ဆိုးယုတ်သောသူသည် ဖြောင့်မတ်သောသူအပေါ် မကောင်းကြံစည်ကာ သူ့ကိုကြည့်လျက် အံကြိတ်တတ်၏။
မဿဲ 5:10 - မြန်မာ့စံမီသမ္မာကျမ်း ဖြောင့်မတ်ခြင်းကြောင့် ညှဉ်းဆဲခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် သူတို့၏နိုင်ငံဖြစ်၏။ Common Language Bible ``ဘုရားသခင်၏အလိုတော်အတိုင်း ဆောင်ရွက်သဖြင့် နှိပ်စက်ညှဉ်းဆဲခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ ကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံ ဖြစ်၏။ Garrad Bible ဖြောင့် မတ် ခြင်း ကြောင့် ညှဉ်း ပန်း ခံ ရ သော သူ တို့၌ မင်္ဂ လာ ရှိ၏၊ ကောင်း ကင် နိုင် ငံ တော် သည် ထို သူ တို့ နိုင် ငံ ဖြစ် ၏။ Judson Bible ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ယှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖြောင့်မတ်စွာလုပ်ဆောင်ခြင်းကြောင့် ညှဉ်းပန်းနှိပ်စက်ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်သောကြောင့်ပင်။ မြန်မာ ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ယှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။- |
ဆိုးယုတ်သောသူသည် ဖြောင့်မတ်သောသူအပေါ် မကောင်းကြံစည်ကာ သူ့ကိုကြည့်လျက် အံကြိတ်တတ်၏။
ထာဝရဘုရား၏စကားတော်ကြောင့် စိုးရိမ်ထိတ်လန့်သောသူတို့၊ စကားတော်ကိုနားထောင်ကြလော့။ သင်တို့ကိုမုန်း၍ ငါ့နာမကြောင့် သင်တို့ကိုနှင်ထုတ်သော ညီအစ်ကိုတို့က ‘သင်တို့ဝမ်းမြောက်သည်ကို ငါတို့မြင်ရမည့်အကြောင်း ထာဝရဘုရားသည် ဘုန်းထင်ရှားပါစေသော’ဟု ကဲ့ရဲ့ပြောဆိုကြ၏။ သို့သော်လည်း သူတို့သည် အရှက်ကွဲကြလိမ့်မည်”ဟု မိန့်တော်မူ၏။
မြို့တစ်မြို့တွင် သင်တို့ကိုညှဉ်းဆဲကြသောအခါ အခြားတစ်မြို့သို့ ထွက်ပြေးကြလော့။ သင်တို့အား ငါအမှန်ဆိုသည်ကား အစ္စရေးမြို့များကို သင်တို့အနှံ့မရောက်မီ လူ့သားသည်ကြွလာလိမ့်မည်။
ယေရှုကလည်း“ကလေးသူငယ်တို့ကို ရှိကြပါလေစေ။ ငါ့ထံသို့ သူတို့လာကြသည်ကို မတားဆီးကြနှင့်။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏”ဟု မိန့်တော်မူလျက်
ထို့နောက် မင်းကြီးသည် မိမိ၏လက်ယာတော်ဘက်၌ရှိသောသူတို့အား ‘ငါ့ခမည်းတော်ထံမှ ကောင်းချီးမင်္ဂလာခံစားရသောသူတို့၊ ကမ္ဘာတည်ကတည်းက သင်တို့အတွက် ပြင်ဆင်ထားသောနိုင်ငံတော်ကို လာ၍ အမွေဆက်ခံကြလော့။
“စိတ်ဝိညာဉ်ဆင်းရဲနွမ်းပါးသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် သူတို့၏နိုင်ငံဖြစ်၏။
ယေရှုသည် ထိုအခြင်းအရာကိုမြင်လျှင် အမျက်တော်ထွက်၍“ကလေးသူငယ်တို့ငါ့ထံသို့လာကြပါလေစေ။ သူတို့ကိုမတားဆီးကြနှင့်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏။
ထိုသူသည် ယခုဘဝ၌ ညှဉ်းဆဲခြင်းများပါလျက် အဆတစ်ရာသောအကျိုးတည်းဟူသော အိမ်များ၊ မြေယာများ၊ ညီအစ်ကိုမောင်နှမများ၊ အမိများ၊ သားသမီးများကို ခံစားရလျက် နောင်ဘဝ၌ ထာဝရအသက်ကိုရရှိလိမ့်မည်။
သို့သော် ဤအခြင်းအရာအားလုံးမဖြစ်မီ လူတို့သည် သင်တို့ကိုဖမ်းဆီး၍ ညှဉ်းဆဲကာ ဝတ်ပြုစည်းဝေးကျောင်းများနှင့် ထောင်များထဲသို့ ပို့ကြလိမ့်မည်။ သင်တို့သည် ငါ၏နာမကြောင့် ရှင်ဘုရင်များနှင့်ဘုရင်ခံများရှေ့သို့ ခေါ်ဆောင်သွားခြင်းခံရကြလိမ့်မည်။
ငါ၏ခမည်းတော်သည် နိုင်ငံတော်ကို ငါ့အားအပ်နှင်းတော်မူသကဲ့သို့ ငါသည်လည်း နိုင်ငံတော်ကို သင်တို့အားအပ်နှင်းသဖြင့်
ထိုအခါ ကိုယ်တော်သည် တပည့်တော်တို့ဘက်သို့မျက်နှာမူလျက် မြွက်ဆိုတော်မူသည်မှာ“ဆင်းရဲနွမ်းပါးသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏နိုင်ငံဖြစ်၏။
လူ့သားကြောင့် လူတို့သည် သင်တို့ကိုမုန်းတီးသောအခါ၌လည်းကောင်း၊ သင်တို့ကိုဝိုင်းပယ်၍ ကဲ့ရဲ့ပြစ်တင်ကာ သင်တို့၏နာမည်ကိုဖျက်သောအခါ၌လည်းကောင်း သင်တို့သည် မင်္ဂလာရှိကြ၏။
‘ကျွန်သည် သူ့သခင်ထက် ကြီးမြတ်သည်မဟုတ်’ဟု သင်တို့အား ငါပြောခဲ့သည့်စကားကို သတိရကြလော့။ လူတို့သည် ငါ့ကိုညှဉ်းဆဲခဲ့လျှင် သင်တို့ကိုလည်း ညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကိုလိုက်နာစောင့်ထိန်းခဲ့လျှင် သင်တို့၏စကားကိုလည်း လိုက်နာစောင့်ထိန်းကြလိမ့်မည်။
ထို့နောက် တမန်တော်တို့ကိုခေါ်လျက် ရိုက်နှက်ပြီးမှ ယေရှု၏နာမကိုအမှီပြု၍ ဟောပြောသွန်သင်ခြင်းမပြုရန် အမိန့်ပေးကာ ပြန်လွှတ်လိုက်ကြ၏။
ရှောလုသည်လည်း သတေဖန်အသတ်ခံရသည့်အမှု၌ အလိုတူအလိုပါဖြစ်၏။ ထိုနေ့တွင် ဂျေရုဆလင်မြို့ရှိအသင်းတော်အပေါ် ပြင်းထန်သောညှဉ်းဆဲမှုဖြစ်ပေါ်လာသဖြင့် တမန်တော်တို့မှတစ်ပါး သင်းဝင်သူအပေါင်းတို့သည် ယုဒနယ်နှင့်ရှမာရိနယ်တစ်လျှောက်သို့ ကွဲလွင့်သွားကြ၏။
အကြောင်းမူကား ငါတို့ခေတ္တခံရသော ပေါ့ပါးသည့်ဆင်းရဲဒုက္ခသည် အတိုင်းထက်အလွန် ထူးမြတ်၍လေးနက်သော ထာဝရဘုန်းအသရေကို ငါတို့အတွက်ဖြစ်စေ၏။
ထိုသို့ကြောက်ရွံ့ခြင်းမရှိခြင်းသည် သူတို့အတွက် ပျက်စီးခြင်း၏လက္ခဏာဖြစ်၏။ သင်တို့အတွက်မူကား ကယ်တင်ခြင်း၏လက္ခဏာဖြစ်ပြီး ၎င်းသည် ဘုရားသခင်ထံမှလာ၏။
ငါတို့သည် သည်းခံလျှင် ကိုယ်တော်နှင့်အတူစိုးစံရကြလိမ့်မည်။ ကိုယ်တော်ကိုငြင်းပယ်မည်ဆိုလျှင် ကိုယ်တော်သည်လည်း ငါတို့ကိုငြင်းပယ်တော်မူလိမ့်မည်။
အန္တိအုတ်မြို့၊ ဣကောနိမြို့နှင့် လုတ္တရမြို့တို့တွင် ငါ့အပေါ်ကျရောက်ခဲ့သည့် ညှဉ်းဆဲခြင်းနှင့်ဒုက္ခဝေဒနာတို့၌လည်းကောင်း ထက်ကြပ်မကွာပါရှိခဲ့၏။ ထိုကဲ့သို့သော ညှဉ်းဆဲခြင်းများကို ငါခံရသော်လည်း သခင်ဘုရားသည် ထိုအရာအလုံးစုံတို့မှ ငါ့ကိုကယ်နုတ်တော်မူ၏။
စုံစမ်းနှောင့်ယှက်ခြင်းကိုသည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား စုံစမ်းစစ်ဆေးခြင်းကိုအောင်မြင်သောအခါ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသော အသက်သရဖူကို ရလိမ့်မည်။
သည်းခံသောသူတို့သည် မင်္ဂလာရှိ၏ဟု ငါတို့ယူဆကြ၏။ ယောဘ၏သည်းခံခြင်းကို သင်တို့ကြားရကြပြီ။ နောက်ဆုံးတွင် ထာဝရဘုရားပြုတော်မူသောအမှုအားဖြင့် ကိုယ်တော်သည် အလွန်ကြင်နာတတ်၍ ကရုဏာနှင့်ပြည့်စုံတော်မူသောအရှင်ဖြစ်ကြောင်းကိုလည်း သင်တို့တွေ့မြင်ရကြ၏။
မာရ်နတ်နှင့်စပ်ဆိုင်သောသူဖြစ်ပြီး မိမိ၏ညီကိုသတ်သောကာဣနကဲ့သို့ မဖြစ်ကြနှင့်။ အဘယ်ကြောင့် ညီကိုသတ်သနည်းဟူမူကား သူ၏လုပ်ဆောင်မှုသည် ဆိုးညစ်၍ သူ့ညီ၏လုပ်ဆောင်မှုသည် ဖြောင့်မတ်သောကြောင့်ဖြစ်၏။
သင်ခံစားရတော့မည့် ဒုက္ခဝေဒနာများကို မကြောက်နှင့်။ ကြည့်ရှုလော့။ သင်သည် စမ်းသပ်စစ်ဆေးခြင်းကိုခံရမည့်အကြောင်း မာရ်နတ်သည် သင်တို့အထဲမှ အချို့တို့ကို ထောင်ထဲ၌ထည့်ထားတော့မည်။ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ အသေခံရသည့်တိုင်အောင် သစ္စာစောင့်လော့။ သို့ပြုလျှင် အသက်သရဖူကို သင့်အား ငါပေးမည်။