သင်သည် မြေကိုထွန်ယက်လုပ်ကိုင်သော်လည်း မြေသည် မိမိ၏အသီးအနှံကို သင့်အား ပေးတော့မည်မဟုတ်။ သင်သည် ကမ္ဘာမြေကြီးပေါ်တွင် အတည်တကျနေစရာမရှိ၊ လှည့်လည်သွားလာသူဖြစ်ရလိမ့်မည်”ဟု မိန့်တော်မူ၏။
ယောဘဝတ္တု။ 15:23 - မြန်မာ့စံမီသမ္မာကျမ်း သူက ‘အဘယ်မှာနည်း’ဟု ဆိုလျက် စားစရာကိုလှည့်လည်ရှာဖွေ၏။ မှောင်မိုက်သောနေ့ရက်သည်လည်း သူ၏လက်တစ်ကမ်းတွင် ရှိနေကြောင်းကို သူသိ၏။ Common Language Bible စားစရာကို ရှာ၍လှည့်လည်ရ၏။ မိမိအဘို့ မှောင်မိုက်ကာလသည် အသင့်ရှိသည်ကို သိ၏။ Garrad Bible ထ မင်း အ ဘယ် မှာ နည်း ဟူ၍ လှည့် လည် လိုက် ရှာ တတ်၏။ မှောင် မိုက် သော နေ့ ရက် သည် အ ရံ သင့် ရှိ ကြောင်း ကို သိ လျက်၊ Judson Bible စားစရာကို ရှာ၍ လှည့်လည်ရ၏။ မိမိအဖို့ မှောင်မိုက်ကာလသည် အသင့်ရှိသည်ကို သိ၏။ |
သင်သည် မြေကိုထွန်ယက်လုပ်ကိုင်သော်လည်း မြေသည် မိမိ၏အသီးအနှံကို သင့်အား ပေးတော့မည်မဟုတ်။ သင်သည် ကမ္ဘာမြေကြီးပေါ်တွင် အတည်တကျနေစရာမရှိ၊ လှည့်လည်သွားလာသူဖြစ်ရလိမ့်မည်”ဟု မိန့်တော်မူ၏။
အမှောင်ထဲမှ ပြန်လှည့်လာနိုင်မည်ဟု သူမယုံနိုင်။ ဓားသည်လည်း သူ့ကိုစောင့်ကြိုနေ၏။
ဆင်းရဲဒုက္ခနှင့် ပူပင်သောကတို့သည် သူ့ကိုခြောက်လှန့်လျက်ရှိ၏။ စစ်တိုက်ရန် အသင့်ရှိနေသောရှင်ဘုရင်ကဲ့သို့ သူ့ကို အနိုင်ယူလျက်ရှိ၏။
သူသည် အမှောင်ထဲမှ လွတ်မြောက်နိုင်မည်မဟုတ်။ မီးလျှံသည် သူ့အညွန့်တို့ကို ခြောက်သွေ့စေလိမ့်မည်။ နှုတ်တော်မှထွက်သက်လေတစ်ချက်တည်းဖြင့် သူသည် ကွယ်ပျောက်သွားရလိမ့်မည်။
ဆင်းရဲဒုက္ခသည် သူ့ကို အာသာပြင်းပြလေပြီ။ ဘေးဒုက္ခသည်လည်း သူ့ကို လှဲချရန်အသင့်ဖြစ်လေပြီ။
သူသည် အလင်းမှအမှောင်ထဲသို့ မောင်းထုတ်ခြင်းခံရမည်။ ကမ္ဘာလောကမှ နှင်ထုတ်ခြင်းခံရမည်။
သူ၏သားသမီးတို့သည် အရပ်ရပ်လှည့်လည်၍ တောင်းရမ်းကြရပါစေ။ ပြိုပျက်သောမိမိတို့နေရာများမှထွက်၍ အစာကိုရှာကြရပါစေ။
အကျွန်ုပ်မူကား ကိုယ်တော်၏ အစွမ်းသတ္တိအကြောင်းကို သီကျူးပါမည်။ နံနက်အချိန်၌ ကိုယ်တော်၏မေတ္တာကရုဏာတော်အကြောင်းကို ရွှင်လန်းစွာကြွေးကြော်ပါမည်။ အကြောင်းမူကား အကျွန်ုပ်ဘေးဥပဒ်နှင့်ကြုံတွေ့ရသောအချိန်တွင် ကိုယ်တော်သည် အကျွန်ုပ်၏ခိုကိုးရာနှင့် ဘေးလွတ်ရာဖြစ်တော်မူ၏။
ထာဝရဘုရားသည် ဖြောင့်မတ်သောသူကို ဆာလောင်မွတ်သိပ်စေတော်မမူ။ ဆိုးယုတ်သောသူတို့၏အလိုရမ္မက်ကိုကား ပယ်ချတော်မူ၏။
ထာဝရဘုရားသည် ခပ်သိမ်းသောအရာတို့ကို မိမိရည်ရွယ်ချက်အတွက် ပြင်ဆင်တော်မူ၏။ ဆိုးယုတ်သောသူကိုပင်လျှင် ဒုက္ခခံရာနေ့ရက်အတွက် ပြင်ဆင်တော်မူ၏။
သို့ဖြစ်၍ လူသည် နှစ်ပေါင်းများစွာအသက်ရှင်လျှင် ထိုနှစ်ကာလအားလုံး၌ ဝမ်းမြောက်ခြင်းရှိပါစေ။ သို့သော် မှောင်မိုက်သောနေ့ရက်များသည်လည်း များစွာရှိမည်ဖြစ်ကြောင်း အောက်မေ့ပါစေ။ ဖြစ်လာမည့်အရာအားလုံးတို့သည် အချည်းနှီးဖြစ်ကြ၏။
အစာရေစာအလုံအလောက်ရရှိဖို့ရန် အီဂျစ်ပြည်၊ အဆီးရီးယားပြည်တို့ထံ ခယတောင်းဆိုရပါပြီ။
တောကန္တာရထဲ၌ရှိသော ဓားဘေးကြောင့် အကျွန်ုပ်တို့သည် အသက်ကိုရင်းပြီးမှ အစာကို ရပါ၏။
ထိုနေ့သည် အမှောင်တကာ့အမှောင်နေ့၊ မိုးအုံ့၍အမှောင်ကျသောနေ့ ဖြစ်၏။ တောင်ပေါ်တွင် အရုဏ်ဦးအလင်းဖြာကျသကဲ့သို့ အင်အားကြီးသောလူမျိုးကြီးတစ်မျိုး ပေါ်လာမည်။ ဤအဖြစ်မျိုးသည် ရှေးကလည်း မဖြစ်ဖူး။ နောင်ကာလမျိုးဆက်အစဉ်အဆက်တွင်လည်း ဖြစ်လိမ့်မည်မဟုတ်။
ထာဝရဘုရား၏နေ့တော်သည် အလင်းမရှိ၊ အမှောင်ကျသောနေ့ ဖြစ်မည်မဟုတ်လော။ လင်းရောင်ခြည်မရှိ၊ မှောင်ပိန်းသောနေ့ ဖြစ်မည်မဟုတ်လော။
ထိုနေ့ရက်သည် အမျက်တော်ကျရောက်သောနေ့၊ ဆင်းရဲဒုက္ခကြောင့် ပူပင်သောကရောက်ရသောနေ့၊ ပျက်စီးဆိတ်သုဉ်းသောနေ့၊ အလင်းမဲ့၍အမှောင်ကျသောနေ့၊ တိမ်များဖြင့် အမှောင်ထုဖုံးအုပ်သောနေ့၊
တရားစီရင်ခြင်းကိုလည်းကောင်း၊ ဆန့်ကျင်သောသူတို့ကိုဝါးမျိုမည့် အမျက်တော်မီးကိုလည်းကောင်း ကြောက်ရွံ့လျက် စောင့်နေကြရန်သာရှိတော့၏။