Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 5:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ယခု အော်ခေါ်​ပါ​လော့​။ သင့်​ကို မည်သူ​ထူး​မည်နည်း​။ မည်သည့်​သန့်ရှင်း​သူ​တို့​ထံသို့ သင်​လှည့်​မည်နည်း​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ယခုဟစ်ခေါ်ပါ။ အဘယ်သူ ထူးလိမ့်မည်နည်း။ သန့်ရှင်းသူတို့တွင် အဘယ်သူကို ကြည့်မျှော်မည်နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 သင် ဟစ် ခေါ် လျှင်၊ ထူး မည့် သူ ရှိ သ လော။ သန့် ရှင်း သူ တို့ အ နက်၊ မည် သူ့ ထံ လှည့်၍ ကိုး စား ပါ မည် နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ယ​ခု ဟစ်​ခေါ်​ပါ။ အ​ဘယ်​သူ ထူး​လိမ့်​မည်​နည်း။ သန့်​ရှင်း​သူ​တို့​တွင် အ​ဘယ်​သူ​ကို ကြည့်​မျှော်​မည်​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 5:1
12 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် မိမိ​၏​သန့်ရှင်း​သူ​တို့​ကို​ပင် ယုံကြည်​သည်​မ​ဟုတ်​။ ကောင်းကင်​သည်​ပင် ကိုယ်တော့်​ရှေ့​တွင် စင်ကြယ်​သည်​မ​ဟုတ်​။


ကိုယ်တော်တိုင် အကျွန်ုပ်​အတွက် အာမခံ​ပေး​တော်မူ​ပါ​။ မည်သူ​သည် အကျွန်ုပ်​အတွက် အာမခံ​ပေး​မည်နည်း​။


မိမိ​အစေအပါး​တို့​ကို အယုံအကြည်​ရှိ​တော်​မ​မူ​၊ မိမိ​ကောင်းကင်တမန်​တို့​ကို​ပင် အပြစ်ရှိ​သည်​ဟု စီရင်​တော်မူ​လျှင်


သူ​တို့​သည် စခန်း​ထဲတွင် မောရှေ​နှင့် ထာဝရဘုရား​၏​သန့်ရှင်း​သော​သူ​ဖြစ်​သည့်​အာရုန်​ကို ငြူစူ​ကြ​သောအခါ


ကမ္ဘာမြေကြီး​ပေါ်​ရှိ သန့်ရှင်း​သော​သူ​တို့​နှင့်​ပတ်သက်၍​မူကား သူ​တို့​သည် ကြီးမြတ်​သော​သူ​ဖြစ်​ကြ​၏​။ ငါ​သည် သူ​တို့​ကို အလွန်​နှစ်သက်​၏​။


အို ထာဝရဘုရား​၊ ကောင်းကင်​သည် ကိုယ်တော်​ပြု​တော်မူ​သော​အံ့ဖွယ်​သော​အမှု​တို့​ကို ချီးမွမ်း​ပါ​၏​။ ကိုယ်တော်​၏​သစ္စာ​တော်​ကို​လည်း သန့်ရှင်း​သော​သူ​တို့​၏​အစုအဝေး​ထဲတွင် ချီးမွမ်း​ပါ​၏​။


ကမ်းရိုးတန်းဒေသ​တို့​၊ ငါ့​ရှေ့​မှာ​တိတ်ဆိတ်​စွာ​နေ​ကြ​လော့​။ လူမျိုးတကာ​တို့​၊ အား​သစ်​မွေး​ကြ​။ လာ​၍ တိုင်ပင်ဆွေးနွေး​ကြ​။ တရားဆိုင်​ဖို့ အတူတူ​ဆုံ​၍ တရားဆိုင်​ကြ​စို့​။


ဘုရားသခင်​၏​အလို​တော်​အားဖြင့် ခရစ်တော်​ယေရှု​၏​တမန်တော်​ဖြစ်​သော ငါ​ပေါလု​သည် ခရစ်တော်​ယေရှု​၌​သစ္စာ​ရှိ​သည့် ဧဖက်​မြို့​တွင်​နေ​ကြ​သော​သန့်ရှင်း​သူ​များ​ထံသို့ စာ​ရေး​လိုက်​ပါ​၏။


ထို့ကြောင့် ဤမျှလောက်​များပြား​သော​သက်သေ​တို့​သည် ငါ​တို့​ကို​ဝိုင်းရံ​လျက်​ရှိ​သည်​ဖြစ်၍ ငါ​တို့​သည် လေး​သော​ဝန်​နှင့် အလွယ်တကူ​ငြိတွယ်​တတ်​သည့်​သဘော​ရှိ​သော အပြစ်​ရှိသမျှ​တို့​ကို ဖယ်ရှား​လျက် ငါ​တို့​ရှေ့၌​ပြင်ဆင်​ထား​သော​ပြေးပွဲ​ကို ဇွဲ​လုံ့လ​ဖြင့်​ပြေး​ကြ​ကုန်စို့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ