Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 10:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 အကျွန်ုပ်​အပြစ်ပြု​မိ​လျှင် ကိုယ်တော်​မှတ်​တော်မူ​ပြီး အပြစ်​မှ​ကင်းလွတ်​ခွင့်​ကို အကျွန်ုပ်​အား ပေး​တော်မူ​မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 အကျွန်ုပ်သည် ပြစ်မှားလျှင်၊ ကိုယ်တော် မှတ်တော်မူ၏။ အကျွန်ုပ်အပြစ်ကို လွှတ်တော်မူမည် မဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 အ ကျွန်ုပ် ပြစ် မှား မိ လျှင်၊ ကိုယ် တော် မှတ် တော် မူ လိမ့် မည်။ ဒု စ ရိုက် ကင်း သည် ဟူ၍ လည်း ပြ ဋ္ဌာန်း တော် မူ မည် မ ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 အ​ကျွန်ုပ်​သည် ပြစ်​မှား​လျှင်၊ ကိုယ်​တော် မှတ်​တော်​မူ၏။ အ​ကျွန်ုပ်​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 10:14
13 ပူးပေါင်းရင်းမြစ်များ  

အကယ်စင်စစ် ကိုယ်တော်​သည် အကျွန်ုပ်​၏​ခြေလှမ်း​တို့​ကို ရေတွက်​တော်မူ​သော်လည်း အကျွန်ုပ်​၏​အပြစ်​ကို မှတ်​တော်​မ​မူ​ပါ​။


သင်​က ‘​ငါ​သန့်ရှင်း​၏​။ ကျူးလွန်​သော​အပြစ်​မ​ရှိ​။ ငါ​အပြစ်ကင်း​၏​။ ငါ​၌​အပြစ်​မ​ရှိ​။


မကောင်းမှု​ပြု​သူ​တို့​အတွက် ပုန်းရှောင်စရာ​အမှောင်ထု​၊ အမှောင်ကမ္ဘာ​ဟူ၍​မ​ရှိ​။


လူ​ကို​စောင့်ကြည့်​တော်မူ​သော​အရှင်​၊ အကျွန်ုပ်​အပြစ်​ပြု​မိ​ပြီ​လော​။ ကိုယ်တော့်​ကို​မည်သို့​ပြု​မိ​ပါ​သနည်း​။ အကျွန်ုပ်​သည် ကိုယ့်ကိုယ်ကိုယ် ဝန်ထုပ်ဝန်ပိုး​ဖြစ်​ရ​သည်​အထိ အဘယ်ကြောင့်​အကျွန်ုပ်​ကို​ပစ်မှတ်​ထား​တော်မူ​ပါ​သနည်း​။


အကျွန်ုပ်​ကျူးလွန်​မိ​သော​အပြစ်​ကို အဘယ်ကြောင့်​ခွင့်လွှတ်​တော်​မ​မူ​ပါ​သနည်း​။ အကျွန်ုပ်​၏​ဒုစရိုက်​ကို အဘယ်ကြောင့် ဖယ်ရှား​တော်​မ​မူ​ပါ​သနည်း​။ ယခု မြေမှုန့်​၌ အကျွန်ုပ်​အိပ်​ရ​ပါ​တော့​မည်​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ကြိုးစားရှာ​သော်လည်း တွေ့​ရ​တော့​မည်​မ​ဟုတ်​ပါ”​ဟု ညည်းဆို​လေ​၏​။


ငါ​ခံစား​ရ​သော​ဒုက္ခဝေဒနာ​အလုံးစုံ​ကြောင့် ငါ​ကြောက်ရွံ့​နေ​၏​။ ကိုယ်တော်​သည် ငါ့​ကို​အပြစ်ဒဏ်​နှင့် ကင်းလွတ်​စေ​တော်မူ​မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏​။


အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ဒုစရိုက်​များ​ကို မှတ်​ထား​တော်မူ​လျှင် မည်သူ​သည်​ခံရပ်​နိုင်​ပါ​မည်နည်း​။


အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို စစ်ကြော​၍ သိ​တော်မူ​၏​။


ကိုယ်တော်​သည် အကျွန်ုပ်​တို့​၏​ဒုစရိုက်​များ​ကို ရှေ့​တော်​၌​လည်းကောင်း​၊ အကျွန်ုပ်​တို့​ဝှက်ထား​သော​အပြစ်​များ​ကို မျက်နှာ​တော်​၏​အလင်း​၌​လည်းကောင်း ချထား​တော်မူ​၏​။


မျိုးဆက်​အထောင်​အသောင်း​တို့​အား မေတ္တာကရုဏာ​ထား​၍ ကျူးလွန်​သော​ဒုစရိုက်​အပြစ်​တို့​ကို​ခွင့်လွှတ်​သော်လည်း အပြစ်ဒဏ်​မ​ခတ်​ဘဲ​မ​နေ​။ ဖခင်​တို့​၏​အပြစ်​ကို သား​မြေး​တို့​အပေါ် တတိယ​အဆက်​၊ စတုတ္ထ​အဆက်​တိုင်အောင် အပြစ်ဒဏ်​ကျရောက်​စေ​သော​ဘုရား​ဖြစ်​သည်​”​ဟု မြွက်ဆို​တော်မူ​၏​။


ငါ့​မျက်စိ​သည် သူ​တို့​သွား​သော​လမ်း​ရှိသမျှ​တို့​ကို မြင်​၏​။ သူ​တို့​သည် ငါ့​ရှေ့​မှ မ​ပုန်းရှောင်​နိုင်​။ သူ​တို့​၏​ဒုစရိုက်​များ​ကို ငါ့​မျက်မှောက်​မှ မ​ဝှက်ထား​နိုင်​။


‘​ထာဝရဘုရား​သည် စိတ်ရှည်​သော​ဘုရား​၊ မေတ္တာကရုဏာ​ကြွယ်ဝ​သော​ဘုရား​၊ ကျူးလွန်​သော​အပြစ်​ကို ခွင့်လွှတ်​သော်လည်း အပြစ်ဒဏ်​မ​ခတ်​ဘဲ​မ​နေ​၊ ဖခင်​တို့​၏​အပြစ်​ကို သားမြေး​တို့​အပေါ် တတိယ​အဆက်​၊ စတုတ္ထ​အဆက်​တိုင်အောင် အပြစ်ဒဏ်​ကျရောက်​စေ​သော​ဘုရား​ဖြစ်​၏​’​ဟု မိန့်​တော်မူ​သည်​နှင့်အညီ ဖြစ်​ပါစေသော​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ