Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 15:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ခံတွင်း​မှ​ထွက်လာ​သည့်​အရာ​များ​မူကား စိတ်နှလုံး​ထဲမှ​ထွက်လာ​ပြီး လူ​ကို​ညစ်ညူး​စေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 ခံ​တွင်း​က​ထွက်​သည့်​အ​ရာ​မူ​ကား​စိတ်​နှ​လုံး ထဲ​မှ​ထွက်​လာ​သော​အ​ရာ​ဖြစ်​၏။ ထို​အ​ရာ​မျိုး သည်​လူ​ကို​ညစ်​ညမ်း​စေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ခံ တွင်း မှ ထွက် သည့် အ ရာ များ မူ ကား စိတ် နှ လုံး က လာ သည် ဖြစ်၍ လူ ကို မ သန့် အောင် ပြု၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ခံ​တွင်း​မှ​ထွက်​သော အ​ရာ​မူ​ကား၊ နှ​လုံး​ထဲ​က ထွက်​လာ၍ လူ​ကို ညစ်​ညူး​စေ​သော​အ​ရာ ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 သို့သော် ခံတွင်း​မှ ထွက်သော​စကား​သည် စိတ်နှလုံး​မှ ထွက်လာ​သဖြင့် လူ​ကို ညစ်ညမ်းစေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

18 ခံ​တွင်း​မှ​ထွက်​သော အ​ရာ​မူ​ကား၊ နှ​လုံး​ထဲ​က ထွက်​လာ၍ လူ​ကို ညစ်​ညူး​စေ​သော​အ​ရာ ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 15:18
14 ပူးပေါင်းရင်းမြစ်များ  

သူ​၏​နှုတ်ထွက်​စကား​တို့​သည် ယုတ်ညံ့​၍​လိမ်လည်လှည့်ဖြား​တတ်​၏​။ သူ​သည် ပညာသတိ​ရှိ​ခြင်း​နှင့် ကောင်း​သော​အမှု​ပြု​ခြင်း​ကို စွန့်​လေ​ပြီ​။


ဖြောင့်မတ်​သော​သူ​၏​နှုတ်ခမ်း​သည် နှစ်သက်​ဖွယ်​သော​အရာ​ကို သိ​၏​။ ဆိုးယုတ်​သော​သူ​၏​နှုတ်​မူကား ဖောက်ပြန်လွဲမှား​သော​အရာ​များ​ကို​သာ သိ​၏​။


ပညာရှိ​သော​သူ​တို့​၏​လျှာ​သည် အသိပညာ​ကို​ထုတ်ဖော်​တတ်​၏​။ မိုက်မဲ​သော​သူ​တို့​၏​နှုတ်​မူကား မိုက်မဲ​ခြင်း​ကို​သွန်ထုတ်​တတ်​၏​။


ဖြောင့်မတ်​သော​သူ​၏​စိတ်နှလုံး​သည် မည်သို့​ဖြေကြား​ရ​မည်​ကို တွေးဆ​တတ်​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​နှုတ်​မူကား မကောင်း​သော​အရာ​များ​ကို သွန်ထုတ်​တတ်​၏​။


သင်​၏​စိတ်နှလုံး​ကို သတိဝီရိယ​ရှိသမျှ​နှင့် ထိန်းသိမ်းစောင့်ရှောက်​လော့​။ အကြောင်းမူကား ၎င်း​သည် အသက်​၏​အရင်းအမြစ်​ဖြစ်​၏​။


ဆိုးညစ်​သော​သူ​နှင့် ယုတ်ညံ့​သော​သူ​သည် ကောက်ကျစ်​သော​နှုတ်​ဖြင့်​လှည့်လည်​သွားလာ​ကာ


မြွေဆိုး​အမျိုး​တို့၊ သင်​တို့​သည် မကောင်း​သော​သူ​များ​ဖြစ်​ကြ​လျက် ကောင်း​သော​အရာ​ကို မည်သို့​ပြောဆို​နိုင်​မည်နည်း။ အကြောင်းမူကား စိတ်နှလုံး​၌​ပြည့်လျှံ​နေ​သည့်​အရာ​ကို နှုတ်​က​ပြောဆို​တတ်​၏။


ခံတွင်း​သို့​ဝင်​သော​အရာ​သည် လူ​ကို​ညစ်ညူး​စေ​သည်​မ​ဟုတ်။ ခံတွင်း​မှ​ထွက်လာ​သော​အရာ​က​သာ လူ​ကို​ညစ်ညူး​စေ​၏”​ဟု မိန့်​တော်မူ​၏။


ခံတွင်း​သို့​ဝင်​သမျှ​သော​အရာ​သည် ဝမ်း​ထဲသို့​ရောက်​ပြီးလျှင် ရေအိမ်​ထဲ​စွန့်​ခြင်း​ခံရ​သည်​ကို သင်​တို့​မ​သိ​ကြ​သလော။


တစ်ဖန် ကိုယ်တော်​က“လူ့​အတွင်းမှ​ထွက်လာ​သော​အရာ​သည် လူ​ကို​ညစ်ညူး​စေ​၏။


သခင်​က​လည်း ‘ဆိုးညစ်​သော​အစေအပါး၊ သင်​၏​နှုတ်ထွက်​စကား​အတိုင်း သင့်​ကို ငါ​စီရင်​မည်။ ငါ​သည် မ​ထည့်သွင်း​ထား​သော​အရာ​ကို​ထုတ်ယူ​၍ မ​စိုက်ပျိုး​သည့်​အရာ​ကို ရိတ်သိမ်း​တတ်​သည့် စည်းကမ်းကြီး​၍​တိကျ​သော​သူ​ဖြစ်​ကြောင်း သင်​သိ​သည်​မှန်​လျှင်


‘​ဆိုးယုတ်​သော​သူ​ထံမှ ဆိုးယုတ်​သော​အမှု ထွက်​တတ်​၏​’​ဟူသော ရှေး​ဆိုရိုး​ရှိ​ပါ​၏​။ အကျွန်ုပ်​မူကား အရှင်မင်းကြီး​ကို ဆန့်ကျင်​တိုက်ခိုက်​မည်​မ​ဟုတ်​ပါ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ