အိုမင်းသောအရွယ်၌ပင် ဆက်၍အသီးသီးလျက်၊ စိမ်းလန်းစိုပြည်လျက်ရှိခြင်းအားဖြင့်
ယာကုပ် 3:18 - မြန်မာ့စံမီသမ္မာကျမ်း ငြိမ်းချမ်းမှုကိုဖြစ်စေသောသူတို့သည် ဖြောင့်မတ်ခြင်းအသီး၏မျိုးစေ့ကို ငြိမ်းချမ်းစွာကြဲတတ်ကြ၏။ Common Language Bible ငြိမ်းချမ်းရေးဆောင်ရွက်သူတို့ငြိမ်းချမ်းစွာ စိုက်ပျိုးသည့်မျိုးစေ့များမှဖြစ်ပွားသည့် အသီးအပွင့်ကားကောင်းမြတ်ခြင်းပေတည်း။ Garrad Bible ဖျန် ဖြေ သူ တို့ ကြဲ သော အ သင့် အ တင့် မျိုး မှ ဖြောင့် မတ် ခြင်း အ သီး ဖြစ် ထွန်း လိမ့် သ တည်း။ Judson Bible အသင့်အတင့်နေခြင်းငှာပြုစုတတ်သော သူတို့သည် ဖြောင့်မတ်ခြင်းတရား၏ မျိုးစေ့ကို ငြိမ်သက်စွာ ကြဲတတ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ငြိမ်းချမ်းခြင်းမျိုးစေ့ကို ကြဲသော ငြိမ်းချမ်းရေးဖော်ဆောင်သူများသည် ဖြောင့်မတ်ခြင်း၏ အသီးအနှံကို ရိတ်ကြရ၏။ |
အိုမင်းသောအရွယ်၌ပင် ဆက်၍အသီးသီးလျက်၊ စိမ်းလန်းစိုပြည်လျက်ရှိခြင်းအားဖြင့်
ဆိုးယုတ်သောသူသည် လှည့်ဖြားသောအဖိုးအခကိုရတတ်၏။ ဖြောင့်မတ်ခြင်းမျိုးစေ့ကိုကြဲသောသူမူကား မှန်ကန်သောအကျိုးကိုရတတ်၏။
မိမိ၏ဓနဥစ္စာကို ကိုးစားသောသူသည် ကျဆုံးလိမ့်မည်။ ဖြောင့်မတ်သောသူမူကား သစ်ရွက်ကဲ့သို့ ပွင့်လန်းဝေဆာလိမ့်မည်။
ဖြောင့်မတ်သောသူ၏အသီးအပွင့်သည် အသက်ပင်သဖွယ်ဖြစ်၏။ စိတ်ဝိညာဉ်များကိုဆွဲဆောင်စည်းရုံးနိုင်သောသူသည် ပညာရှိဖြစ်၏။
ထာဝရဘုရားကို ရှာဖို့ အချိန်တန်ပြီ။ ထာဝရဘုရားသည် ကြွလာ၍ သင်တို့အပေါ် ဖြောင့်မတ်ခြင်းမိုးကို မရွာစေမီတိုင်အောင် သင်တို့သည် ဖြောင့်မတ်ခြင်းမျိုးစေ့ကိုကြဲ၍ မေတ္တာကရုဏာအသီးကို ရိတ်သိမ်းကြလော့။ ပလပ်မြေကို ထွန်ယက်ကြလော့။
မြင်းတို့သည် ကျောက်ဆောင်ပေါ်တွင် ပြေးတတ်သလော။ နွားဖြင့်ယှဉ်၍ ထွန်ယက်တတ်သလော။ သင်တို့သည် တရားမျှတခြင်းကို အဆိပ်ဖြစ်စေပြီ။ ဖြောင့်မတ်ခြင်း၏အသီးကိုလည်း ခါးသီးစေပြီ။
ငြိမ်းချမ်းမှုကိုဖြစ်စေသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်၏သားများဟုခေါ်ဝေါ်ခြင်းကိုခံရကြလိမ့်မည်။
မျိုးကြဲသောသူနှင့်ရိတ်သိမ်းသောသူသည် အတူတကွဝမ်းမြောက်ကြမည့်အကြောင်း ရိတ်သိမ်းသောသူသည် ဆုလာဘ်ကိုရရှိလျက် ထာဝရအသက်အတွက် အသီးအနှံကိုစုသိမ်းနှင့်ပြီ။
မိမိသွေးသားဇာတိ၌စိုက်ပျိုးသောသူသည် သွေးသားဇာတိထံမှ ပျက်စီးခြင်းကို ရိတ်သိမ်းရလိမ့်မည်။ ဝိညာဉ်တော်၌စိုက်ပျိုးသောသူမူကား ဝိညာဉ်တော်ထံမှ ထာဝရအသက်ကို ရိတ်သိမ်းရလိမ့်မည်။
ယေရှုခရစ်တော်အားဖြင့် ဖြောင့်မတ်ခြင်းအသီးအပွင့်နှင့်ပြည့်စုံ၍ ဘုရားသခင်၏ဘုန်းတော်ထင်ရှားခြင်းနှင့် ဂုဏ်တော်ချီးမွမ်းခြင်းအဖြစ်သို့ရောက်မည့်အကြောင်း ငါဆုတောင်း၏။
ဆုံးမပဲ့ပြင်ခြင်းဟူသမျှသည် ခံရစဉ်တွင် ဝမ်းမြောက်စရာမဟုတ်ဘဲ ဝမ်းနည်းစရာဖြစ်သည်ဟု ထင်ရတတ်၏။ သို့သော် ထိုဆုံးမပဲ့ပြင်ခြင်းအားဖြင့် လေ့ကျင့်ပေးခြင်းခံရသောသူတို့သည် နောက်မှ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့် ငြိမ်းချမ်းသောအကျိုးကျေးဇူးကို ပြန်လည်ခံစားရကြ၏။
အကြောင်းမူကား လူ၏အမျက်ဒေါသသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကို မဖြစ်ထွန်းစေနိုင်ပေ။