ရောဗောင်မင်းကြီးသည် ထာဝရဘုရားကို ရှာလိုသောစိတ်မရှိဘဲ မကောင်းမှုများကိုသာ ပြုခဲ့၏။
ယောဘဝတ္တု။ 11:13 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် ကိုယ့်စိတ်နှလုံးကို ပြင်ဆင်၍ ကိုယ်တော့်ထံ လက်ဖြန့်လျှင်၊ Common Language Bible သင်သည် စိတ်နှလုံးကို ပြင်ဆင်၍ လက်တို့ကို ဘုရားသခင်ထံတော်သို့ ဆန့်လျှင်၎င်း၊ Garrad Bible သင် သည်၊ စိတ် နှ လုံး ကို ပြု ပြင်၍၊ ကိုယ် တော့် ထံ လက် အုပ် ချီ လျှင်လည်း ကောင်း၊ Judson Bible သင်သည် စိတ်နှလုံးကိုပြင်ဆင်၍ လက်တို့ကို ဘုရားသခင်ထံတော်သို့ ဆန့်လျှင်လည်းကောင်း၊ |
ရောဗောင်မင်းကြီးသည် ထာဝရဘုရားကို ရှာလိုသောစိတ်မရှိဘဲ မကောင်းမှုများကိုသာ ပြုခဲ့၏။
သို့သော် မင်းကြီး၌ ကောင်းသောအရာ ရှိ၏။ မင်းကြီးသည် တိုင်းပြည်တွင်ရှိသော အာရှရနတ်ဘုရားမတံခွန်တိုင်တို့ကို ဖယ်ရှားပြီး ဘုရားသခင်ကိုရှာလိုသောစိတ်ရှိလေပြီ”ဟု သူ့အား ဆို၏။
အဘယ်ကြောင့် သင့်စိတ်အလိုကို သင်လိုက်ရသနည်း။ အဘယ်ကြောင့် သင့်မျက်လုံးများအရောင်တောက်နေရသနည်း။
အနန္တတန်ခိုးရှင်ထံပြန်လာလျှင် သင့်ကို ပြန်တည်ဆောက်တော်မူမည်။ မတရားမှုများကို သင့်တဲများနှင့် ဝေးကွာစေ၍
သင်ဆုတောင်းသောအခါ ကိုယ်တော်သည် နားညောင်းတော်မူမည်။ သင်ပြုထားသောကတိသစ္စာများကိုလည်း သင်ပြည့်စုံစေနိုင်လိမ့်မည်။
ကြည့်ရှုလော့။ ဘုရားသခင်၏ဆုံးမခြင်းကို ခံရသောသူသည် မင်္ဂလာရှိ၏။ ထို့ကြောင့် အနန္တတန်ခိုးရှင်ဆုံးမတော်မူသည်ကို မထီမဲ့မြင်မပြုပါနှင့်။
အကျွန်ုပ်သည် ကိုယ်တော့်ထံသို့ အကျွန်ုပ်လက်ကိုဆန့်ပါ၏။ မွတ်သိပ်သောမြေကဲ့သို့ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကိုဆာငတ်ပါ၏။(စေလာ)
သံတမန်တို့သည် အီဂျစ်ပြည်မှရောက်လာကြလိမ့်မည်။ အီသီယိုးပီးယားပြည်သည် ဘုရားသခင်ထံသို့ မိမိလက်ကိုဆန့်လိမ့်မည်။
ငါဆင်းရဲဒုက္ခရောက်သောကာလ၌ ဘုရားရှင်ကိုငါရှာ၏။ ညအချိန်၌ ငါ၏လက်တို့ကို လက်ပန်းမကျစေဘဲ ဆန့်တန်း၏။ ငါ၏စိတ်ဝိညာဉ်သည် နှစ်သိမ့်ပေးခြင်းကို ငြင်းပယ်၏။
ထိုသို့အားဖြင့် သူတို့သည် သူတို့၏ဘိုးဘေးများကဲ့သို့ ဖြစ်ကြတော့မည်မဟုတ်။ ထိုဘိုးဘေးတို့သည် ခေါင်းမာ၍ ပုန်ကန်တတ်သည့်မျိုးဆက်၊ သူတို့၏စိတ်နှလုံးတည်ကြည်ခြင်းမရှိသကဲ့သို့ သူတို့၏ဝိညာဉ်သည်လည်း ဘုရားသခင်အပေါ် သစ္စာမရှိသောမျိုးဆက်ဖြစ်ကြ၏။
ဖိစီးနှိပ်စက်မှုကြောင့် အကျွန်ုပ်၏မျက်စိသည် မှုန်ဝါးနေပါ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို နေ့စဉ်နေ့တိုင်းခေါ်လျက် ကိုယ်တော့်ထံ အကျွန်ုပ်၏လက်ကို ဆန့်တန်းနေပါ၏။
မောရှေကလည်း “အကျွန်ုပ်သည် မြို့ထဲမှထွက်သည်နှင့် ထာဝရဘုရားထံသို့ အကျွန်ုပ်၏လက်ကိုဖြန့်ပါမည်။ ထာဝရဘုရားသည် မြေကြီးကိုပိုင်တော်မူကြောင်း အရှင်သိစေရန် မိုးချုန်းသံများရပ်၍ မိုးသီးလည်း ကျတော့မည်မဟုတ်။
မိမိသခင်၏အလိုကိုသိလျက်ပင် ပြင်ဆင်ထားခြင်းမရှိ၊ သို့မဟုတ် သခင်၏အလိုအတိုင်းလုပ်ဆောင်ခြင်းမရှိသော အစေအပါးသည် များစွာရိုက်နှက်ခြင်းခံရလိမ့်မည်။
ထိုအခါ ရှမွေလက အစ္စရေးအမျိုးသားအပေါင်းတို့အား “သင်တို့သည် စိတ်နှလုံးအကြွင်းမဲ့ ထာဝရဘုရားထံတော်သို့ပြန်လာလိုလျှင် သင်တို့တွင်ရှိသောတိုင်းတစ်ပါးသားတို့၏ဘုရားများ၊ အာရှတရက်ဘုရားများကို ဖယ်ရှားရမည်။ ထာဝရဘုရားထံ၌သာ စိတ်အာရုံပြု၍ ကိုယ်တော်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်။ သို့ပြုလျှင် သင်တို့ကို ဖိလိတ္တိလူမျိုးတို့လက်မှ ကယ်နုတ်တော်မူလိမ့်မည်”ဟု ဆို၏။