မြေကြီးပေါ်တွင် လူ၏မကောင်းမှုများပြား၍ လူ့စိတ်နှလုံး၏တွေးတောကြံစည်မှုရှိသမျှတို့သည် အစဉ်အမြဲဆိုးညစ်ခြင်းသက်သက်သာဖြစ်ကြောင်းကို ထာဝရဘုရားမြင်တော်မူ၏။
မဿဲ 15:19 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား မကောင်းသောတွေးတောကြံစည်မှုများ၊ လူသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ မမှန်သောသက်သေထွက်ဆိုခြင်းနှင့် စော်ကားပြောဆိုခြင်းတို့သည် စိတ်နှလုံးထဲမှထွက်လာကြ၏။ Common Language Bible လူ့အသက်ကိုသတ်ခြင်း၊ သူ့အိမ်ရာကိုပြစ်မှား ခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ သူ့အသရေကို ဖျက်ခြင်းအစရှိသည့်ညစ်ညမ်းသည့်အကြံ အစည်များသည်စိတ်နှလုံးထဲမှထွက်လာ၏။- Garrad Bible မ ကောင်း ကြံ စည် ခြင်း၊ သူ့ အ သက် ကို သတ် ခြင်း၊ သူ့ သား အိမ် ရာ ကို ပြစ် မှား ခြင်း၊ မ တ ရား မေ ထုန် ပြု ခြင်း၊ သူ့ ဥစ္စာ ကို ခိုး ခြင်း၊ မု သာ သက် သေ ခံ ခြင်း၊ ကုန်း ချော ခြင်း များ သည် စိတ် နှ လုံး မှ ထွက် လာ၍၊ Judson Bible မကောင်းသော ကြံစည်ခြင်း၊ လူအသက်ကို သတ်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်းခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ မမှန်သော သက်သေကိုခံခြင်း၊ သူ့အသရေကို ဖျက်ခြင်းအရာတို့သည် နှလုံးထဲက ထွက်လာ၍၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဆိုးညစ်သောကြံစည်ခြင်း၊ လူသတ်ခြင်း၊ သူတစ်ပါးသားမယားကိုပြစ်မှားခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ ခိုးခြင်း၊ မမှန်သောသက်သေထွက်ဆိုခြင်း၊ စော်ကားပြောဆိုခြင်း စသည်တို့သည် စိတ်နှလုံးမှ ထွက်လာ၏။ မြန်မာ မကောင်းသော ကြံစည်ခြင်း၊ လူအသက်ကို သတ်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်းခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ မမှန်သော သက်သေကိုခံခြင်း၊ သူ့အသရေကို ဖျက်ခြင်းအရာတို့သည် နှလုံးထဲက ထွက်လာ၍၊- |
မြေကြီးပေါ်တွင် လူ၏မကောင်းမှုများပြား၍ လူ့စိတ်နှလုံး၏တွေးတောကြံစည်မှုရှိသမျှတို့သည် အစဉ်အမြဲဆိုးညစ်ခြင်းသက်သက်သာဖြစ်ကြောင်းကို ထာဝရဘုရားမြင်တော်မူ၏။
ထာဝရဘုရားသည် မွှေးကြိုင်သောရနံ့ကိုခံယူတော်မူ၏။ ထိုအခါ ထာဝရဘုရားက “လူတို့၏စိတ်နှလုံးအကြံအစည်များသည် ငယ်ရွယ်စဉ်ကတည်းက ဆိုးညစ်သော်လည်း ငါသည် လူတို့ကြောင့် မြေကြီးကို နောက်တစ်ဖန် မည်သည့်အခါမျှကျိန်တော့မည်မဟုတ်။ ငါသည် သက်ရှိသတ္တဝါအပေါင်းတို့ကို ယခုပြုသကဲ့သို့ နောက်တစ်ဖန် မည်သည့်အခါမျှဒဏ်ခတ်တော့မည်မဟုတ်။
အကျွန်ုပ်သည် စိတ်နှစ်ခွရှိသောသူတို့ကို မုန်းပါ၏။ သို့သော် ကိုယ်တော်၏တရားတော်ကို မြတ်နိုးပါ၏။
မိုက်မဲခြင်းသည် ကလေးသူငယ်၏စိတ်နှလုံးတွင် နှောင်ဖွဲ့လျက်ရှိ၏။ သို့သော် ဆုံးမပဲ့ပြင်သောကြိမ်လုံးသည် ၎င်းကို သူနှင့်ဝေးကွာစေလိမ့်မည်။
မိုက်မဲဆိုးညစ်သောအကြံသည် အပြစ်ဖြစ်၏။ ပြက်ရယ်ပြုတတ်သောသူသည်လည်း လူတို့အတွက်စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
သင်၏စိတ်နှလုံးကို သတိဝီရိယရှိသမျှနှင့် ထိန်းသိမ်းစောင့်ရှောက်လော့။ အကြောင်းမူကား ၎င်းသည် အသက်၏အရင်းအမြစ်ဖြစ်၏။
ဖောက်ပြန်လွဲမှားသောစိတ်နှလုံးဖြင့် မကောင်းမှုကိုတွေးတောကြံစည်လျက် ငြင်းခုံရန်တွေ့ခြင်းကို အစဉ်အမြဲဖြစ်ပွားစေတတ်၏။
ဆိုးယုတ်သောသူသည် မိမိလမ်းကိုလည်းကောင်း၊ အပြစ်ဒုစရိုက်ပြုသောသူသည် မိမိအကြံအစည်တို့ကိုလည်းကောင်း စွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ ပြန်လှည့်လာပါစေ။ သို့ပြုလျှင် ကိုယ်တော်သည် သူ့ကို သနားတော်မူမည်။ ငါတို့၏ဘုရားသခင်ထံတော်သို့ ပြန်လှည့်လာပါစေ။ အကြွင်းမဲ့ခွင့်လွှတ်တော်မူမည်။
သူတို့ခြေသည် မကောင်းမှုရှိရာသို့ ပြေးသွားတတ်၏။ သူတို့သည် အပြစ်မဲ့သောသူအား သတ်ဖြတ်ရန် လျင်မြန်၏။ သူတို့၏အကြံသည် မကောင်းသောအကြံဖြစ်၏။ သူတို့သွားရာလမ်း၌ ပျက်စီးပြိုပျက်ခြင်းရှိ၏။
စိတ်နှလုံးသည် အရာအားလုံးထက် စဉ်းလဲ၏။ ကုသ၍မရသောရောဂါဖြစ်၏။ စိတ်နှလုံးသဘောကို မည်သူနားလည်နိုင်သနည်း။
အို ဂျေရုဆလင်မြို့၊ ကယ်တင်ခြင်းခံရရန် ဆိုးညစ်သောသင်၏စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေလော့။ ယုတ်ညံ့သောအကြံအစည်များကို သင့်စိတ်ထဲ၌ မည်မျှကြာအောင် ရှိနေစေမည်နည်း။
ဗာလမ်က မြည်းအား “သင်သည် ငါ့ကို မထီလေးစားပြုပါသည်တကား။ ငါ့လက်ထဲ၌ဓားရှိလျှင် ယခုပင် သင့်ကိုငါသတ်ပြီ”ဟု ဆို၏။
ဤအရာများသည် လူကိုညစ်ညူးစေကြ၏။ သို့သော် မဆေးထားသောလက်ဖြင့် အစာစားခြင်းသည် လူကိုညစ်ညူးစေသည်မဟုတ်”ဟု မိန့်တော်မူ၏။
သို့သော် သင်တို့အား ငါဆိုသည်ကား အမျိုးသမီးတစ်ယောက်ကို ကိလေသာစိတ်နှင့်ကြည့်သောသူတိုင်းသည် သူ၏စိတ်နှလုံးထဲ၌ ထိုအမျိုးသမီးနှင့်ပြစ်မှားလေပြီ။
ယေရှုသည် သူတို့၏စဉ်းစားဆင်ခြင်မှုများကို သိမြင်တော်မူ၍“အဘယ်ကြောင့် သင်တို့၏စိတ်နှလုံးထဲ၌ မကောင်းသောအရာများကို စဉ်းစားဆင်ခြင်နေကြသနည်း။
ထို့ကြောင့် သင်၌ရှိသော ဤမကောင်းမှုအတွက် နောင်တရလျက် သခင်ဘုရားထံဆုတောင်းလော့။ သို့ပြုလျှင် သင့်စိတ်နှလုံး၏အကြံအစည်အတွက် သင်သည် ခွင့်လွှတ်ခြင်းခံရကောင်းခံရလိမ့်မည်။
ငါ့အထဲ၌ တစ်နည်းအားဖြင့် ငါ၏သွေးသားဇာတိထဲ၌ ကောင်းသောအရာတစ်စုံတစ်ခုမျှ ကိန်းအောင်းနေခြင်းမရှိကြောင်း ငါသိ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းသောအမှုကိုပြုလိုသောဆန္ဒသည် ငါ၌ရှိသော်လည်း ၎င်းကို ပြုနိုင်စွမ်းမရှိ။