဲဒုက္ခရောက်ရာကာလ နှင့်သူတို့ကင်းလွတ်ရန်လမ်းရှိတော့မည် မဟုတ်။
ပြင်းထန်လှသည့်ပင်လယ်လှိုင်းတံပိုးနှင့် လည်းတူကြ၏။ ပင်လယ်လှိုင်းတံပိုးများမှ ရေမြှုပ်များကဲ့သို့ သူတို့၏ရှက်ဖွယ်ကောင်း သည့်အကျင့်များသည်ပေါ်လွင်လျက်ရှိ၏။ သူတို့သည်လမ်းကြောင်းအတည်တကျ မရှိသည့်ကြယ်ပျံနှင့်လည်းတူကြ၏။ သူ တို့အတွက်ဘုရားသခင်သည်အမှောင် မိုက်ဆုံးဖြစ်သည့်အောက်အရပ်တွင် ထာဝစဉ် နေရာသတ်မှတ်၍ထားတော်မူသတည်း။