သင်တို့ကိုစစ်ကြောတော်မူလျှင် သင်တို့အတွက် အကျိုးရှိပါမည်လော။ လူကိုလှည့်စားသကဲ့သို့ ကိုယ်တော်ကို သင်တို့လှည့်စား၍ရနိုင်မည်လော။
မဿဲ 27:41 - မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီးအကဲများသည်လည်း ကျမ်းပြုဆရာများ၊ သက်ကြီးဝါကြီးများနှင့်အတူ ကိုယ်တော်ကို ပြောင်လှောင်ကြ၍ Common Language Bible ထိုနည်းတူစွာယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်း တတ်ဆရာများနှင့်ဘာသာရေးခေါင်းဆောင် များကလည်းပြောင်လှောင်ကြ၏။- Garrad Bible ထို နည်း တူ ကျမ်း တတ် ဆ ရာ မှ စ၍ လူ ကြီး တို့ နှင့် ပ ရော ဟိတ် ကြီး တို့ က Judson Bible ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတို့က၊ ဤသူသည် သူတစ်ပါးတို့ကို ကယ်တင်တတ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများနှင့် အကြီးအကဲများကလည်း မြန်မာ ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတို့က၊ ဤသူသည် သူတစ်ပါးတို့ကို ကယ်တင်တတ်၏။- |
သင်တို့ကိုစစ်ကြောတော်မူလျှင် သင်တို့အတွက် အကျိုးရှိပါမည်လော။ လူကိုလှည့်စားသကဲ့သို့ ကိုယ်တော်ကို သင်တို့လှည့်စား၍ရနိုင်မည်လော။
အကျွန်ုပ်ဒုက္ခရောက်သည်ကို ဝမ်းမြောက်သောသူတို့သည် အတူတကွအရှက်ကွဲ၍ မျက်နှာပျက်ကြရပါစေသော။ အကျွန်ုပ်နှင့်ယှဉ်၍ မိမိကိုယ်ကိုချီးမြှောက်သောသူတို့သည် အရှက်ကွဲခြင်းနှင့် အသရေပျက်ခြင်းကို ဝတ်ဆင်ကြရပါစေသော။
ထို့ကြောင့် ပြက်ရယ်မပြုကြနှင့်။ ပြုလျှင် သင်တို့ကို ချည်နှောင်သောကြိုးတို့သည် ပိုမိုတင်းကျပ်လိမ့်မည်။ အကြောင်းမူကား ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရားသည် ပြည်တစ်ပြည်လုံးကို သုတ်သင်ဖျက်ဆီးမည်ဟု ဆုံးဖြတ်ချက်ချတော်မူကြောင်းကို ငါကြားသိရပြီ။
အစ္စရေးလူမျိုးကိုရွေးနုတ်တော်မူသောအရှင်၊ ထိုလူမျိုး၏သန့်ရှင်းသောအရှင် ထာဝရဘုရားက လူတို့၏မထီမဲ့မြင်ပြုခြင်းခံရသော၊ လူမျိုးတကာတို့၏စက်ဆုပ်ရွံရှာခြင်းခံရသော၊ အုပ်စိုးသောမင်းတို့ထံ၌ကျွန်ခံရသောသူအား “သင့်ကိုရွေးချယ်တော်မူ၍ သစ္စာရှိတော်မူသော အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ထာဝရဘုရားကို ရှင်ဘုရင်တို့သည် မြင်၍ အကြီးအကဲတို့မတ်တတ်ရပ်ကြပြီး သူတို့အတူတကွ ရှိခိုးကိုးကွယ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
တစ်လတည်းတွင် သိုးထိန်းသုံးဦးကို ငါဖယ်ရှားပစ်၏။ ငါသည် သူတို့ကို သည်းမခံနိုင်။ သူတို့သည်လည်း ငါ့ကို မုန်းကြ၏။
“ဗိမာန်တော်ကိုဖြိုဖျက်၍ သုံးရက်အတွင်းတည်ဆောက်မည့်သူ၊ သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် သင့်ကိုယ်သင်ကယ်တင်ပြီး လက်ဝါးကပ်တိုင်ပေါ်မှဆင်းလာခဲ့လော့”ဟု စော်ကားပြောဆိုကြ၏။
“သူသည် သူတစ်ပါးတို့ကိုကယ်တင်ခဲ့သော်လည်း မိမိကိုယ်ကိုမကယ်တင်နိုင်ပါတကား။ အစ္စရေးဘုရင်ဖြစ်လျှင် ယခုပင် လက်ဝါးကပ်တိုင်ပေါ်မှဆင်းလာပါစေ။ ထိုအခါ ငါတို့သည် သူ့ကိုယုံကြည်မည်။
အကြောင်းမူကား သူသည် လူမျိုးခြားတို့ထံ အပ်နှံခြင်းကိုခံရလျက် ပြောင်လှောင်ခြင်း၊ နှိပ်စက်ခြင်း၊ တံတွေးနှင့်ထွေးခြင်းတို့ကိုခံရလိမ့်မည်။
ထို့နောက် ယေရှုသည် မိမိကိုဖမ်းဆီးရန်ရောက်လာကြသော ယဇ်ပုရောဟိတ်အကြီးအကဲများ၊ ဗိမာန်တော်အစောင့်တပ်မှူးများနှင့် သက်ကြီးဝါကြီးများအား“သင်တို့သည် ဓားပြကိုဖမ်းသကဲ့သို့ တုတ်၊ ဓားများကိုင်ဆောင်လျက် လာကြသလော။
လူတို့သည်ရပ်လျက်ကြည့်နေကြ၏။ အကြီးအကဲတို့မူကား ကိုယ်တော်ကိုပြက်ရယ်ပြု၍ “ဤသူသည် အခြားသူများကိုကယ်တင်ခဲ့၏။ သူသည် ဘုရားသခင်ရွေးကောက်တော်မူသောခရစ်တော်ဖြစ်လျှင် မိမိကိုယ်ကိုကယ်တင်ပါစေ”ဟု ပြောဆိုကြ၏။