ထိုသူက ‘သူသည် ငါ့နှမဖြစ်သည်’ဟု ဆိုသည်မဟုတ်လော။ ထိုမိန်းမကလည်း ‘သူသည် ငါ့အစ်ကိုဖြစ်သည်’ဟု ဆိုခဲ့ပါ၏။ အကျွန်ုပ်သည် ရိုးဖြောင့်သောစိတ်နှင့် အပြစ်ကင်းသောလက်ဖြင့် ဤအမှုကို ပြုပါ၏”ဟု လျှောက်လေ၏။
ယောဘဝတ္တု။ 17:9 - မြန်မာ့စံမီသမ္မာကျမ်း ဖြောင့်မတ်သောသူမူကား မိမိလမ်းအတိုင်း တည်ကြည်စွာလျှောက်လှမ်း၍ လက်စင်ကြယ်သောသူသည်လည်း ပို၍ပို၍အားကြီးလာလိမ့်မည်။ Common Language Bible ဖြောင့်မတ်သော သူတို့သည်လည်း တည်ကြည်ခြင်း၊ လက်စင်ကြယ်သောသူတို့သည် ခွန်အားတိုးပွါးခြင်း ရှိကြလိမ့်မည်။ Garrad Bible သို့ ရာ တွင် ဖြောင့် မတ် သော သူ သည် ကိုယ့် နည်း လမ်း ကို စွဲ မြဲ လျက်၊ လက် သန့် စင် သူ သည် အား တိုး တက် ကြီး ပွား လိမ့်ည်။ Judson Bible ဖြောင့်မတ်သောသူတို့သည်လည်း တည်ကြည်ခြင်း၊ လက်စင်ကြယ်သောသူတို့သည် ခွန်အားတိုးပွားခြင်း ရှိကြလိမ့်မည်။ |
ထိုသူက ‘သူသည် ငါ့နှမဖြစ်သည်’ဟု ဆိုသည်မဟုတ်လော။ ထိုမိန်းမကလည်း ‘သူသည် ငါ့အစ်ကိုဖြစ်သည်’ဟု ဆိုခဲ့ပါ၏။ အကျွန်ုပ်သည် ရိုးဖြောင့်သောစိတ်နှင့် အပြစ်ကင်းသောလက်ဖြင့် ဤအမှုကို ပြုပါ၏”ဟု လျှောက်လေ၏။
ရှောလုမင်းကြီးအမျိုးအနွယ်နှင့် ဒါဝိဒ်မင်းကြီးအမျိုးအနွယ်တို့သည် ကြာရှည်စွာ စစ်ဖြစ်ကြ၏။ ဒါဝိဒ်မင်းကြီးမှာ အင်အားကြီးလာသော်လည်း ရှောလုမင်းကြီးအမျိုးအနွယ်မှာ အားယုတ်လာ၏။
အပြစ်မကင်းသောသူကိုပင်လျှင် လွတ်မြောက်ခွင့်ပေးတော်မူလိမ့်မည်။ စင်ကြယ်သောသင့်လက်ကြောင့် သူ့ကို လွတ်မြောက်စေတော်မူမည်”ဟု ဆိုလေ၏။
သင်တို့မှန်ပါသည်ဟုဆိုသောစကားသည် ငါနှင့် ဝေးပါစေ။ ငါသေသွားသည့်တိုင်အောင် ဖြောင့်မတ်တည်ကြည်ခြင်းကို ငါစွန့်မည်မဟုတ်။
ဖြောင့်မတ်ခြင်းကို လက်မလွှတ်ဘဲ စွဲကိုင်ထားမည်။ ငါအသက်ရှင်သမျှကာလပတ်လုံး ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ရအောင် နေမည်။
ငါသည် သွားနေသောလမ်းမှ ခြေလှမ်းလွဲခဲ့လျှင်၊ ငါ့စိတ်နှလုံးသည် မျက်စိအလိုနောက်သို့ လိုက်ခဲ့လျှင်၊ ငါ့လက်သည် အညစ်အကြေးစွန်းထင်းခဲ့လျှင်
သင်က ‘ငါသန့်ရှင်း၏။ ကျူးလွန်သောအပြစ်မရှိ။ ငါအပြစ်ကင်း၏။ ငါ၌အပြစ်မရှိ။
ထိုသူကား အပြစ်ကင်းသောလက်နှင့် ဖြူစင်သောစိတ်နှလုံးရှိသူ၊ အချည်းနှီးသောအရာ၌ စိတ်ဝိညာဉ်မှီဝဲဆည်းကပ်ခြင်းမရှိသူ၊ လိမ်လည်လှည့်ဖြား၍ကျိန်ဆိုခြင်းမပြုသူပင် ဖြစ်၏။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် အပြစ်ကင်းခြင်းထဲ၌ အကျွန်ုပ်၏လက်ကိုဆေးကြော၍ ကိုယ်တော်၏ယဇ်ပလ္လင်ကိုလှည့်ပတ်ကာ
အကယ်စင်စစ် ငါသည် ငါ၏စိတ်နှလုံးကိုသန့်ရှင်းစင်ကြယ်စေ၍ ငါ၏လက်ကို အပြစ်ကင်းခြင်းထဲ၌ ဆေးကြောခဲ့သည်မှာ အချည်းနှီးသာဖြစ်၏။
အကြောင်းမူကား ဘုရားသခင်ထာဝရဘုရားသည် နေလည်းဖြစ်တော်မူ၏။ ဒိုင်းလွှားလည်းဖြစ်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့်ဘုန်းအသရေတော်ကို ပေးတော်မူ၏။ အပြစ်တင်စရာမရှိအောင် အသက်ရှင်လျှောက်လှမ်းသောသူတို့အား ကောင်းမြတ်သောအရာကို မပေးဘဲနေတော်မူမည်မဟုတ်။
သူတို့သည် ခွန်အားတိုးသည်ထက်တိုးလာလျက်၊ သွားကြလျက် ဇိအုန်၌ရှိတော်မူသောဘုရားသခင်ကို ဖူးမြင်ရကြပါလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်၏ဆုတောင်းချက်ကို နားညောင်းတော်မူပါ။ အို ယာကုပ်၏ဘုရားသခင်၊ စူးစိုက်နားထောင်တော်မူပါ။(စေလာ)
လေပွေတိုက်ခတ်သွားသောအခါ ဆိုးယုတ်သောသူသည် ပျောက်ကွယ်သွား၏။ ဖြောင့်မတ်သောသူ၌ကား အစဉ်အမြဲတည်သောအုတ်မြစ်ရှိ၏။
ဖြောင့်မတ်သောသူသည် မည်သည့်အခါမျှမရွေ့ရာ။ ဆိုးယုတ်သောသူတို့မူကား ပြည်တော်၌ နေထိုင်ရလိမ့်မည်မဟုတ်။
ပညာရှိသောသူသည် ကြောက်ရွံ့၍ မကောင်းမှုမှဖယ်ခွာတတ်၏။ မိုက်မဲသောသူမူကား ချုပ်တည်းမှုကင်းမဲ့၍ အတင့်ရဲတတ်၏။
သို့သော် ဖြောင့်မတ်သောသူတို့၏လမ်းသည် မိုးစင်စင်လင်းသည့်တိုင်အောင် ပို၍ပို၍ထွန်းလင်းလာသည့် အရုဏ်ဦး၏အလင်းရောင်ကဲ့သို့ဖြစ်၏။
တပည့်တော်အချို့တို့သည် မစင်ကြယ်သောလက်၊ တစ်နည်းဆိုသော် မဆေးထားသောလက်ဖြင့် အစာစားနေကြသည်ကို တွေ့မြင်ကြ၏။
ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်သားတို့၊ သင်တို့လက်ကို စင်ကြယ်စေကြလော့။ စိတ်နှစ်ခွရှိသောသူတို့၊ သင်တို့စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေကြလော့။
သင်တို့သည် နောက်ဆုံးသောကာလ၌ဖော်ပြရန် အသင့်ပြင်ဆင်ထားသောကယ်တင်ခြင်းအတွက် ဘုရားသခင်၏တန်ခိုးတော်၌ ယုံကြည်ခြင်းအားဖြင့် စောင့်ရှောက်ခြင်းကိုခံရကြ၏။
ထိုသူတို့သည် ငါတို့ထံမှ ထွက်သွားကြ၏။ သို့သော် သူတို့သည် ငါတို့နှင့်စပ်ဆိုင်သူမဟုတ်။ ငါတို့နှင့်စပ်ဆိုင်သူမှန်လျှင် ငါတို့နှင့်အတူနေခဲ့ကြပေလိမ့်မည်။ သို့ရာတွင် သူတို့ထွက်သွားကြသည်မှာ သူတို့အားလုံး ငါတို့နှင့်စပ်ဆိုင်သူမဟုတ်ကြောင်း ပေါ်လွင်ထင်ရှားစေရန်ဖြစ်၏။