ဆိုးယုတ်သောသူ၏အကြံဉာဏ်ကို လက်ခံ၍ ကိုယ်တော်၏လက်တော်ဖြင့်ဖန်ဆင်းတော်မူသောသူကို နှိပ်စက်ပြီး စွန့်ပစ်ထားသောအမှုကို ကိုယ်တော်အလိုရှိတော်မူပါသလော။
ယောဘဝတ္တု။ 10:8 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော့်လက်ဖြင့် အကျွန်ုပ်ကို စေ့စပ်သေချာစွာပုံဖော်ဖန်ဆင်းတော်မူခဲ့ပါ၏။ ယခုမူကား အကျွန်ုပ်ကို ဖျက်ဆီးတော်မူမည်လော။ Common Language Bible အကျွန်ုပ်တကိုယ်လုံးကို လက်တော်နှင့်စေ့စပ်စွာ ဖန်ဆင်းတော်မူသည်ဖြစ်၍၊ ယခုဖျက်ဆီးတော်မူမည် လော။ Garrad Bible အ ကျွန်ုပ် ကို ပုံ ကျ အောင် လက် တော် စုံ ဖြင့် လှည့် ပတ် ဖန် ဆင်း တော် မူ သော် လည်း၊ ဖျက် ဆီး တော် မူ ပြီ တ ကား။ Judson Bible အကျွန်ုပ်တစ်ကိုယ်လုံးကို လက်တော်နှင့် စေ့စပ်စွာ ဖန်ဆင်းတော်မူသည်ဖြစ်၍၊ ယခု ဖျက်ဆီးတော်မူမည်လော။ |
ဆိုးယုတ်သောသူ၏အကြံဉာဏ်ကို လက်ခံ၍ ကိုယ်တော်၏လက်တော်ဖြင့်ဖန်ဆင်းတော်မူသောသူကို နှိပ်စက်ပြီး စွန့်ပစ်ထားသောအမှုကို ကိုယ်တော်အလိုရှိတော်မူပါသလော။
ငါ့ကို မည်သူစွဲချက်တင်မည်နည်း။ ထိုသို့ပြုလျှင် ငါသည် နှုတ်ဆိတ်နေ၍ သေပါတော့မည်။
အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို သေခြင်းသို့လည်းကောင်း၊ သက်ရှိသတ္တဝါအားလုံးစုတေ့ရာသို့လည်းကောင်း အရောက်ပို့မည်ကို အကျွန်ုပ်သိပါ၏။
အကြောင်းမှာ ကိုယ်တော်သည် မိုးသက်မုန်တိုင်းဖြင့် ငါ့ကိုကြေမွစေတော်မူပြီ။ အကြောင်းမရှိဘဲ ငါ၌ ဒဏ်ရာများပြားစေတော်မူခဲ့ပြီ။
အားလုံးတို့သည် အတူတူပင်ဖြစ်၏။ ထို့ကြောင့် ‘ကိုယ်တော်သည် အပြစ်တင်စရာမရှိသောသူကိုလည်းကောင်း၊ ဆိုးယုတ်သောသူကိုလည်းကောင်း ဖျက်ဆီးတော်မူမည်’ဟု ငါဆိုခြင်းဖြစ်၏။
ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို သိမှတ်ကြလော့။ ကိုယ်တော်သည် ငါတို့ကို ဖန်ဆင်းတော်မူ၏။ ငါတို့သည်လည်း ကိုယ်တော်၏ပိုင်ဆိုင်ရာ၊ ကိုယ်တော်၏လူမျိုးတော်၊ ကိုယ်တော်၏စားကျက်မှ သိုးစုဖြစ်ကြ၏။
ကိုယ်တော်၏လက်တော်သည် အကျွန်ုပ်ကိုဖန်ဆင်း၍ ပုံဖော်ဖြစ်တည်စေပါ၏။ ကိုယ်တော်၏ပညတ်တော်တို့ကိုသင်ယူနိုင်ရန် အကျွန်ုပ်အား အသိဉာဏ်ပေးတော်မူပါ။
ထာဝရဘုရားသည် ငါ့အမှုကို ပြီးပြည့်စုံစေတော်မူလိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်ပါ၏။ ကိုယ်တော်၏လက်တော်ဖြင့် ပြုလုပ်သောအရာများကို ပစ်ထားတော်မမူပါနှင့်။
အကျွန်ုပ်ကို မထင်ရှားသောအရပ်၌ ဖန်ဆင်း၍ မြေကြီး၏နက်သောအရပ်၌ ယှက်ဖွဲ့တော်မူသောအခါ အကျွန်ုပ်၏ကိုယ်ထည်အကြမ်းသည် ကိုယ်တော်၏ရှေ့တော်၌ ကွယ်ဝှက်၍မနေပါ။
ကိုယ်တော်၏မျက်စိတော်သည် ရုပ်လုံးမပေါ်သေးသောအကျွန်ုပ်၏ကိုယ်ခန္ဓာကို မြင်တော်မူ၏။ အကျွန်ုပ်အတွက် စီမံထားသောနေ့ရက်များ တစ်ရက်မျှမရှိမီကပင် ၎င်းတို့ကို ကိုယ်တော်၏စာစောင်၌ အကုန်အစင်ရေးသားထားပြီးဖြစ်ပါ၏။
သူတို့အားလုံး၏စိတ်နှလုံးကို ပုံဖော်ဖန်ဆင်း၍ သူတို့ပြုသောအမှုအားလုံးတို့ကို သိရှိနားလည်တော်မူ၏။
သူတို့အားလုံးကို ငါ့နာမဖြင့် ငါခေါ်၏။ ငါ၏ဘုန်းအသရေအတွက် ငါဖန်ဆင်း၏။ ငါပုံဖော်ဖန်ဆင်း၍ ငါဖြစ်တည်စေ၏”ဟု မိန့်တော်မူ၏။