အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




မဿဲ 24:24 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကြောင်းမူကား ခရစ်တော်​အတုအယောင်​များ​နှင့် ပရောဖက်​အတုအယောင်​များ​ပေါ်လာ​၍ ဖြစ်နိုင်​လျှင် ရွေးကောက်​ခံရ​သော​သူ​တို့​ကို​ပင် လှည့်ဖြား​ရန် ကြီးမား​သော​နိမိတ်​လက္ခဏာ​များ​နှင့် အံ့ဩဖွယ်ရာ​များ​ကို ပြု​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။

Common Language Bible

မေ​ရှိ​ယ​အ​တု​အ​ယောင်​များ၊ ပ​ရော​ဖက်​အ​တု အ​ယောင်​များ​ပေါ်​ပေါက်​လာ​လိမ့်​မည်။ သူ​တို့​သည် ဖြစ်​နိုင်​ပါ​က​ဘု​ရား​သ​ခင်​ရွေး​ချယ်​ထား​တော်​မူ သော​သူ​များ​ကို​ပင်​လှည့်​စား​နိုင်​ရန်​အံ့​သြ​ဖွယ် နိ​မိတ်​လက္ခ​ဏာ​များ​နှင့်​ထူး​ဆန်း​သည့်​အ​မှု အ​ရာ​များ​ကို​ပြ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

မိ စ္ဆာ ခ ရစ်၊ မိ စ္ဆာ ပ ရော ဖက် များ သည် ပေါ် လာ၍ ရွေး ကောက် တော် မူ သော သူ တို့ ကို ပင် ဖြား ယောင်း၍ ရ နိုင် လျှင် ရ လောက် အောင် ကြီး စွာ သော နိ မိတ် လ က္ခ ဏာ များ၊ အံ့ ဖွယ် ရာ များ ကို ပြ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်၏​အ​ယောင်​ကို ဆောင်​သော​သူ​နှင့် မိ​စ္ဆာ​ပ​ရော​ဖက်​တို့​သည် ပေါ်​လာ၍ ရွေး​ချယ်​သော​သူ​တို့​ကို​ပင် လှည့်​ဖြား​နိုင်​လျှင် လှည့်​ဖြား​လောက်​အောင် ကြီး​စွာ​သော​နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

အဘယ်ကြောင့်ဆိုသော် ခရစ်တော်​အတုအယောင်များ​နှင့် ပရောဖက် အတုအယောင်များ ပေါ်လာ​လိမ့်မည်​ဖြစ်​သောကြောင့်ပင်။ ထို​သူတို့​သည် ဖြစ်နိုင်​လျှင် ဘုရားသခင်​ရွေးချယ်ထားသော​သူများ​ကိုပင် လှည့်ဖြား​ရန် နိမိတ်​လက္ခဏာကြီးများ​နှင့် အံ့ဖွယ်​ဖြစ်ရပ်များ​ကို ပြကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။

မြန်မာ

အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်၏​အ​ယောင်​ကို ဆောင်​သော​သူ​နှင့် မိ​စ္ဆာ​ပ​ရော​ဖက်​တို့​သည် ပေါ်​လာ၍ ရွေး​ချယ်​သော​သူ​တို့​ကို​ပင် လှည့်​ဖြား​နိုင်​လျှင် လှည့်​ဖြား​လောက်​အောင် ကြီး​စွာ​သော​နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။



မဿဲ 24:24
31 ပူးပေါင်းရင်းမြစ်များ  

ဦးခေါင်း​ကား သက်ကြီးဝါကြီး​နှင့်​အသရေ​ရှိ​သော​သူ​တို့​တည်း​။ အမြီး​ကား မဟုတ်မမှန်​သွန်သင်​ပေး​သော​ပရောဖက်​တို့​တည်း​။


အကြောင်းမူကား ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သူ​တို့​သည် များစွာ​ရှိ​ကြ​သော်လည်း ရွေးကောက်​ခံရ​သော​သူ​တို့​သည် နည်း​ကြ​၏”​ဟု မိန့်​တော်မူ​၏။


များစွာ​သော​ပရောဖက်​အတုအယောင်​တို့​သည် ပေါ်လာ​၍ လူ​အမြောက်အမြား​တို့​ကို လှည့်ဖြား​ကြ​လိမ့်မည်။


ထို​နေ့ရက်​တို့​ကို တိုတောင်း​စေ​တော်​မ​မူ​လျှင် မည်သူမျှ​လွတ်​နိုင်​မည်​မ​ဟုတ်။ သို့သော် ရွေးကောက်​ခံရ​သော​သူ​တို့​အတွက် ထို​နေ့ရက်​တို့​ကို တိုတောင်း​စေ​တော်မူ​လိမ့်မည်။


နားထောင်​ကြ​လော့။ သင်​တို့​အား ငါ​ကြိုတင်​ပြော​ထား​ပြီ။


ထို့နောက် လူ့သား​သည် ကျယ်လောင်​သော​တံပိုးမှုတ်သံ​နှင့်အတူ မိမိ​၏​ကောင်းကင်တမန်​တို့​ကို​စေလွှတ်​သဖြင့် သူ​တို့​သည် ကိုယ်တော်​ရွေးကောက်​ထား​သော​သူ​တို့​ကို ကောင်းကင်​အစွန်း​တစ်ဖက်​မှ အခြား​အစွန်း​တစ်ဖက်​တိုင်အောင် အရပ်​လေး​မျက်နှာ​မှ စုစည်း​ကြ​လိမ့်မည်။


အကြောင်းမူကား များစွာ​သော​သူ​တို့​သည် ငါ​၏​နာမ​ကို​ခံယူ​သုံးစွဲ​၍ ရောက်လာ​ကာ ‘ငါ​သည်​ခရစ်တော်​ဖြစ်​၏’​ဟု ဆို​ကြ​ပြီး လူ​အမြောက်အမြား​တို့​ကို လှည့်ဖြား​ကြ​လိမ့်မည်။


ပရောဖက်​အတုအယောင်​များ​ကို သတိထား​ကြ​လော့။ သူ​တို့​သည် သိုးရေ​ခြုံ​လျက် သင်​တို့​ထံသို့​လာ​သော်လည်း အတွင်း​၌​ကား အငမ်းမရ​ဖြစ်​သည့်​ဝံပုလွေ​ကဲ့သို့​ဖြစ်​ကြ​၏။


အကြောင်းမူကား ခရစ်တော်​အတုအယောင်​များ​နှင့် ပရောဖက်​အတုအယောင်​များ​ပေါ်လာ​၍ ဖြစ်နိုင်​လျှင် ရွေးကောက်​ခံရ​သော​သူ​တို့​ကို​ပင်​လှည့်ဖြား​ရန် နိမိတ်​လက္ခဏာ​များ​နှင့် အံ့သြဖွယ်ရာ​များ​ကို ပြု​ကြ​လိမ့်မည်။


ဘုရားသခင်​သည်​လည်း မိမိ​ထံ နေ့​ည​မပြတ်​အော်ဟစ်​တောင်းလျှောက်​နေ​သည့် မိမိ​ရွေးကောက်​တော်မူ​သော​သူ​တို့​အတွက် တရားသဖြင့်​မ​စီရင်​ဘဲ ကြာရှည်​စွာ​ဆိုင်း​ထား​တော်မူ​လိမ့်မည်​လော။


ယေရှု​က​လည်း“သင်​တို့​သည် နိမိတ်​လက္ခဏာ​နှင့်​အံ့ဩဖွယ်ရာ​များ​ကို မ​မြင်​ရ​လျှင် မည်သည့်​အခါ​မျှ ယုံကြည်​ကြ​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။


ငါ့​အား​ခမည်းတော်​ပေး​တော်မူ​သော​သူ​မှန်သမျှ​သည် ငါ့​ထံသို့​လာ​မည်။ ငါ့​ထံသို့​လာ​သော​သူ​ကို​လည်း ငါ​သည် မည်သည့်​အခါ​မျှ​နှင်ထုတ်​မည်​မ​ဟုတ်။


ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​၏​အလို​တော်​ကား ငါ့​ထံ​ကိုယ်တော်​ပေးအပ်​တော်မူ​သမျှ​သော​သူ​တို့​တွင် တစ်စုံတစ်ဦး​ကို​မျှ ငါ​မ​ဆုံးရှုံး​ဘဲ နောက်ဆုံး​သော​နေ့​၌ ထို​သူ​တို့​ကို​ထမြောက်​စေရန်​ဖြစ်​၏။


ဤသို့​ခရီး​ပြု​ခြင်းမှာ ပေါလု​သည် အာရှ​ပြည်​တွင် အချိန်​မ​ကုန်​စေရန် ဧဖက်​မြို့​၌​မ​ဆိုက်​ဘဲ​ရွက်လွှင့်​သွား​မည်​ဟု ဆုံးဖြတ်​ထား​သောကြောင့်​ဖြစ်​၏။ သူ​သည် ဖြစ်နိုင်​လျှင် ပင်တေကုတ္တေ​ပွဲ​နေ့​တွင် ဂျေရုဆလင်​မြို့​သို့​ရောက်​လို​သည်​ဖြစ်၍ ခရီး​ကို​လျင်မြန်​စွာ​ပြု​နေ​၏။


သင်​တို့​ဘက်​မှ တတ်နိုင်​သမျှ လူ​အပေါင်း​တို့​နှင့် သင့်မြတ်​စွာ​နေ​ကြ​လော့။


သို့ဖြစ်လျက်ပင် သင်​တို့​ခံစား​ရ​သော​မင်္ဂလာ​သည် မည်သို့​ဖြစ်​သွား​သနည်း။ သင်​တို့​သည် ဖြစ်နိုင်​လျှင် သင်​တို့​၏​မျက်စိ​ကို​ပင်​ထုတ်​၍ ငါ့​အား​ပေး​ခဲ့​ကြ​ပေ​လိမ့်မည်​ဟု သင်​တို့​နှင့်​ပတ်သက်၍ ငါ​သက်သေခံ​၏။


သင်​တို့​တွင် ပရောဖက်​ဖြစ်စေ​၊ အိပ်မက်အနက်​ဖတ်​တတ်​သူ​ဖြစ်စေ ပေါ်လာ​၍ နိမိတ်လက္ခဏာ​၊ သို့မဟုတ် အံ့ဩဖွယ်အမှု​ကို​ပြု​ပြီး


သို့ရာတွင် ဘုရားသခင်​၏​ခိုင်ခံ့​သော​အုတ်မြစ်​သည် တည်မြဲ​လျက်​ရှိ​၍ ထို​အုတ်မြစ်​ပေါ်၌ “ထာဝရ​ဘုရား​သည် မိမိ​လူ​တို့​ကို သိ​တော်မူ​၏”​ဟူ၍​လည်းကောင်း၊ “ထာဝရ​ဘုရား​၏​နာမ​တော်​ကို တိုင်တည်​ခေါ်ဆို​သော​သူ​တိုင်း မတရားမှု​မှ​ဖယ်ခွာ​ကြ​လော့”​ဟူ၍​လည်းကောင်း တံဆိပ်​ခတ်နှိပ်​ထား​၏။


သင်​တို့​သည် နောက်ဆုံး​သော​ကာလ​၌​ဖော်ပြ​ရန် အသင့်​ပြင်ဆင်​ထား​သော​ကယ်တင်​ခြင်း​အတွက် ဘုရားသခင်​၏​တန်ခိုး​တော်​၌ ယုံကြည်​ခြင်း​အားဖြင့် စောင့်ရှောက်​ခြင်း​ကို​ခံရ​ကြ​၏။


ထို့ကြောင့် ချစ်​ရ​သော​သူ​တို့၊ ဤ​အရာ​တို့​ကို သင်​တို့​သိ​ထား​နှင့်​ပြီ​ဖြစ်၍ စောင့်စည်း​မှု​မ​ရှိ​သော​သူ​တို့​၏​မှားယွင်း​ခြင်း​သို့ လိုက်​ပါ​သွား​လျက် မိမိ​တို့​၏​တည်ကြည်​မှု​ကို မ​ဆုံးရှုံး​စေရန် မိမိ​ကိုယ်​ကို​စောင့်ထိန်း​ကြ​လော့။


သားသမီး​တို့၊ ယခု​ကာလ​သည် နောက်ဆုံး​သော​ကာလ​ဖြစ်​၏။ ခရစ်တော်​ကို​ဆန့်ကျင်​အန်တု​သူ​ရောက်လာ​တော့မည်​ဟု သင်​တို့​ကြား​ရ​သည့်​အတိုင်း ယခု​ပင် ခရစ်တော်​ကို​ဆန့်ကျင်​အန်တု​သူ​အမြောက်အမြား​ပေါ်​လာ​ကြ​ပြီ။ ထို့ကြောင့် ယခု​ကာလ​သည် နောက်ဆုံး​သော​ကာလ​ဖြစ်​သည်​ကို ငါ​တို့​သိ​ကြ​၏။


လိမ်လည်​သော​သူ​ကား မည်သူ​နည်း။ ယေရှု​သည် ခရစ်တော်​ဖြစ်​ကြောင်း ငြင်းပယ်​သော​သူ​မ​ဟုတ်​လော။ ခမည်းတော်​နှင့်​သား​တော်​ကို ငြင်းပယ်​သော​သူ​သည် ခရစ်တော်​ကို​ဆန့်ကျင်​အန်တု​သူ​ဖြစ်​၏။


ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သော​သူ​သည် အပြစ်​ပြု​နေ​ခြင်း​မ​ရှိ​ကြောင်း ငါ​တို့​သိ​ကြ​၏။ ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သော​အရှင်​သည် သူ့​ကို​စောင့်ရှောက်​တော်မူ​သောကြောင့် မာရ်နတ်​သည် သူ့​ကို​မ​ထိခိုက်​နိုင်။


သို့သော် သားရဲ​သည် ပရောဖက်​အတုအယောင်​နှင့်အတူ အဖမ်း​ခံရ​၏။ ထို​ပရောဖက်​အတုအယောင်​သည် သားရဲ​၏​ရှေ့မှောက်​၌ နိမိတ်​လက္ခဏာ​များ​ကို​ပြု​လျက် ထို​နိမိတ်​လက္ခဏာ​များ​အားဖြင့် သားရဲ​၏​တံဆိပ်​ကို​ခံယူ​၍ သူ​၏​ရုပ်တု​ကို​ကိုးကွယ်​သော​သူ​တို့​အား လှည့်ဖြား​သော​သူ​ဖြစ်​၏။ ထို​သူ​နှစ်ဦးစလုံး​တို့​သည် ကန့်​နှင့်​လောင်​သော​မီး​အိုင်​ထဲသို့ အရှင်လတ်လတ်​ပစ်ချ​ခြင်း​ခံရ​ကြ​၏။