မိမိစိတ်နှလုံးကို ကိုးစားသောသူသည် မိုက်မဲသောသူဖြစ်၏။ ဉာဏ်ပညာအားဖြင့်လျှောက်လှမ်းသောသူမူကား ဘေးလွတ်လိမ့်မည်။
မဿဲ 26:70 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ပေတရုက “သင်ပြောနေသည့်အရာကို ငါမသိ”ဟု အားလုံးရှေ့တွင် ငြင်းဆိုလေ၏။ Common Language Bible သို့သော်ပေတရုက ``သင်ပြောသည့်အရာကိုငါ မသိ'' ဟုလူအပေါင်းတို့ရှေ့တွင်ငြင်းဆိုပြီး လျှင်အိမ်တော်ဝင်းတံခါးဝသို့ထသွားလေ၏။- Garrad Bible ရှိ သ မျှ တို့ ရှေ့ ငြင်း ဆို၏။ Judson Bible ပေတရုက သင်ပြောသောအရာကို ငါမသိဟု လူအပေါင်းတို့ရှေ့၌ ငြင်းခုံလေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ပေတရုက “သင်ပြောဆိုနေသည့်အရာကို ငါမသိပါ” ဟု ထိုသူတို့အားလုံးရှေ့၌ ငြင်းဆိုလေ၏။ မြန်မာ ပေတရုက သင်ပြောသောအရာကို ငါမသိဟု လူအပေါင်းတို့ရှေ့၌ ငြင်းခုံလေ၏။- |
မိမိစိတ်နှလုံးကို ကိုးစားသောသူသည် မိုက်မဲသောသူဖြစ်၏။ ဉာဏ်ပညာအားဖြင့်လျှောက်လှမ်းသောသူမူကား ဘေးလွတ်လိမ့်မည်။
လူ၏မာန်မာနသည် သူ့ကိုနိမ့်ကျစေတတ်၏။ စိတ်နှိမ့်ချသောသူမူကား ဂုဏ်သရေကိုရလိမ့်မည်။
လူကိုကြောက်ရွံ့ခြင်းသည် ထောင်ချောက်ဖြစ်၏။ ထာဝရဘုရားကိုယုံကြည်ကိုးစားသောသူမူကား လုံခြုံစွာနေရ၏။
မည်သူ့ကို ထိတ်လန့်ကြောက်ရွံ့၍ သင်လိမ်လည်သနည်း၊ ငါ့ကို သင်မအောက်မေ့၊ ငါ့ကို သင့်စိတ်ထဲ၌ မထား။ ငါ ကြာမြင့်စွာတိတ်ဆိတ်နေသောကြောင့် သင်ငါ့ကိုမကြောက်သည် မဟုတ်လော။
စိတ်နှလုံးသည် အရာအားလုံးထက် စဉ်းလဲ၏။ ကုသ၍မရသောရောဂါဖြစ်၏။ စိတ်နှလုံးသဘောကို မည်သူနားလည်နိုင်သနည်း။
ထိုစဉ် ယေရှုနှင့်အတူရှိသောသူတို့ထဲမှ တစ်ဦးသည် လက်ကိုဆန့်၍ မိမိ၏ဓားကိုဆွဲထုတ်ကာ ယဇ်ပုရောဟိတ်မင်း၏အစေအပါးတစ်ဦးကိုခုတ်သဖြင့် ထိုသူ၏နားရွက်ပြတ်သွားလေ၏။
သို့သော် ဤအမှုအရာအားလုံးဖြစ်ပျက်ရခြင်းမှာ ပရောဖက်ကျမ်းများပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း”ဟု မိန့်တော်မူ၏။ ထိုအခါ တပည့်တော်အားလုံးတို့သည် ကိုယ်တော်ကိုစွန့်ခွာ၍ ထွက်ပြေးကြ၏။
ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းအထိ ကိုယ်တော်၏နောက်သို့ မလှမ်းမကမ်းမှလိုက်သွားကာ နောက်ဆုံးမည်သို့ဖြစ်မည်ကိုသိမြင်ရန် အထဲသို့ဝင်၍ အစောင့်တပ်သားများနှင့်အတူထိုင်နေ၏။
ပေတရုမူကား အိမ်အပြင် ခြံဝင်းအတွင်း၌ ထိုင်နေ၏။ ထိုအခါ အစေခံမိန်းမတစ်ယောက်သည် သူ့ထံသို့ချဉ်းကပ်လာ၍ “သင်သည်လည်း ဂါလိလဲနယ်သားယေရှုနှင့်အတူရှိခဲ့သည်”ဟု ဆို၏။
ထို့နောက် ဝင်းတံခါးဘက်သို့ထွက်သွားရာ အခြားအစေခံမိန်းမတစ်ယောက်သည် သူ့ကိုတွေ့သဖြင့် ထိုနေရာ၌ရှိသောသူတို့အား “ဤသူသည် နာဇရက်မြို့သားယေရှုနှင့်အတူရှိခဲ့သည်”ဟု ဆို၏။
မှန်ပေ၏။ သူတို့သည် မယုံကြည်မှုကြောင့် ခုတ်ဖြတ်ခြင်းခံရပြီး သင်မူကား ယုံကြည်ခြင်းကြောင့်တည်နေ၏။ ထောင်လွှားသောသဘောမရှိဘဲ ကြောက်ရွံ့ခြင်းရှိလော့။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။