သင်၏မိဘကိုရိုသေလော့။ ထိုသို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသောပြည်၌ သင်သည် အသက်ရှည်လိမ့်မည်။
မဿဲ 15:4 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ဘုရားသခင်က ‘မိခင်နှင့်ဖခင်တို့ကိုရိုသေလော့။ မိခင်၊ သို့မဟုတ် ဖခင်ကို ပုတ်ခတ်ပြောဆိုသောသူသည် သေဒဏ်ကျခံစေ’ဟု မိန့်တော်မူခဲ့၏။ Common Language Bible ဘုရားသခင်က `သင်၏မိဘကိုရိုသေမြတ်နိုး လော့။ မိဘကိုကျိန်ဆဲသောသူသည်သေဒဏ်ခံစေ' ဟုပညတ်တော်မူခဲ့၏။- Garrad Bible ဘု ရား သ ခင် က မိ ဘ ကို ရို သေ သ မှု ပြု လော့။ မိ ဘ ကို ဆဲ ဆို သူ သည် သေ ဒဏ် ခံ စေ ဟု ပ ညတ် တော် မူ သော် လည်း Judson Bible ဘုရားသခင်၏ ပညတ်တော်ကား၊ မိဘကို ရိုသေစွာပြုလော့။ အကြင်သူသည် မိဘကို နှုတ်ဖြင့်ပြစ်မှား၏၊ ထိုသူသည် အသေသတ်ခြင်းကို ခံစေဟုလာသတည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်က ‘မိဘကို ရိုသေလော့။ မိဘကို ကျိန်ဆဲသောသူသည် အမှန်သေရမည်’ ဟု မိန့်တော်မူ၏။ မြန်မာ ဘုရားသခင်၏ ပညတ်တော်ကား၊ မိဘကို ရိုသေစွာပြုလော့။ အကြင်သူသည် မိဘကို နှုတ်ဖြင့်ပြစ်မှား၏၊ ထိုသူသည် အသေသတ်ခြင်းကို ခံစေဟုလာသတည်း။- |
သင်၏မိဘကိုရိုသေလော့။ ထိုသို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသောပြည်၌ သင်သည် အသက်ရှည်လိမ့်မည်။
မိမိ၏မိခင်နှင့်ဖခင်တို့ကို ကျိန်ဆဲသောသူ၏မီးခွက်သည် မှောင်မည်းသောအမှောင်ထဲတွင် ငြိမ်းသွားလိမ့်မည်။
သင့်ကိုမွေးဖွားလာစေသော သင့်ဖခင်၏စကားကို နားထောင်လော့။ သင့်မိခင်အိုမင်းသောအခါလည်း မထီမဲ့မြင်မပြုနှင့်။
ဖခင်ကိုပြက်ရယ်ပြု၍ မိခင်အားနာခံခြင်းကို မထီမဲ့မြင်ပြုတတ်သောမျက်စိကို လျှိုမြောင်၌ရှိသောကျီးကန်းတို့သည် ဖောက်ထုတ်၍ လင်းတ၏သားပေါက်တို့သည် စားကြလိမ့်မည်။
ပညတ်တရား၊ သက်သေခံတော်မူချက်တို့ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ ဤစကားနှင့်အညီ မပြောဆိုကြလျှင် သူတို့ထဲ၌ အရုဏ်အလင်းမရောက်သေး။
လူတိုင်း ကိုယ့်မိဘကို ရိုသေရမည်။ ငါ၏ဥပုသ်နေ့ကို စောင့်ထိန်းရမည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
တစ်စုံတစ်ယောက်သည် ကိုယ့်မိဘကို ကျိန်ဆဲလျှင် သူသည် မုချအသတ်ခံရမည်။ သူသည် မိဘကို ကျိန်ဆဲသောကြောင့် သူ၏သွေးသည် သူ့အပေါ်၌ ကျရောက်မည်။
ကိုယ်တော်က“သင်တို့သည်လည်း မိမိတို့၏ဓလေ့ထုံးတမ်းအတွက် ဘုရားသခင်၏ပညတ်တော်ကို အဘယ်ကြောင့်ချိုးဖောက်ကြသနည်း။
သို့သော် သင်တို့က ‘မည်သူမဆို မိခင်၊ သို့မဟုတ် ဖခင်အား အကျွန်ုပ်ထံမှ သင်တို့ခံစားထိုက်သည့်အရာသည် လှူဖွယ်ဝတ္ထုဖြစ်ပါပြီဟု ဆိုလျှင်
မိခင်နှင့်ဖခင်တို့ကို ရိုသေလော့။ ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်”ဟု မိန့်တော်မူ၏။
ယေရှုကလည်း“အချင်းစာတန်၊ ထွက်သွားလော့။ ‘သင်၏ဘုရားသခင်ထာဝရဘုရားကိုရှိခိုး၍ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ဟူ၍ ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။
သို့ဖြစ်လျှင် ငါတို့သည် ယုံကြည်ခြင်းကြောင့် ပညတ်တရားကို ပယ်ဖျက်ကြသလော။ လုံးဝမပယ်ဖျက်ကြ။ ပညတ်တရားကို တည်မြဲတည်စေကြ၏။
သားသမီးတို့၊ သခင်ဘုရား၌ သင်တို့၏မိဘစကားကို နားထောင်ကြလော့။ အကြောင်းမူကား ထိုသို့ပြုခြင်းသည် မှန်ကန်သောအမှုဖြစ်၏။
‘မိမိ၏မိဘကို မထီလေးစားပြုသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
သင်၏ဘုရားသခင်ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း သင်၏မိဘကိုရိုသေလော့။ ထိုသို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌ သင်သည် အသက်ရှည်၍ ကောင်းစားလိမ့်မည်။