ကြည့်ရှုလော့။ သက်ရှိသတ္တဝါအပေါင်းတို့ကို ကောင်းကင်အောက်မှ ဖျက်ဆီးရန် ငါကိုယ်တိုင် မြေကြီးပေါ်တွင် ရေလွှမ်းမိုးမှုဖြစ်စေမည်။ မြေကြီးပေါ်မှာရှိသမျှတို့သည် သေကြရမည်။
ယောဘဝတ္တု။ 14:19 - မြန်မာ့စံမီသမ္မာကျမ်း ကျောက်တုံးများကို ရေတိုက်စားသွားသကဲ့သို့၊ မြေကြီးများလည်း ရေစီးနှင့်မျောပါသွားသကဲ့သို့ ကိုယ်တော်သည် လူ၏မျှော်လင့်ချက်ကို ဖျက်ဆီးတော်မူ၏။ Common Language Bible လွှမ်းမိုးသောရေနှင့်အတူ မြေမှုန့်ပါသွားတတ်ပါ၏။ ထိုအတူ ကိုယ်တော်သည် လူမြော်လင့်စရာ အကြောင်းကို ဖျက်တော်မူ၏။ Garrad Bible နေ ရာ ရင်း မှ ကျောက် ဆောင် ရွေ့ ရ လျက်၊ ရေ အ ယဉ် ဖြင့် ကျောက် များ ကျေ မွ လျက်၊ လွှမ်း မိုး ခြင်း ဖြင့် မြေ ဆိုင် ရ ပါ သည့် နည်း တူ၊ ကိုယ် တော် သည် လူ၏ မျှော် လင့် ရာ အ ကြောင်း ကို ဖျက် ဆီး တော် မူ၏။ Judson Bible လွှမ်းမိုးသောရေနှင့်အတူ မြေမှုန့်ပါသွားတတ်ပါ၏။ ထိုအတူ ကိုယ်တော်သည် လူမျှော်လင့်စရာအကြောင်းကို ဖျက်တော်မူ၏။ |
ကြည့်ရှုလော့။ သက်ရှိသတ္တဝါအပေါင်းတို့ကို ကောင်းကင်အောက်မှ ဖျက်ဆီးရန် ငါကိုယ်တိုင် မြေကြီးပေါ်တွင် ရေလွှမ်းမိုးမှုဖြစ်စေမည်။ မြေကြီးပေါ်မှာရှိသမျှတို့သည် သေကြရမည်။
တောင်သည် ပြိုလဲပြီးလျှင် တစ်စစီဖြစ်သွားတတ်ပါ၏။ ကျောက်ဆောင်သည်လည်း မိမိနေရာမှ ရွေ့သွားတတ်ပါ၏။
ငါ၏မျှော်လင့်ခြင်းကား အဘယ်မှာနည်း။ ငါ၏မျှော်လင့်ခြင်းကို အဘယ်သူမြင်ရမည်နည်း။
ငါ့ကို အဘက်ဘက်မှချိုးဖဲ့တော်မူသဖြင့် ငါကျိုးပဲ့ရပြီ။ ငါ့မျှော်လင့်ချက်များကိုလည်း သစ်ပင်ကဲ့သို့ ဆွဲနုတ်ပစ်တော်မူပြီ။
ထိုသူတို့သည် အချိန်မတိုင်မီ ဖျက်ဆီးခြင်း ခံရနိုင်၏။ သူတို့ရပ်တည်ရာမဏ္ဍိုင်သည်လည်း ရေစုန်မျောသွားနိုင်၏။
ဘုရားတရားမဲ့သောသူသည် ပျက်စီး၍ သူ့အသက်ကို ဘုရားသခင် နုတ်ယူပစ်လိုက်သောအခါ သူ၏မျှော်လင့်ရာကား အဘယ်မှာနည်း။
ငါ၏နေ့ရက်တို့သည် ရက်ကန်းလွန်းထက်မြန်၍ မျှော်လင့်ချက်ကင်းမဲ့စွာ ကုန်ဆုံးသွား၏။
ဘုရားရှင်ထာဝရဘုရားက “အချင်းလူသား၊ ဤအရိုးတို့သည် အစ္စရေးအမျိုးအနွယ် တစ်မျိုးနွယ်လုံးဖြစ်၏။ သူတို့က ‘ငါတို့၏အရိုးသည် ခြောက်သွေ့လျက်ရှိ၏။ ငါတို့၏မျှော်လင့်ချက် ကုန်ဆုံးပြီ။ ငါတို့သည် ဖယ်ထုတ်ခြင်းခံရလေပြီ’ဟု ပြောဆိုတတ်ကြ၏။