ဗာလကျောက်တိုင်ကို ဖြိုဖျက်ပစ်ပြီး ဗာလဝတ်ကျောင်းကိုလည်း ဖြိုဖျက်ကာ ထိုနေရာကို အလေးအပေါ့စွန့်ရာနေရာအဖြစ် ယနေ့တိုင် ထားရှိလေ၏။
မဿဲ 15:17 - မြန်မာ့စံမီသမ္မာကျမ်း ခံတွင်းသို့ဝင်သမျှသောအရာသည် ဝမ်းထဲသို့ရောက်ပြီးလျှင် ရေအိမ်ထဲစွန့်ခြင်းခံရသည်ကို သင်တို့မသိကြသလော။ Common Language Bible ခံတွင်းသို့ဝင်သောအရာဟူသမျှသည်အစာ အိမ်သို့ရောက်ပြီးနောက် အိမ်သာတွင်းသို့သက်ဆင်း သွားသည်ကိုသင်တို့မသိပါသလော။- Garrad Bible ခံ တွင်း က ဝင် သော အ ရာ သည် ဝမ်း သို့ ရောက်၍ အိမ် သာ တွင် စွန့် ရ သည် ကို မ သိ မ မြင် ကြ လော။ Judson Bible ခံတွင်းသို့ဝင်သမျှသည် ဝမ်းထဲသို့ဆင်း၍ ရေအိမ်တွင် စွန့်ပစ်သည်ကို နားမလည်ကြသေးသလော။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ခံတွင်းသို့ ဝင်သမျှသောအရာသည် ဝမ်းထဲသို့ရောက်၍ ရေအိမ်သို့စွန့်ရသည်ကို နားမလည်သလော။ မြန်မာ ခံတွင်းသို့ဝင်သမျှသည် ဝမ်းထဲသို့ဆင်း၍ ရေအိမ်တွင် စွန့်ပစ်သည်ကို နားမလည်ကြသေးသလော။- |
ဗာလကျောက်တိုင်ကို ဖြိုဖျက်ပစ်ပြီး ဗာလဝတ်ကျောင်းကိုလည်း ဖြိုဖျက်ကာ ထိုနေရာကို အလေးအပေါ့စွန့်ရာနေရာအဖြစ် ယနေ့တိုင် ထားရှိလေ၏။
ခံတွင်းမှထွက်လာသည့်အရာများမူကား စိတ်နှလုံးထဲမှထွက်လာပြီး လူကိုညစ်ညူးစေ၏။
အကြောင်းမူကား ထိုအရာသည် လူ၏စိတ်နှလုံးထဲသို့ ဝင်သည်မဟုတ်။ ဝမ်းထဲသို့ဝင်ပြီးလျှင် ရေအိမ်ထဲသို့ရောက်သွား၏”ဟု မိန့်တော်မူလျက် အစာအားလုံးစင်ကြယ်ကြောင်းဖော်ပြတော်မူ၏။
ကောင်းသောသူသည် ကောင်းသောအရာကို ကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်ထဲမှ ထုတ်ဖော်တတ်၏။ မကောင်းသောသူသည်လည်း မကောင်းသောအရာကို မကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်ထဲမှ ထုတ်ဖော်တတ်၏။ အကြောင်းမူကား စိတ်နှလုံး၌ပြည့်လျှံနေသည့်အရာကို နှုတ်ကပြောဆိုတတ်၏။
အစာသည် ဝမ်းအတွက်ဖြစ်၏။ ဝမ်းသည်လည်း အစာအတွက်ဖြစ်၏။ သို့သော် ဘုရားသခင်သည် ထိုအရာနှစ်မျိုးစလုံးကို ဖျက်ဆီးတော်မူလိမ့်မည်။ ကိုယ်ခန္ဓာသည် တရားနှင့်မညီမေထုန်ပြုရန်အတွက်မဟုတ်ဘဲ သခင်ဘုရားအတွက်ဖြစ်၏။ သခင်ဘုရားသည်လည်း ကိုယ်ခန္ဓာအတွက်ဖြစ်တော်မူ၏။
လျှာသည် မီးဖြစ်၏။ မတရားမှု၏လောကလည်းဖြစ်၏။ လျှာသည် ငါတို့၏အင်္ဂါအစိတ်အပိုင်းထဲက တစ်ခုဖြစ်ပြီး ကိုယ်ခန္ဓာတစ်ခုလုံးကို ညစ်ညူးစွန်းထင်းစေလျက် ဘဝတစ်ခုလုံးကို လောင်ကျွမ်းစေကာ မိမိသည်လည်း ငရဲမီး၏လောင်ကျွမ်းခြင်းကိုခံရ၏။