အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယောဘဝတ္တု။ 10:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကျွန်ုပ်​ဆိုးယုတ်​လျှင် အကျွန်ုပ်​၌ အမင်္ဂလာ​ရှိ​၏​။ အကျွန်ုပ်​ဖြောင့်မတ်​လျှင်ပင် ခေါင်း​မ​မော့​ဝံ့​ဘဲ အရှက်ကွဲ​လျက်​နေ​ရ​ပါ​၏​။ အကျွန်ုပ်​ခံရ​သော​ဆင်းရဲဒုက္ခ​ကို ကြည့်ရှုလှည့်​ပါ​။

အခန်းကိုကြည့်ပါ။

Common Language Bible

အကျွန်ုပ်သည်ဆိုးညစ်လျှင် အမင်္ဂလာရှိပါ၏။ ဖြောင့်မတ်သော်လည်း ကိုယ်မျက်နှာကိုမပြရ။ ကိုယ်ခံရသော ဒုက္ခဆင်းရဲကို ဆင်ခြင်၍ မိန်းမောတွေဝေလျက် နေရ ပါ၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ဆို သွမ်း လျှင် အ မင်္ဂ လာ ရှိ မည်။ ဖြောင့် မတ် သော် လည်း၊ အ ရှက် ပြည့် လျက်၊ ဒု က္ခ ဆင်း ရဲ ကို ဆင် ခြင်၍၊ မော် ကြည့် ဝံ့ မည် မ ဟုတ်။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ကျွန်ုပ်​သည် ဆိုး​ညစ်​လျှင် အ​မင်္ဂ​လာ​ရှိ​ပါ၏။ ဖြောင့်​မတ်​သော်​လည်း ကိုယ်​မျက်​နှာ​ကို​မ​ပြ​ရ။ ကိုယ်​ခံ​ရ​သော ဒု​က္ခ​ဆင်း​ရဲ​ကို​ဆင်​ခြင်၍ မိန်း​မော​တွေ​ဝေ​လျက် နေ​ရ​ပါ၏။

အခန်းကိုကြည့်ပါ။



ယောဘဝတ္တု။ 10:15
23 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​သည် ဆိုးယုတ်​သော​သူ​မ​ဟုတ်​ကြောင်း​ကို​လည်းကောင်း​၊ အကျွန်ုပ်​ကို ကိုယ်တော့်​လက်​မှ ကယ်နုတ်​မည့်​သူ​မ​ရှိ​ကြောင်း​ကို​လည်းကောင်း ကိုယ်တော်​သိ​တော်မူ​ပါ​၏​။


ငါ​ပြန်​တွေးမိ​တိုင်း ထိတ်လန့်​ပြီး အသား​များ​လည်း တဆတ်ဆတ်တုန်​ပါ​၏​။


ထို့ကြောင့် ငါ​သည် ကိုယ်တော့်​ရှေ့​တွင် တုန်လှုပ်​နေ​ရ​ပါ​၏​။ တွေးမိ​တိုင်း ကိုယ်တော်​ကို ကြောက်ရွံ့​နေ​ရ​ပါ​၏​။


ငါ့​ရန်သူ​သည် ဆိုးယုတ်​သော​သူ​ကဲ့သို့​လည်းကောင်း​၊ ငါ့​ကို​ဆန့်ကျင်​သော​သူ​သည် လူဆိုးသူခိုး​ကဲ့သို့​လည်းကောင်း ဖြစ်​ပါစေ​။


ယခု ပြန်ဆင်ခြင်​ကြ​ပါ​။ မတရား​သော​သူ​များ မ​ဖြစ်​ကြ​နှင့်​။ ထပ်ပြီး​ဆင်ခြင်​ကြည့်​ကြ​ပါ​။ ဤ​အမှု​၌ ငါ​ဖြောင့်မတ်​ပါ​သေး​၏​။


ကိုယ်တော်​သိမ်းယူ​တော်မူ​လျှင် မည်သူ​တား​နိုင်​သနည်း​။ ‘​မည်သို့​ပြု​တော်မူ​သနည်း​’​ဟု ကိုယ်တော်​အား မည်သူ​မေးလျှောက်​ဝံ့​သနည်း​။


ငါ​ဖြောင့်မတ်​နေ​လျှင်ပင် တုံ့ပြန်​၍​မ​ရ​။ ငါ့​အား တရားစီရင်​မည့်​သူ​ကို အသနားခံ​ရန်​သာ​ရှိ​တော့​မည်​။


ငါ​၌​အပြစ်ရှိ​သည်​ဟု စီရင်​ခြင်း​ကို​ခံရ​မည်​ဆိုလျှင် အဘယ်ကြောင့် ဤသို့​အချည်းနှီး​ကြိုးစားအားထုတ်​နေ​ရ​မည်နည်း​။


အကျွန်ုပ်​ခံရ​သော​ဖိစီးနှိပ်စက်မှု​ကို ကြည့်ရှု​တော်မူ​၍ အကျွန်ုပ်​ကို ကယ်မ​တော်မူ​ပါ​။ အကြောင်းမူကား ကိုယ်တော်​၏​တရားတော်​ကို အကျွန်ုပ်​မ​မေ့လျော့​ပါ​။


အကျွန်ုပ်​ခံရ​သော​ဖိစီးနှိပ်စက်မှု​နှင့် အကျွန်ုပ်​၏​အခက်အခဲ​ပြဿနာ​ကို ကြည့်ရှု​၍ အကျွန်ုပ်​၏​အပြစ်​ရှိသမျှ​တို့​ကို ခွင့်လွှတ်​တော်မူ​ပါ​။


အို ထာဝရဘုရား​၊ သူ​တို့​သည် ကိုယ်တော်​၏​နာမ​တော်​ကို​ရှာ​ကြ​စေရန် သူ​တို့​၏​မျက်နှာ​ကို အရှက်ကွဲ​ခြင်း​နှင့်​ပြည့်​စေ​တော်မူ​ပါ​။


ဆိုးယုတ်​သော​သူ​တို့​နှင့် ဘုရားသခင်​ကို​မေ့လျော့​သော​လူမျိုး​အပေါင်း​တို့​သည် မရဏာနိုင်ငံ​သို့​လှည့်သွား​ကြ​ရ​လိမ့်မည်​။


ထာဝရဘုရား​က “​အီဂျစ်​ပြည်​၌​ရှိ​သော​ငါ့​လူမျိုး​တော်​ခံရ​သည့် ဖိစီးနှိပ်စက်မှု​ကို အမှန်တကယ် ငါ​မြင်​ပြီ​။ အဓမ္မ​စေခိုင်း​သူ​များ​ကြောင့် သူ​တို့​၏​အော်ဟစ်ငိုကြွေးသံ​ကို​လည်း ငါ​ကြား​ပြီ​။ အကယ်စင်စစ် သူ​တို့​၏​ဒုက္ခဝေဒနာ​များ​ကို ငါ​သိ​ပြီ​။


ဆိုးယုတ်​သော​သူ​သည် အမင်္ဂလာ​ရှိ​၏​။ သူ​၌ ဆိုးညစ်​သော​အမှု သက်ရောက်​မည်​။ သူ​၏​လုပ်ဆောင်မှု​အတိုင်း သူ​၌​ဖြစ်​လိမ့်မည်​။


ထိုအခါ “​ငါ​၌​အမင်္ဂလာ​ရှိ​၏​။ ငါ​သည် ပျက်စီးဆုံးရှုံး​ပြီ​။ အကြောင်းမူကား ငါ​သည် နှုတ်ခမ်း​ညစ်ညူး​လျက်​၊ နှုတ်ခမ်း​ညစ်ညူး​သော​လူမျိုး​အလယ်​တွင်​နေထိုင်​လျက်ပင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​တည်းဟူသော ရှင်ဘုရင်​ကို ငါ့​မျက်စိ​နှင့်​မြင်​လေ​ပြီ​တကား​”​ဟု ငါ​ဆို​၏​။


အို ထာဝရဘုရား​၊ ကြည့်ရှု​တော်မူ​ပါ​။ အကျွန်ုပ် ဆင်းရဲဒုက္ခ​ရောက်​ပါ​ပြီ​။ အကျွန်ုပ်​အထဲ​၌ ပွက်ပွက်ဆူ​နေ​ပြီ​။ အကျွန်ုပ်​သည် ဖီဆန်​ပုန်ကန်​မိ​ပါ​ပြီ​။ ထို့ကြောင့် အကျွန်ုပ်​၏​စိတ်နှလုံး​သည် အကျွန်ုပ်​အတွင်း​၌ မငြိမ်မသက်​ဖြစ်​လျက်​ရှိ​၏​။ အိမ်​ပြင်​၌ ဓားဘေး​ရှိ​၏​။ အိမ်​ထဲ၌​လည်း သေဘေး​ရှိ​၏​။


ထိုအခါ သင်​တို့​သည် ဖြောင့်မတ်​သော​သူ​နှင့် ဆိုးယုတ်​သော​သူ​၊ ဘုရားသခင်​၏​အမှု​တော်​ကို ဆောင်​သော​သူ​နှင့် မ​ဆောင်​သော​သူ​ကို ပြန်​၍ ပိုင်းခြား​သိမြင်​ကြ​လိမ့်မည်​။


ထိုနည်းတူ သင်​တို့​သည်​လည်း သင်​တို့​အား​စေခိုင်း​သည့်​အရာ​အားလုံး​ကို ဆောင်ရွက်​ပြီး​သောအခါ ‘အကျွန်ုပ်​တို့​သည် အကျိုးမပြု​သော​အစေအပါး​များ​ဖြစ်​ကြ​ပါ​၏။ ဆောင်ရွက်​ရ​မည့်​အမှု​ကို ဆောင်ရွက်​ခဲ့​ခြင်း​သာ​ဖြစ်​ပါ​၏’​ဟု ဆို​ကြ​လော့”​ဟူ၍ မိန့်​တော်မူ​၏။