သူ့အတွက် အကျွန်ုပ်အာမခံပါ၏။ သူ့ကို အကျွန်ုပ်တာဝန်ယူပါမည်။ အကယ်၍ အကျွန်ုပ်သည် သူ့ကိုအဖေ့ထံသို့ ပြန်မခေါ်လာ၊ အဖေ့ထံပြန်မအပ်လျှင် အကျွန်ုပ်သည် အဖေ့၏အပြစ်တင်ခြင်းကို တစ်သက်လုံးခံယူပါမည်။
ယောဘဝတ္တု။ 17:3 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်တိုင် အကျွန်ုပ်အတွက် အာမခံပေးတော်မူပါ။ မည်သူသည် အကျွန်ုပ်အတွက် အာမခံပေးမည်နည်း။ Common Language Bible အပေါင်ထားပါတော့။ အာမခံပေးပါတော့။ အဘယ်သူသည် ငါနှင့်ဂတိသစ္စထားမည်နည်း။ Garrad Bible အ ကျွန်ုပ် ကိုယ် စား အ ပေါင်း ထား၍၊ ကိုယ် တော် တိုင် အာ မ ခံ တော် မူ ပါ။ အ ကျွန်ုပ် နှင့် လက် ဝါး ရိုက် မည့် လူ၊ မည် သူ ရှိ တော့ အံ့ နည်း။ Judson Bible အပေါင်ထားပါတော့။ အာမခံပေးပါတော့။ အဘယ်သူသည် ငါနှင့်ကတိသစ္စာထားမည်နည်း။ |
သူ့အတွက် အကျွန်ုပ်အာမခံပါ၏။ သူ့ကို အကျွန်ုပ်တာဝန်ယူပါမည်။ အကယ်၍ အကျွန်ုပ်သည် သူ့ကိုအဖေ့ထံသို့ ပြန်မခေါ်လာ၊ အဖေ့ထံပြန်မအပ်လျှင် အကျွန်ုပ်သည် အဖေ့၏အပြစ်တင်ခြင်းကို တစ်သက်လုံးခံယူပါမည်။
သခင့်အစေအပါးအကျွန်ုပ်က ‘သူငယ်ကို အဖေ့ထံသို့ပြန်မခေါ်လာခဲ့လျှင် အကျွန်ုပ်သည် အဖေ၏အပြစ်တင်ခြင်းကို အစဉ်အမြဲခံယူပါမည်’ဟု ဆိုလျက် အဖေ့ထံသူငယ်အတွက်အာမခံခဲ့ပါ၏။
ယခု အော်ခေါ်ပါလော့။ သင့်ကို မည်သူထူးမည်နည်း။ မည်သည့်သန့်ရှင်းသူတို့ထံသို့ သင်လှည့်မည်နည်း။
ငါတို့နှစ်ဦးစပ်ကြားတွင် ကြားဝင်စီရင်ဆုံးဖြတ်ပေးမည့်သူ တစ်ယောက်မျှမရှိ။
ကိုယ်တော့်အစေအပါး၏ကောင်းကျိုးချမ်းသာအတွက် အာမခံပေးတော်မူပါ။ မာနထောင်လွှားသောသူတို့သည် အကျွန်ုပ်ကိုမနှိပ်စက်ကြပါစေနှင့်။
သူစိမ်းအတွက်အာမခံသောသူသည် အမှန်တကယ်ဒုက္ခရောက်လိမ့်မည်။ တာဝန်ခံပေးရသည်ကိုမုန်းသောသူမူကား ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။
အသိဉာဏ်မရှိသောသူသည် သူတစ်ပါးအတွက် တာဝန်ခံပေး၍ မိမိ၏အိမ်နီးချင်းအတွက် အာမခံပေးတတ်၏။
သူစိမ်းအတွက် အာမခံသောသူ၏အဝတ်ကိုယူထားလော့။ ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမအတွက် အာမခံသောသူထံမှ အပေါင်ပစ္စည်းကိုယူထားလော့။
ကတိခံဝန်ချက်ပေးသောသူများနှင့် ကြွေးမြီများအတွက် အာမခံသောသူများထဲတွင် မပါနှင့်။
ဆင်းရဲခြင်းသည် သူခိုးဓားပြကဲ့သို့လည်းကောင်း၊ ချို့တဲ့နွမ်းပါးခြင်းသည် လက်နက်ကိုင်ဆောင်သူကဲ့သို့လည်းကောင်း သင့်ထံသို့ရောက်လာလိမ့်မည်။
ကြိုးကြာကဲ့သို့၊ ပျံလွှားကဲ့သို့ ငါအော်မြည်ရ၏။ ချိုးငှက်ကဲ့သို့ ငါညည်းတွားရ၏။ အထက်ကောင်းကင်သို့ မျှော်ကြည့်ရသဖြင့် ငါ့မျက်စိသည် အားနည်းပါပြီ။ အို ဘုရားရှင်၊ အကျွန်ုပ်သည် ဝေဒနာခံစားရသဖြင့် အကျွန်ုပ်ကို ကယ်မတော်မူပါ။