အို ထာဝရဘုရား၊ အကျွန်ုပ်သည် အပြစ်ကင်းခြင်းထဲ၌ အကျွန်ုပ်၏လက်ကိုဆေးကြော၍ ကိုယ်တော်၏ယဇ်ပလ္လင်ကိုလှည့်ပတ်ကာ
မဿဲ 27:24 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ပိလတ်မင်းသည် မည်သည့်အကျိုးမျှမရှိဘဲ ရုန်းရင်းဆန်ခတ်သာဖြစ်လာသည်ကိုမြင်၍ လူထုပရိသတ်ရှေ့တွင် ရေကိုယူပြီး လက်ကိုဆေးကာ “ဤသူ၏သွေးနှင့် ငါကင်းရှင်း၏။ သင်တို့အမှုကို သင်တို့ဖြေရှင်းရမည်”ဟု ဆို၏။ Common Language Bible ပိလတ်မင်းသည်မိမိရှေ့ဆက်လက်ပြောဆိုရန် မဖြစ်၊ ရုန်းရင်းဆန်ခတ်ဖြစ်မည့်အရိပ်အရောင် ကိုသာသိမြင်လာသဖြင့်ရေကိုယူ၍ ``ဤသူ သေရခြင်းမှာငါ၏တာဝန်မဟုတ်၊ သင်တို့၏ တာဝန်သာဖြစ်သည်'' ဟုဆိုကာလူတို့ရှေ့တွင် မိမိ၏လက်ကိုဆေး၏။ Garrad Bible ထို ကြောင့် ပြော ၍ မ ရ သည့် ပြင် ရုန်း ရင်း ခတ် ဖြစ် မည် ကို ပိ လတ် မင်း သိ မြင် သော် ရေ ယူ၍ ပ ရိ သတ် ရှေ့ လက် ဆေး လျက် ဤ သူ တော် ကောင်း၏ သွေး သွန်း ပြစ် နှင့် ငါ ကင်း သည် ကိုယ် တိုင် ထောက် ရှု ကြ လော့ ဟု ဆို ရာ။ Judson Bible ပိလတ်မင်းသည် မိမိမနိုင်၊ လူများသာ၍ ရုန်းရင်းခတ်မျှ ပြုကြသည်ကိုမြင်လျှင်၊ ရေကိုယူ၍ လူများရှေ့တွင် မိမိလက်ကိုဆေးလျက်၊ ဤဖြောင့်မတ်သောသူ၏အသွေးနှင့် ငါသည် ကင်းရှင်း၏။ ဤအမှုကို သင်တို့ ကြည့်ကြလော့ဟု ဆို၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ပိလတ်မင်းသည် မိမိဆက်လက်ပြောဆိုရန် မည်သို့မျှမဖြစ်နိုင်ကြောင်းနှင့် လူထု ရုန်းရင်းဆန်ခတ်ဖြစ်လာမည့်အခြေအနေကို မြင်လေ၏။ ထို့ကြောင့် လူထုရှေ့တွင် ရေဇလုံ၌ သူ၏ လက်ကို ဆေးကာ “ဤသူသေရခြင်းမှာ ငါ၏ တာဝန်မဟုတ်။ သင်တို့၏ တာဝန်သာဖြစ်သည်” ဟု ဆိုလေ၏။ မြန်မာ ပိလတ်မင်းသည် မိမိမနိုင်၊ လူများသာ၍ ရုန်းရင်းခတ်မျှ ပြုကြသည်ကိုမြင်လျှင်၊ ရေကိုယူ၍ လူများရှေ့တွင် မိမိလက်ကိုဆေးလျက်၊ ဤဖြောင့်မတ်သောသူ၏အသွေးနှင့် ငါသည် ကင်းရှင်း၏။ ဤအမှုကို သင်တို့ ကြည့်ကြလော့ဟု ဆို၏။- |
အို ထာဝရဘုရား၊ အကျွန်ုပ်သည် အပြစ်ကင်းခြင်းထဲ၌ အကျွန်ုပ်၏လက်ကိုဆေးကြော၍ ကိုယ်တော်၏ယဇ်ပလ္လင်ကိုလှည့်ပတ်ကာ
သူတို့က သစ်ပင်အား ‘အကျွန်ုပ်၏ဖခင်’၊ ကျောက်တုံးအား ‘အကျွန်ုပ်တို့ကိုမွေးဖွားသူ’ဟု ဆိုကြ၏။ ငါ့ကိုကား မျက်နှာလွှဲ၍ ကျောခိုင်းသွားကြ၏။ သို့သော် ဒုက္ခရောက်ချိန်၌ ‘ထတော်မူပါ၊ အကျွန်ုပ်တို့ကိုကယ်တော်မူပါ’ဟု ဆိုတတ်ကြ၏။
သင်က ‘ငါ၌ အပြစ်မရှိ။ အမျက်တော်သည် အမှန်ပင် ငါ့ထံမှလှည့်သွားပြီ’ဟု ဆို၏။ ငါသည်‘အပြစ်မပြု’ဟု သင်ဆိုသောကြောင့် သင့်ကို ငါတရားစီရင်မည်။
သို့သော် သူတို့က “လူထုကြားထဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်မည်ကို စိုးရိမ်ရသည်ဖြစ်၍ ပွဲတော်အတွင်း မဖမ်းကြနှင့်”ဟု ပြောဆိုကြ၏။
ပိလတ်မင်းသည် တရားပလ္လင်ပေါ်၌ ထိုင်နေစဉ် သူ၏ဇနီးသည်သည် သူ့ထံသို့လူလွှတ်၍ “သင်သည် ထိုဖြောင့်မတ်သောသူနှင့် မည်သို့မျှ မပတ်သက်စေပါနှင့်။ အကြောင်းမူကား ထိုသူကြောင့် ယနေ့ ကျွန်မသည် အိပ်မက်ထဲ၌ စိတ်ဒုက္ခများစွာရောက်ရပါ၏”ဟု မှာလိုက်လေ၏။
ပိလတ်မင်းကလည်း “အဘယ်ကြောင့်နည်း။ သူသည် မည်သည့်မကောင်းမှုကိုပြုခဲ့သနည်း”ဟု ပြန်မေးသော်လည်း သူတို့က “သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု ပို၍အော်ဟစ်ကြ၏။
“အကျွန်ုပ်သည် အပြစ်ကင်းသောသူ၏သွေးကိုအပ်နှံပြီး အပြစ်ပြုမိပါပြီ”ဟု ဆို၏။ သို့သော် ထိုသူတို့က “ငါတို့နှင့် မည်သို့ဆိုင်သနည်း။ ကိုယ့်အမှုကို ကိုယ်ဖြေရှင်းလော့”ဟု ဆိုကြ၏။
တပ်မှူးမှစ၍ သူနှင့်အတူ ယေရှုကိုစောင့်ကြည့်နေသောသူတို့သည် ငလျင်လှုပ်ခြင်းနှင့် ဖြစ်ပျက်သောအရာများကိုတွေ့မြင်ကြသောအခါ အလွန်ကြောက်ရွံ့လျက် “ဤသူသည် အမှန်ပင် ဘုရားသခင်၏သားတော်ဖြစ်သည်”ဟု ဆိုကြ၏။
ထိုအခါ “သူတို့သည် တန်ဖိုးဖြတ်ခြင်းခံရသောသူ၏အဖိုးငွေတည်းဟူသော အစ္စရေးအမျိုးသားတို့တန်ဖိုးဖြတ်ထားသည့် ငွေဒင်္ဂါးသုံးဆယ်ကိုယူ၍ အကျွန်ုပ်အား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အိုးထိန်းသည်၏မြေယာအတွက် ထိုငွေတို့ကိုပေးကြ၏”ဟု ပရောဖက်ယေရမိအားဖြင့် မိန့်တော်မူခဲ့သောအရာသည် ပြည့်စုံခြင်းသို့ရောက်လေ၏။
ထိုအခါ ရှိမုန်ပေတရုက “သခင်ဘုရား၊ အကျွန်ုပ်၏ခြေကိုသာမဟုတ်ဘဲ လက်နှင့်ဦးခေါင်းတို့ကိုပါ ဆေးတော်မူပါ”ဟု လျှောက်လေ၏။
ပိလတ်မင်းသည် နောက်တစ်ဖန် အပြင်သို့ထွက်လာ၍ “နားထောင်ကြလော့။ ထိုသူ၌ မည်သည့်ပြစ်မှုကိုမျှ ငါမတွေ့ကြောင်း သင်တို့သိမြင်ရန် သူ့ကို သင်တို့ရှိရာသို့ခေါ်ဆောင်လာမည်”ဟု ဆို၏။
သင်တို့သည် သန့်ရှင်း၍ဖြောင့်မတ်သောအရှင်ကိုငြင်းပယ်ပြီး သင်တို့အတွက် လူသတ်သမားကိုလွှတ်ပေးရန် တောင်းဆိုကြကာ
ဘုရားသခင်သည် အပြစ်ကင်းစင်သောအရှင်ကို ငါတို့အတွက် အပြစ်ဖြစ်သွားစေတော်မူ၏။ ဤသည်ကား ငါတို့သည် ထိုအရှင်အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်လာမည့်အကြောင်းတည်း။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး ဒုက္ခဝေဒနာခံစားတော်မူ၏။ သင်တို့ကို ဘုရားသခင်ထံတော်သို့ပို့ဆောင်မည့်အကြောင်း ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား ဒုက္ခဝေဒနာခံစားတော်မူ၏။ ကိုယ်တော်သည် ကိုယ်ကာယ၌ အမှန်ပင်အသေခံသော်လည်း ဝိညာဉ်တော်၌မူကား အသက်ရှင်စေခြင်းကိုခံတော်မူလျက်