မဿဲ 24:31 - မြန်မာ့စံမီသမ္မာကျမ်း31 ထို့နောက် လူ့သားသည် ကျယ်လောင်သောတံပိုးမှုတ်သံနှင့်အတူ မိမိ၏ကောင်းကင်တမန်တို့ကိုစေလွှတ်သဖြင့် သူတို့သည် ကိုယ်တော်ရွေးကောက်ထားသောသူတို့ကို ကောင်းကင်အစွန်းတစ်ဖက်မှ အခြားအစွန်းတစ်ဖက်တိုင်အောင် အရပ်လေးမျက်နှာမှ စုစည်းကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible31 ထိုနောက်လူသားသည်ကြီးမားသောတံပိုးခရာ ကိုမှုတ်စေပြီးလျှင်မိမိ၏ကောင်းကင်တမန်များ အား အရပ်လေးမျက်နှာသို့စေလွှတ်၍ကမ္ဘာမြေ ကြီးတစ်စွန်းမှတစ်စွန်းအထိရှိကြသော ကိုယ် တော်ရွေးချယ်ထားတော်မူသောသူတို့ကိုစု သိမ်းစေတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible31 လူ့ သား သည် ရွေး ကောက် တော် မူ သော သူ တို့ ကို ကောင် ကင် တစ် စွန် က တစ် စွန် တိုင် လေး မျက် နှာ စု ရုံး စေ ရန် တံ ပိုး သံ ကျယ် စွာ မှုတ် သော စေ တ မန် တော် တို့ ကို လွှတ် တော် မူ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible31 လူသားသည် မိမိတမန်တို့ကိုစေလွှတ်၍ တံပိုးခရာကို ပြင်းစွာမှုတ်စေတော်မူသဖြင့်၊ သူတို့သည် ရွေးချယ်တော်မူသော သူတို့ကို အရပ်လေးမျက်နှာ၊ ကောင်းကင်အောက်ထက်ဝန်းကျင်တို့မှ ခေါ်၍စုရုံးကြလတ္တံ့။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း31 ထို့နောက် လူသားသည် သူ၏ ကောင်းကင်တမန်များကို ကျယ်လောင်သော တံပိုးခရာမှုတ်သံနှင့်အတူ စေလွှတ်တော်မူလိမ့်မည်။ ကောင်းကင်တမန်များသည် ကောင်းကင်နှင့်မြေကြီးအရှေ့စွန်းမှသည် အနောက်စွန်းတိုင်အောင် အရပ်လေးမျက်နှာမှ ကိုယ်တော်ရွေးချယ်ထားသောသူတို့ကို စုစည်းလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ31 လူသားသည် မိမိတမန်တို့ကိုစေလွှတ်၍ တံပိုးခရာကို ပြင်းစွာမှုတ်စေတော်မူသဖြင့်၊ သူတို့သည် ရွေးချယ်တော်မူသော သူတို့ကို အရပ်လေးမျက်နှာ၊ ကောင်းကင်အောက်ထက်ဝန်းကျင်တို့မှ ခေါ်၍စုရုံးကြလတ္တံ့။ အခန်းကိုကြည့်ပါ။ |
ဤတောင်ကြားချိုင့်ဝှမ်းလွင်ပြင်သည် အာဇေလအရပ်တိုင်အောင် ရောက်လိမ့်မည်။ ယုဒဘုရင်ဩဇိမင်းကြီးလက်ထက် ငလျင်လှုပ်သဖြင့် သင်တို့ထွက်ပြေးရသကဲ့သို့ ယခုလည်း တောင်ကြားချိုင့်ဝှမ်းလွင်ပြင်အတိုင်း သင်တို့ ထွက်ပြေးရလိမ့်မည်။ ငါ၏ဘုရားသခင်ထာဝရဘုရားသည်လည်း မိမိသန့်ရှင်းသူအပေါင်းတို့နှင့်အတူ ကြွလာတော်မူလိမ့်မည်။
ဧဖရိမ်ပြည်၏စစ်ရထား၊ ဂျေရုဆလင်မြို့၏မြင်းတို့ကို ငါဖယ်ရှားပစ်မည်။ စစ်လေးလက်နက်တို့သည်လည်း ကျိုးပဲ့ကုန်လိမ့်မည်။ ရှင်ဘုရင်သည် လူမျိုးတကာတို့ကို ငြိမ်းချမ်းရေးသတင်းစကားပြောကြားလိမ့်မည်။ သူ၏အုပ်စိုးမှုအာဏာစက်သည် တစ်ပင်လယ်မှ တစ်ပင်လယ်တိုင်အောင်လည်းကောင်း၊ ယူဖရေးတီးမြစ်မှ မြေကြီးစွန်းတိုင်အောင်လည်းကောင်း ရောက်လိမ့်မည်။
သို့သော် နောက်ဆုံးသောတံပိုးခရာမှုတ်ချိန်၌ မျက်စိတစ်မှိတ်အတွင်း တစ်ခဏချင်းတွင် ငါတို့အားလုံးသည် ပြောင်းလဲခြင်းသို့ရောက်ရကြလိမ့်မည်။ အကြောင်းမူကား တံပိုးခရာမှုတ်သောအခါ သေလွန်သောသူတို့သည် ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာအဖြစ် ထမြောက်စေခြင်းကိုခံရကြလိမ့်မည်။ ငါတို့သည်လည်း ပြောင်းလဲခြင်းသို့ရောက်ရကြလိမ့်မည်။